You are here
Home > Posts tagged "Issue 32"

OTC ဈေးကွက်ကို ခွင့်မပြုနိုင်သေးဟုဆို

ရန်ကုန်စတော့အိတ်ချိန်း၏ စံသတ်မှတ်ချက်များကြောင့် စတော့ အိတ်ချိန်းသို့ မ၀င်ရောက်သေးသော ကုမ္ပဏီများအနေဖြင့် ပြင်ပတွင် ရှယ်ယာ ရောင်းချနိုင်မည့် OTC ဈေးကွက်ကို လက်ရှိနှစ်များအတွင်း ခွင့်မပြုနိုင်သေးဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနတွင် မှတ်ပုံတင်ထားသော အများပိုင်ကုမ္ပဏီ ၅၅ ခု ရှိပြီး ယင်း ကုမ္ပဏီများသာ အများပြည်သူများကို ရှယ်ယာရောင်းချခွင့်ရှိကြောင်း၊ ယင်းကုမ္ပဏီများအနေဖြင့် ရှယ်ယာထုတ် ရောင်းမည်ဆိုပါက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တွင် ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကုမ္ပဏီအချို့က ပြီးခဲ့တဲ့လတုန်းက ခွင့်ပြုချက်မရှိဘဲ မက်လုံးပေးပြီး တရားမ၀င်ရှယ်ယာထုတ်ရောင်းချမှုတွေ ရှိခဲ့ပါတယ်။ ပြင်ပမှာ ရှယ်ယာထုတ်ရောင်းချနိုင်မယ့် OTC ဈေးကွက် က လက်ရှိနှစ်တွေမှာတော့ ခွင့်ပြုနိုင်ဖို့ မရှိသေးပါဘူး”

ခိုင်မာသော ဈေးကွက်ရရှိရန် လက်ဖက်တောင်သူများ အစုအဖွဲ့ဖွဲ့စည်း

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လက်ဖက်စိုက်တောင်သူများအနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ပြီး ခိုင်မာသော ဈေးကွက်ရရှိရန်အတွက် လက်ဖက်စိုက်တောင်သူများအစုအဖွဲ့ကို သြဂုတ်လ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စပါးကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး လက်ဖက်ကို ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိရာတွင် ထုတ်လုပ်ရောင်းချမှုဈေးကွက်မရှိခြင်းကြာင့် ထုတ်လုပ်ရောင်းချမှု နည်းပါခဲ့ကြောင်း၊ ယခုဖွဲ့စည်းလိုက်တေသာ အစုအဖွဲ့မှ လက်ဖက်စိုက်တောင်သူအချင်းချင်း စိုက်ပျိုးရေးနည်းစနစ်နှင့် တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်မှုကို စုပေါင်းဆောင်ရွက်ပြီး ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ဖက် စိုက်တောင်သူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လက်ဖက်ကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ရေးနဲ့ ခိုင်မာတဲ့ ဈေးကွက်ရရှိအောင် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့

ပြည်တွင်းရွှေဈေး မြင့်တက်နေ၍ အရောင်းအ၀ယ်ပါးနေ

ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်နေခြင်းကြောင့် မြန်မာ့ ရွှေဈေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉ သိန်းကျော် အထိပေါက်ဈေးရှိနေခြင်းကြောင့် ရွှေအရောင်းအ၀ယ် နည်းပါးနေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။ မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၁၆ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၀၉၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ကျပ် ၉၂၀၀၀၀ အထိ မြင့်တက်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ တွင် ကျပ် ၉၁၇,၀၀၀ သို့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်း ရွှေဈေးမြင့်တက်နေခြင်းကြောင့် ရွှေအရောင်းအ၀ယ် နည်းပါနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “လက်ရှိမြန်မာ့ရွှေဈေးက စံချိန်တင်အမြင့်ဆုံး ဖြစ်နေတယ်။ ရုတ်တရက်ရွှေဈေးမြင့်တက်နေလို့ အရောင်းအ၀ယ်ပါးနေတာပါ။ ရွှေဈေး မြင့်နေတဲ့အပြင်

