You are here
Home > Posts tagged "Issue 34"

ငါးလအတွင်း ကုန်သွယ်မှု ယမန်နှစ်ကထက် ပိုမိုကုန်သွယ်နိုင်ခဲ့

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ပထမငါးလအတွင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏ အလားတူကာလကထက် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ သြဂုတ်လကုန်အထိ ၅ လအတွင်း ပြည်ပသို့ ပို့ကုန်ဒေါ်လာ ၅၀ ဘီလီယံကျော် တင်ပို့ခဲ့ပြီး သွင်းကုန်ဒေါ်လာ ၇၃.၅ ဘီလီယံ တင်သွင်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂.၃ ဘီလီယံကျော်ခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။ “ဒီနှစ်မှာတော့ လျာထားချက်ထက် ပိုပြီး ကုန်သွယ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုလည်း

ကျပ် ၁၀၀ ဘီလီယံဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ၀ယ်ယူမည်ဟုဆို

ကျပ် ၁၀၀ ဘီလီယံဖြင့် ရန်ပုံငွေထူထောင်ပြီး အခြေခံ ဈေးနှုန်းသတ်မှတ်၍ မတ်ပဲနှင့် ပဲစင်းငုံဝယ်ယူမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ငွေကြေးစုဆောင်းမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။ အဆိုပါကျပ် ၁၀၀ ဘီလီယံကို အစိုးရမှ ၅၀ ဘီလီယံနှင့် ပုဂ္ဂလိကမှ ကျပ် ၅၀ ဘီလီယံစုပေါင်းပြီး အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူမည်ဖြစ်ပြီး ရန်ကုန်တိုင်းရှိပဲလုပ်ငန်းရှင်များသာမက အခြားတိုင်းနှင့် ပြည်နယ်များရှိ လုပ်ငန်းရှင်များကို ငွေကြေးထည့်ဝင်နိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်၍ ထည့်ဝင်စေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ငွေကြေးစုဆောင်းမှု က စက်တင်ဘာလ ၄ ရက်နေ့ကနေ

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်မည့် လယ်ယာမြေစာရင်းကို ကောက်ယူ

ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာမီအကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပါဝင်မည့် လယ်ယာမြေစာရင်းကို ကောက်ယူလျက်ရှိသည်ဟု တွံတေးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်အတွက် လယ်ယာမြောရင်းကို ကောက်ယူလျက်ရှိရာတွင် လယ်မြေပိုင်ရှင်များအနေဖြင့် လယ်မြေပိုင်ဆိုင်ကြောင်း ပုံစံ ၇ သို့မဟုတ် ပြေစာစာရွက်ပြရန် လိုအပ်ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သော လယ်မြေများသည် အုပ်ချုပ်ပိုင်းမှ ပိုင်ဆိုင်သော လယ်ယာမြေများရှိသလို ဒေသခံလယ်သမားများပိုင်ဆိုင်သော လယ်ယာမြေများလည်းရှိကြောင်း၊ အချို့လယ်ယာမြေများသည် ဒေသခံများက အခြားသူများထံရောင်းချထားပြီးဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်းရန် ကြေညာထားကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မြို့ သစ်စီမံကိန်းကို ယခုနှစ် နွေရာသီမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံကိန်းအသုံးပြု မယ့် လယ်ယာမြေတွေအတွက် လယ်ယာမြေတွေကို မြို့မြေသတ်မှတ်ထားတဲ့

