You are here
Home > Posts tagged "Issue 31"

မြန်မာ့လူဦးရေအတွက် အိမ်/တိုက်ခန်း ၅ သန်းနီးပါး လိုအပ်မည်ဟုဆို

လာမည့် ၂၀၄၀ ပြည့်နှစ်၌ တိုးပွားလာမည့် မြန်မာ့လူဦးရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ်နှင့် တိုက်ခန်း ၄.၈ သန်း လိုအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိမ်ရာဖွံ့ဖြိုးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလွင်ဦးက ပြောသည်။ ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း တိုးပွားခဲ့သော လူဦးရေ တိုးနှုန်းကို အခြေခံ၍ ၂၀၄၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်မည့် အိမ်နှင့် တိုက်ခန်းအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားကြောင်း၊ ၁၉၈၃ ခုနှစ်၌ မြန်မာ့ လူဦးရေသည် ၃၅ သန်းကျော်သာရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၅၁ သန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း၊ ယင်းနှုန်းထားအတိုင်း တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ သန်း

ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသော ကွန်ဒိုနည်းဥပဒေ ကို ယခုလကုန်တွင် ထုတ်ပြန်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။ ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ရန်အတွက် လိုအပ်နေသည့် ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ကွန်ဒိုနည်းဥပဒေသည် လက်ရှိတွင် ရှေ့နေချုပ်ရုံးကို ရောက်ရှိနေပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရရုံး သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယင်း ဥပဒေပါအချက်အလက်များအရ ၆ လွှာနှင့် အထက်မှ စတင်၍ နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်းဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မှာ ကွန်ဒိုဝယ်ဖို့ ကွန်ဒိုနည်းဥပဒေကို စောင့်မျှော်နေတဲ့ နိုင်ငံခြားသားပေါင်း သောင်းဂဏန်းလောက်ရှိပါတယ်။ မကြာမီမှာ နည်းဥပဒေထွက်လာမှာဆိုတော့ ကွန်ဒိုဈေးကွက်က

မန္တလေးအိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ဦးပိုင်မြေကွက်များကို ဂရန်ခွဲစိတ် လျှောက်ထားခြင်းအား ပယ်ဖျက်ထားပြီး စတုရန်းပေ ၁၂၀၀ အောက်မြေကွက် မြေများကို ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာသည်ဟု မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဧရိယာစတုရန်းပေ ၁၂၀၀ အောက်ရှိပြီး မြေကွက်ပေါ် တွင် အဆောက်အအုံဖြင့်နေထိုင်ခြင်း ၀င်လမ်းထွက်လမ်းကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ် ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက မြေတည်ရှိရာမြို့နယ်၊ မြေအမျိုးအစားအလိုက် မြေဂရန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း နှင့် မန္တလေး စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲ မှုဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ “မြေကွက်ငယ်တွေကို အမည်ပေါက်လုပ်ခွင့်ပြုတဲ့အတွက် မြေယာနဲ့ ဆိုင်တဲ့

မန္တလေးမြို့တိုက်ခန်းရောင်းဝယ်နှုန်းထား သတ်မှတ်

မန္တလေးမြို့တွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ အတွင်းရှိ တိုက်ခန်းများရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ စံနှုန်းသတ်မှတ်ချက်များကို သြဂုတ်လ ပထမပတ်တွင် အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းအစိုးရအဖွဲ့မှ တိုက်ခန်းစံနှုန်း (ရာဖြတ်တန်ဖိုး)များကို သတ်မှတ်ထုတ်ပြန်ရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုက်ခန်းများအတွက် လမ်းကျယ်၊ လမ်းမ၊ အခန်းနှင့် အခန်းအကျယ်အ၀န်းများအလိုက် ဈေးနှုန်းသတ်မှတ်ခြင်းမှာ အများဆုံးကျပ် ၅၁၈ သိန်းမှ အနည်းဆုံးကျပ် ၆၅ သိန်းအတွင်း ရှိနေကြောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် (၁) ဧရိယာအတွင်း၌ ၇၃ လမ်းမျက်နှာမူထားသော ၄ ထပ်အဆောက်အအုံသည် ကျပ် ၇၄၀၀ သန်းကျော်မှ ကျပ် ၈၄၂၄ သန်း အထိ သတ်မှတ်ထားပြီး အတွင်းပိုင်းကို ကျပ် ၃၅၅၇

နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ ၀င်ငွေလျာထားချက်အောက် လျော့နည်းနေ

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏၀င်ငွေသည် ပြည်ထောင်စု၏ စုစုပေါင်းရငွေလျာထားချက်ထက် လျော့နည်းနေကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှ သိရသည်။ နိုင်ငံပိုင်အဖွဲ့အစည်းများ၏ ရငွေခန့်မှန်းချက်သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု စုစုပေါင်းရငွေ၏ ၄၉ ရာခိုင်နှုန်းပါဝင်ကြောင်း နိုင်ငံပိုင်အဖွဲ့အစည်းများသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၆၁၉၄.၆၈၃ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၅၉၁၂.၈၁၉ ဘီလီယံသာ ရရှိခဲ့ကြောင်း၊ သို့သော် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်သည် ၉၉၂.၆၉၆ ဘီလီယံအထိ လျော့နည်းသုံးစွဲထားခြင်းကြောင့် အစိုးရအတွက် ခုသာခံသာရှိကြောင်း အထက်ပါ အစီရင်ခံစာမှ သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်း ကုမ္ပဏီများကို ၀င်ငွေခွန် ၅ ရာခိုင်နှုန်းလျှော့ချ

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအနေဖြင့် သက်သာခွင့်များ မနုတ်မီ အသားတင်အမြတ် ၏ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရခြင်းမှ ၂၀ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာထားသည်။ နိုင်ငံအတွင်း ငွေကြေးအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ ပေါ်ထွက်လာရေးအတွက် ယင်းသို့လျှော့ချပေးလိုက်ခြင်းဖြစ်ပြီး အခွန် ၅ ရာခိုင်နှုန်း လျှော့ချပေးပြီဖြစ်သည့်အပြင် ယခင်က အခွန်ဆောင်ထားခြင်းမရှိဘဲ ပြန်လည်ထမ်းဆောင်ပါက ပြစ်ဒဏ်များနှင့် တရားစွဲဆိုခံရမှုများမှာ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းအခွန်လျှော့ပေါ့မှုကို ယခု ဘဏ္ဍာရေးနှစ်မှ စတင် ၍ အသက်ဝင်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ “ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေအတွက် အခွန် ၅

သီလ၀ါစီးပွားရေးဇုန်ကို ဂျပန်လုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားလာဟု JETRO ပြော

သီလ၀ါအထူးစီးပွားရေးဇုန်၌ လျှပ်စစ်နှင့် ရေရရှိရန် လွယ်ကူနေခြင်းကြောင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာသည်ဟု JETRO မှ မန်နေဂျင်း ဒါရိုက်တာ မစ္စတာဟီရိုက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီးနှင့်ရေရရှိမှုကို ကိုယ်တိုင် လုပ်ဆောင်ရခြင်း၊ စက်မှုဇုန်မြေများကို မူလပိုင်ဆိုင်သူထံမှ ပြန်လည် ငှားရမ်းရခြင်းတို့ကြောင့် ဂျပန်လုပ်ငန်းရှင်များအနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန်၌သာ ရင်းနှီးမြှုပ်နှံလိုကြောင်း ၎င်းက ပြောသည်။ “သီလ၀ါ အထူးစီးပွားရေးဇုန်မှာက ရေ၊ လျှပ်စစ်နဲ့ အခြားလိုအပ်တဲ့ ၀န်ဆောင်မှုတွေက အဆင်သင့်ရှိနေတယ်။ လုပ်ငန်းရှင်အနေနဲ့ ထပ်ပြီးဆောင်ရွက်စရာ မလိုပါဘူး။ ဒါကြောင့် ဂျပန်လုပ်ငန်းရှင်တွေနဲ့ သီလ၀ါ စီးပွားရေး ဇုန်မှာ ရင်းနှီးမြှုပ်နှံလိုမှု