မိုးရာသီမြန်မာ့ ရိုးရာ အစားအသောက် ဈေးရောင်းပွဲတော် ကျင်းပမည်

နိုင်ငံအတွင်း နိုင်ငံခြားစားသောက်ဆိုင်များ ဖွင့်လှစ်မှုနှင့် စားသောက်မှု များပြားလာခြင်းကြောင့် မြန်မာ့မုန့်များကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိစေရန်အတွက် မိုးရာသီမြန်မာ့ရိုးရာအစားအသောက်ဈေးရောင်း ပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပဒုမ္မာမြန်မာ စားသောက် ဆိုင်မှ ဒေါ်မီးမီးလေးက ပြောသည်။ တိုင်းရင်းရိုးရာအဆိုပါ ဈေးရောင်းပွဲတော်တွင် တိုင်းရင်းရိုးရာအစားအသောက်များ၊ မြန်မာမုန့်နှင့် လက်ဖက်အမျိုးမျိုးကို ရောင်းချသော ရိုးရာစားသောက်ဆိုင် ၁၂ ဆိုင်ပူးပေါင်း၍ ပဒုမ္မာ စားသောက်ဆိုင်တွင် နံနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိ ရောင်းချမည်ဖြစ်ပြီး ယင်းဈေးရောင်းပွဲတော်တွင် အနည်းဆုံးကျပ် ၃၀၀ မှ အများဆုံးကျပ် ၃၀၀၀ ကျော် တန်ဖိုးရှိသည့် အစားအသောက်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) လာမည့်နှစ်လယ်တွင် ပြီးစီးမည်

သီလ၀ါအထူးစီးပွာရေးဇုန် အပိုင်း (ခ) တည်ဆောက်နေမှုသည် လာမည့် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်သီလ၀ါဖွံ့ဖြိုးရေး လီမိတက်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) သည် အောင်မြင်မှုများရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများအကြား အထူးစိတ်ဝင်စားခဲ့သောကြောင့် အပိုင်း (ခ) ကိုလည်း အောင်မြင်မှုရရှိစေရန် အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၁၀၁ ဟတ်တာ ဧရိယာ ကျပ်ဝန်းသော အပိုင်း (ခ) ကို ၂၀၁၆ ခုနှစ် နှစ်လယ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ နှစ်လယ်ပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း ၎င်းက ပြောသည်။ “ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေကို ယခုနှစ်လယ်ပိုင်းက စတင်ပြီး မြေနေရာငှားရမ်းနိုင်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအတွက် တစ်မီတာ

အိန္ဒိယမှ မတ်ပဲနှင့် ပဲတီစိမ်း အ၀ယ်ကန့်သတ်မှုကြောင့် ပဲဈေးကွက် မတည်မငြိမ်ဖြစ်နေ

အိန္ဒိယနိုင်ငံမှ မြန်မာ့ပဲများကို ၀ယ်ယူရာတွ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် ၃ သိန်းခန့်သာ ၀ယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မြန်မာပဲဈေးကွက် မတည်မငြိမ်ဖြစ်နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံကို ပြီးခဲ့သ်ည့အပတ်မှစတင်၍ အ၀ယ်ပိတ်လိုက်ခြင်းကြောင့် ယင်းအချိန်မှစ၍ ပဲဈေးကွက် စတင်ဂယက်ရိုက်ခဲ့ကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ပြည်ပမှ ပဲဝယ်ယူမှုကို ကန့်သတ်လိုက်ခြင်း ကြောင့် မြန်မာ့ပဲဈေးကွက် မငြိမ်မသက်ဖြစ်နေပြီး တရုတ်ဝယ်လက်များက ပဲများကို ဈေးနှိမ်ဝယ်ယူမှုများရှိ လာကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။ “ဘုရင့်နောင် ကုန်စည်ဒိုင်၊ ပခုက္ကူကုန်စည်ဒိုင်နဲ့ အခြားကုန်စည် ဒိုင်တွေ ပဲဈေးကွက် ပိတ်လိုက်ရတဲ့အထိ ဖြစ်နေတယ်။ ပဲဈေးကွက် ပိတ်ရမယ်ဆိုရင် ပဲကုန်သည်တွေတင် မကပါဘူး။ တောင်သူတွေပါ နစ်နာမှာပါ။ ဒါကြောင့် ဈေးကွက်ကို

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန် နိုင်ငံအချို့ ကမ်းလှမ်းထားဟုဆို

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအချို့နှင့် မိတ်ဖက်နိုင်ငံအချို့တို့ ကမ်းလှမ်းထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောသည်။ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးသည် နှစ်လမ်းသွားလမ်းမကြီးဖြစ်ပြီး စုစုပေါင်း ၃၆၆ မိုင်ကျော်ရှည်လျားပြီး အကြီးစားပြင်ဆင်တိုးချဲ့မည်ဆိုပါက ငွေကျပ် ၅၀၀ ဘီလီယံအထိ ကုန်ကျနိုင်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို တစ်ဖက်လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ဖို့ လက်ရှိပြည်ထောင်စု ရန်ပုံငွေထဲက ဆောင်ရွက်ဖို့မဖြစ်နိုင်သေးပါဘူး။ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်တွင်းပြည်ပက ကုမ္ပဏီတွေနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံတို့က ကမ်းလှမ်းထား တာတွေတော့ ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အမြန်လမ်းမကြီးကို အဆင့်မြှင့်တင်ဖို့ မဖြစ်နိုင် သေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို

H1N1 ဖြစ်ပွားသူ ၃၁၇ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း သတင်းထုတ်ပြန်

နိုင်ငံတစ်ဝန်းတွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလက္ခဏာပြသသူ ၈၄၈ ဦး၊ H1N1 ဖြစ်ပွားသူ ၃၁၇ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သြဂုတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ H1N1 ပိုး တွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် ယနေ့အထိသေဆုံးသူ ၂၁ ဦးရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် H1N1 ပိုးတွေ့လူနာအဖြစ် ဆေးရုံတက်ရောက် ကုသသူဦးရေ သိသာစွာကျဆင်းလာကြောင်း၊ ပြည်သူများအနေဖြင့် မိမိတွင် ရာသီတုပ်ကွေးရောဂါလက္ခဏာများ ခံစားရသည်ဟု သံသယရှိပါက နီးစပ်ရာပြည်သူ့ဆေးရုံများသို့ အချိန်မီသွားရောက်ဆေးကုသမှုခံယူရန်နှင့် မိမိထံမှ အခြားသူများသို့ ရောဂါ ကူးစက်မှုမရှိစေရန် မိမိကိုယ်တိုင်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး

ရန်ကုန်မြို့တော်သန့်ရှင်းရေး ပရဟိတအဖွဲ့ ၃၈ ဖွဲ့ စုပေါင်းအမှိုက်ကောက်မည်ဟုဆို

ပြည်သူများအနေဖြင့် အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်စေရန် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့တော်သန့်ရှင်းလှပဖို့ အားလုံး ပူးပေါင်းပါဝင်စို့ ခေါင်းစဉ်ဖြင့် သြဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့အတွင်း ပရဟိတအဖွဲ့ ၃၈ ဖွဲ့မှ စုပေါင်းအမှိုက်ကောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လက်ထောက်ဌာနမှူးက ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ လူစည်ကားသည့်နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပြည်သူတွေအနေနဲ့ အမှိုက်ကို စနစ်တကျစွန့်ပစ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်လေးတွေ ၀င်လာအောင် အသိပညာပေးလုပ်ငန်းတွေ ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေ လျော့နည်းသွားတာကို တွေ့ရပါတယ်။ တိုးတက်အောင်မြင်မှုတွေ ရှိတယ်လို့ ယူဆရပါတယ်။ စည်ပင်နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး

စင်ကာပူဈေးကွက်တွင် သကြားသုံးစွဲမှု ကန့်သတ်ရန် Coca-Cola နှင့် PepsiCo အပါအ၀င် အချိုရည် ကုမ္ပဏီ များ သဘောတူညီ

စင်ကာပူဈေးကွက်တွင် ရောင်းချမည့် အချိုရည်များတွင် သကြားပါဝင်မှုကို ကန့်သတ်ရန် Coca-Cola နှင့် Pepsico အပါအ၀င် နာမည်ကြီးအချိုရည်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများက သဘောတူညီခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်မှာ စင်ကာပူနိုင်ငံတာဝန်ရှိသူများ ဦးဆောင်ပြုလုပ်သည့် ဆီးချိုရောဂါ တိုက်ဖျက်ရေးကမ်ပိန်းအစီအစဉ်မှ ထွက်ပေါ်လာသော ရလဒ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ စင်ကာပူသည် အချိုရည်များတွင် သကြားပါဝင်မှုကို လျှော့ချရန် ကြိုးစားလာခဲ့သည့် အာရှတိုက်၏ပထမဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အနောက်နိုင်ငံကြီးများနည်းတူ ဆီးချိုရောဂါနှင့် ပတ်သက်သည့် ဆိုးကျိုးများကို တိုက်ဖျက်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဈေးကွက်တွင်လည်း Coca-Cola နှင့် PepsiCo တို့အပါအ၀င် အချိုရည်ထုတ်လုပ်သော ကုမ္ပဏီကြီးများသည် သကြားအသုံးပြုခြင်းကို လျှော့ချလာကြပြီး ဖောက်သည်များအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော အချိုရည်များကို ဦးစားပေးထုတ်လုပ်လျက်ရှိနေသည်။ ပြီးခဲ့သော

Top