သီလ၀ါအများပိုင် ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်

သီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ၏ အမြတ်ငွေများကို ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ သီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ၏ ၁၆.၃၆ ဘီလီယံကို ကျောက်ဖြူအထူးစီးပွားရေးဇုန်အပြင် ကုန်ပစ္စည်းသိုလှောင်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်း၊ အခြေခံအဆောက် အအုံ၊ လျှပ်စစ်ဓာတ်အားပေးရုံများတွင် တိုးချဲ့လုပ်ကိုင်ရန် ဆန်းစစ်လေ့လာမှုများကို ပြုလုပ်နေကြောင်းနှင့် ယင်းသို့ ဆန်းစစ်လေ့လာမှုပြုလုပ်ခြင်းသည် သီလ၀ါအထူးစီးပွားရေးဇုန်၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော ထောက်ပံ့မှုများဖြစ်လာမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။ “ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ အခြားလုပ်ငန်းသစ်တွေကို တိုးချဲ့ရင်းနှီးမြှုပ်နှံဖို့ အသေးစိတ်ကို ဒါရိုက်တာအဖွဲ့က မဆုံးဖြတ်ရသေးပါဘူး။ ကုမ္ပဏီနှစ်ပတ်လည်မှာ ဆုံးဖြတ်ပြီးမှ အသေးစိတ်ထုတ်ပြန်မှာပါ” ဟု သီလ၀ါအထူးစီးပွားရေးဇုန် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးသိန်းဟန်က ပြောသည်။

ရန်ကုန်စတော့ အိတ်ချိန်း ဈေးကွက် အရောင်းအ၀ယ်မြင့်တက်လာ

ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်ရှိ အများပိုင် ကုမ္ပဏီ ၄ ခု၏ စတော့ ရှယ်ယာရောင်းချနိုင်မှုသည် ဇူလိုင်လအတွင်း ကျပ် ၁.၃ ဘီလီယံအထိသာ ရှိခဲ့သော်လည်း သြဂုတ်လအတွင်း အစုရှယ်ယာကျပ် ၂.၃ ဘီလီယံဖိုး အရောင်းအ၀ယ်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ရန်ကုန်စတော့ အိတ်ချိန်း ဈေးကွက်တွင် သြဂုတ်လအတွင်း ရောင်းချနိုင်ခဲ့သော အစုရှယ်ယာပမာဏ သည် လွန်ခဲ့သည့် ၅ လ အတွင်း အများဆုံးရောင်းချနိုင်ခဲ့သည့် ပမာဏဖြစ်ကြောင်း၊ သီလ၀ါအများပိုင်ကုမ္ပဏီနှင့် ပထမပုဂ္ဂလိက ဘဏ်တို့၏ အစုရှယ်ယာရောင်းအားသည် နှစ်ဆခန့်မြင့်တက်လာကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သီလ၀ါရှယ် ယာက ဇူလိုင်လမှာ ကျပ်သန်း ၄၀ ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့ပေမယ့် သြဂုတ်လမှာ ကျပ်သန်း ၇၂၀

၂ နှစ်အတွင်း မြန်မာ့ကော်ဖီတစ်တန်လျှင် ဒေါ်လာ ၄၉၀၀ မှ ၇၀၀၀ အထိ ရရှိလာ

မြန်မာ့ကော်ဖီသည် နိုင်ငံတကာတွင် ဈေးကွက်ကျယ်ပြန့်လာခြင်းကြောင့် ၂ နှစ်အတွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀၀ မှ ၇၀၀၀ အထိ ရရှိလာခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအဖွဲ့မှ သိရသည်။ မြန်မာ့ကော်ဖီများကို အမေရိကန်၊ ဂျပန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အိုက်စလန်၊ သြစတြေးလျ၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ရုရှားနှင့် နယ်သာလန် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အရေအသွေးမြင့် မြန်မာ့ကော်ဖီ များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ကော်ဖီစိုက်ပျိုးသူများအနေဖြင့် GAP လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထား၍ လက်မှတ်ရယူနိုင်ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “GAP ကို အာဆီယံနဲ့ ကမ္ဘာလုံးဆိုင်ရာ GAP အချက်အလက်တွေပေါ်မူတည်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့်

သီလ၀ါဆိပ်ကမ်းတွင် တည်ဆောက်နေသော ကောက်ပဲသီးနှံတံတား တည်ဆောက်မှု နိုဝင်ဘာလတွင် ပြီးစီးမည်