ရန်ကုန်အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ အနည်းငယ်သာရှိနေ

နေပြည်တော်၌ ကျင်းပပြုလုပ်သော ကျောက်မျက်ပြပွဲများ ပြုလုပ်ပြီးပါက ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပခဲ့သော ကျောက်မျက်ပြပွဲအပြီးတွင် ရန်ကုန် အိမ်ခြံ မြေဈေးကွက် အပြောင်းအလဲအနည်းငယ်သာ ရှိနေသည်ဟု ရန်ကုန်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်၌ ကျောက်မျက်ပြပွဲများ ကျင်းပပြီးစီးပါက ရန်ကုန် အိမ်ခြံမြေဈေးကွက် မြင့်တက်မှုများ ရှိခဲ့သော်လည်း ယခု ကျောက်မျက်ပြပွဲတွင် ယူရို သန်း ၅၀၀ ကျော်ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ခြင်းနှင့် ပြည်တွင်း စီးပွားရေး နှေးကွေးနေခြင်းတို့ကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ အနည်းငယ်သာ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ “ကျောက်မျက်ပြပွဲ တွေပြီးရင် အိမ်ခြံမြေအရောင်းအ၀ယ်ကောင်းခဲ့တာက ၂၀၁၂ ခုနှစ်ကတည်းက ကျန်ခဲ့ပါပြီ။ အခုအချိန်က အရောင်းအ၀ယ်

ဆန်၊ ပြောင်းတင်ပို့မှုမှ ၀င်ငွေတိုးမြင့်လာသော်လည်း အခြားလယ်ယာထွက်ကုန်များ ၀င်ငွေလျော့ကျနေ

ယခုဘဏ္ဍာရေးနှစ်၏ ၄ လကျော်ကာအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ပြောင်းတင်ပို့မှုမှ ၀င်ငွေတိုးမြင့်လာသော်လည်း အခြားလယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ၀င်ငွေလျော့ကျနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ ယခု ဘဏ္ဍာရေးနှစ်၏ ၄ လကျော် ကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံ ရရှိထားသော်လည်း ယခင်ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၀ ကျော် လျော့နည်းနေကြောင်း၊ လယ်ယာထွက်ကုန်ကဏ္ဍမှ ၀င်ငွေ လျော့နည်းနေခြင်းသည် ပဲမျိုးစုံဈေးနှုန်း ကျဆင်း နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုကဏ္ဍတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀င်ငွေနှစ်ဆကျော် ရရှိနေပြီး ပြောင်းဖူးစေ့တင်ပို့မှုတွင်လည်း ဒေါ်လာ သန်း ၃၀

ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထား

မြန်မာ့ရာဘာများကို ပြည်ပ၀ယ်လိုအား မြင့်တက်လာမှုနှင့်အတူ ဈေးကွက်သစ်များ ရရှိလာခြင်းတို့ ကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ရာဘာကုန်ကြမ်း ၁. ၄ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရာဘာများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နှစ်တုန်းက ၁.၄ သန်း တင်ပို့နိုင်ခဲ့တဲ့ အတွက် ဒီနှစ်မှာ ၁.၅ သန်း ကျော်အထိ တင်ပို့နိုင်ဖို့ မျှော်မှန်း ထားတယ်။ ဈေးကွက်သစ်ဖြစ်တဲ့ ဂျပန် နိုင်ငံကလည်း စတင်ဝယ်ယူလာပါပြီ။

Top