သီလ၀ါဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေကွက်အမှတ် ၂၁ နှင့် ၂၂ တွင် တည်ဆောက်နေသော အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား တည်ဆောက်မှုသည် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကောက်ပဲသီးနှံတံတားတည်ဆောက်မှုကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ နှစ်ရှည်မြေဂရန်ငှားရမ်းခြင်းနှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဆိပ်ခံ တံတားနှင့် အဆောက်အအုံများတည်ဆောက်နေပြီဖြစ်ကြောင်း၊ အထက်ပါ ကောက်ပဲသီးနှံတံတား တည်ဆောက်မှုလုပ်ငန်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နိုဝင်ဘာလတွင် ပြီးစီးမည်ဟု ဆိပ်ခံတံတားတည်ဆောက်မှုလုပ်ငန်းကို ဆောင်ရွက်နေသော Wilmar Myanmar Post Terminals (သီလ၀ါ) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆိပ်ခံတံတားတည်ဆောက်မှုက လက်ရှိမှာ ၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ စက်ရုံနဲ့

မြန်မာနိုင်ငံအိမ်ခြံမြေ အရောင်းပြပွဲ ကျင်းပမည်

တစ်လလျှင် ငွေကျပ်နှစ်သိန်းပေးသွင်းရုံဖြင့် အိမ်ဝယ်ယူနိုင်မည့် အစီအစဉ်များ ပါဝင်သော မြန်မာနိုင်ငံအိမ်ခြံမြေအရောင်းပြပွဲကို ရန်ကုန်မြို့ရှိတပ်မတော်ခန်းမတွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိမ်ခြံမြေပြပွဲတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၅၀ ကျော်ပါဝင်ပြသမည်ဖြစ် ပြီး ပြပွဲတွင်း ကျပ်သိန်း ၁၀၀ ကျော်မှ စသော တိုက်ခန်းနှင့် မြေကွက်များ၊ ကျပ် သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀ ကျော်အထိ ကွန်ဒိုများ၊ တစ်နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်သည့် အိမ်ခြံမြေ အရောင်းပြခန်းများ၊ အထူး

မော်ဒယ်နိမ့် YBS ယာဉ် ၁၈၀ ကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံ

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော မော်ဒယ်နိမ့် YBS ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုထားရာတွင် စက်တင်ဘာလ ၆ ရက်နေ့အထိ ၁၉၉၆ မော်ဒယ်၊ ၁၉၉၇ မော်ဒယ်နှင့် ၁၉၉၈ မော်ဒယ် ကားအစီးရေး ၁၈၀ အထိ လာရောက် အပ်နှံထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော မော်ဒယ်နိမ့် YBS ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အထူးစီမံချက်အဖြစ် လူစီးစလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းခရီးသည်တင်ကားအဟောင်းများ အပ်နှံပြီးပါက တိုင်းအစိုးရ အဖွဲ့အနေဖြင့် အပ်နှံထားသော ကားများနေရာတွင် အသစ်ဝယ်ယူထားသော ကားများဖြင့် အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။ “အပ်နှံဖို့ ခွင့်ပြုထားတဲ့ ကားတွေက ၉၆၊

ပြည်တွင်းပဲစားသုံးမှု မြင့်တက်လာရန် ပဲစားပွဲတော်ကျင်းပမည်

မြန်မာ့ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့လျက်ရှိနပြီး ပြည်ပဈေးကွက်သာမက ပြည်တွင်းဈေးကွက်မြင့်တက်လာရန်အတွက် ပဲစားပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်က ပြောသည်။ မြန်မာ့ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိရာတွင် အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ပြည်ပပို့ကုန်ပဲမျိုးစုံ ဈေးကွက်ထိခိုက်လာသည်ဖြစ်၍ ယင်း ပြဿနာအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ရေတိုရေရှည်နည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပဲစားသုံးမှုမြင့်တက်လာရန်အတွက် ပဲစားပွဲတော်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပဲက ပရိုတင်းဓာတ်အများဆုံးပါတဲ့ သီးနှံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဘာသာရေးအရ သက်သက်လွတ်စားတော့ ပဲကို အဓိက ထားပြီး စားကြတယ်။ သူတို့ရဲ့ထွားကြိုင်းမှုတွေကို ပြန်ကြည့်ရင် ကျွန်တော်တို့ ထက်သာပါတယ်။ ပဲစားသုံးမှုရဲ့ ထိရောက်မှုတွေကို သတိထားမိလာအောင် ပညာပေးလုပ်ငန်း

Top