You are here
Home > Uncategorized

ကမ်းခြေမှ မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေဟုဆို

မြန်မာ့ကမ်းဝေးငါးဖမ်းလှေအများစုသည် ကမ်းခြေမှ ၁၀ မိုင်ဝန်းကျင်အထိသာ ငါးဖမ်းနေခြင်းကြောင့် မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဦးကျော်နိုင်က ပြောသည်။ မြန်မာ့ ကမ်းဝေးငါးဖမ်းလှေများ၏ အနေအထားသည် ကမ်းခြေမှ ၁၀ မိုင်ဝန်းကျင်ခန့်အထိသာ ဖမ်းဆီနိုင်ခြင်းကြောင့် နိုင်ငံတကာအဆင့်မီ ငါးဖမ်းလှေများဖြင့် မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ “လက်ရှိအသုံးပြုနေတဲ့ သစ်သားကိုယ်ထည်ငါးဖမ်းလှေတွေက ရေနက်ပိုင်းမှာ ငါးဖမ်းဖို့ အဆင်မပြေပါဘူး။ နိုင်ငံတကာအဆင့်မီ အအေးခန်းပါတဲ့ ငါးဖမ်းလှေအသစ်တွေ အသုံးပြုနိုင်ဖို့ လိုပါတယ်။ လက်ရှိအခက်အခဲက ငါးဖမ်းလှေတွေဆွေးသွားမှ လှေသစ်နဲ့လဲလို့ရမှာဆိုတော့ ဆွေးဖို့ကလည်း တော်တော်စောင့်ရမှာပါ။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြထားပါတယ်” ဟု ၎င်းက

Facebook မှ ရွေးကောက်ပွဲကောလဟာလများအား ရပ်တန့်နိုင်မည့်နည်းပညာ စမ်းသပ်

Facebook တွင်ပေါ်ထွက်သည့်သတင်းမှားများအပေါ် မူတည်ပြီး မဲရွေးချယ်မှုအမှားယွင်းဖြစ်မှုကို ဖြေရှင်းသည့် အနေဖြင့် ဖေ့ဘုတ်မှ အသုံးပြုသူနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၏ လူစိတ်ဝင်စားမှုများပြားသည့် ပို့စ်များကို ထိုသူ၏ News Feed တွင် ဖော်ပြ ပေးနိုင်မည့် နည်းပညာအသစ်ကို စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်။ ထိုသို့ ဖော်ပြရန်အတွက် အသုံးပြုသူအနေဖြင့် အနည်းဆုံး မိမိနှင့် သက်ဆိုင်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို Follow ပြုလုပ်ထားရန်လိုအပ်ကြောင်းနှင့် ယင်းသတင်းဖော်ပြမှုကို တစ်ပတ်လျှင် တစ်ကြိမ်ထက် ဖော်ပြပေးမည်မဟုတ်ကြောင်းလည်း သိရှိရသည်။ “လက်ရှိစမ်းသပ်ချက်ဟာ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို သူတို့နဲ့ သက် ဆိုင်တဲ့ အစိုးရရဲ့ အခန်းကဏ္ဍ အသီးသီးက လုပ်ဆောင်ချက်တွေကို လွယ်ကူရိုးရှင်းစွာသိစေဖို့ ရည်ရွယ်ပါတယ်” ဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူမှ

အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ၏ ကမ္ဘာ့အိမ်ခြံမြေ၀ယ်ယူမှု စံချိန်တင်အများပြားဆုံးအနေအထားသို့ ရောက်ရှိ

၂၀၁၇ ခုနှစ်၏ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိမ်ခြံမြေ၀ယ်ယူမှုပမာဏမှာ စံချိန်တင်အများဆုံး အနေအထားသို့ရောက်ရှိခဲ့ကြောင်း အမေရိကန်အခြေစိုက် JLL အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ ထုတ်ပြန်သွားခဲ့ သည်။ လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိမ်ခြံမြေ၀ယ်ယူထားသည့်အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူ ၁၀ ဦး အနက် ၅ ဦးမှာ အာရှတိုက်မှဖြစ်ပြီး လွန်ခဲ့သော ၆ လအတွင်း ဒေါ်လာ ၁၉.၅ ဘီလီယံအသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါပမာဏမှာ လွန်ခဲ့သောနှစ်၏ ပထမ ၆ လအတွင်း အာရှအိမ်ခြံမြေလုပ်ငန်းရှင်များ အသုံးပြု ခဲ့သော ငွေကြေးပမာဏထက် ၇၁ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းလည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်လည်း တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများမှာ နိုင်ငံရပ်ခြားတွင် အိမ်ဝယ်ယူမှု တတိယအများဆုံးမှတ်တမ်းကို ရရှိထားပြီး ၂၀၁၇ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၆.၂ ဘီလီယံအထိ အသုံးပြုထားကြောင်းလည်း

၎ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့် ပမာဏ ကျပ် ၄၀ ဘီလီယံကျော်ရှိ

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအားစိုက်ပျိုး စရိတ် ချေးသွေ ထုတ်ချေးလျက်ရှိရာတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောင်သူများထံမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သော ပမာဏသည် ကျပ် ၄၀ ဘီလီယံ ကျော်ရှိနေကြောင်း လယ်ယာ ဖွံ့ဖြိုါ်ရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါကြွေးကျန်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရာ စာရင်းဖြစ်ပြီး ၂၀၁၁ အထိ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားလုံးအချိန်မီ ပြန်လည် ပေးဆပ်နိုင်သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်၍ တောင်သူအချို့မှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်မပေးဆပ်နိုင်ကြတော့ကြောင်း၊ ဘဏ်လုပ်ထုံးလုပ် နည်းအရ အကြေးအကျေ ပြန်ဆပ်မှ ချေးငွေထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်ပြီး တောင်သူနှင့် ဘဏ်နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ချေးငွေကို အချိန်မှန်ပြန်ဆပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ “၂၀၁၁ အထိ

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၌ တိကျခိုင်မာသော ဥပဒေအချက်များ ပါဝင်ရန် မျှော်လင့်ဟုဆို

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းတွင် ကလေးသူငယ်အခွင့်အရေးဥပဒေအချက်အလက်များအား ကောင်းစွာ ပါဝင်ရန် မျှော်လင့်ထားကြောင်း ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။ ပြည်ထောင်စု လွှတ်တော်မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ကလေးသူငယ်ဆိုင်ရာ ဥပေးမူကြမ်းသည် ၁၉၉၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ကလေးသူငယ် ဥပဒေထက်ပိုမိုစုံလင်သောကဏ္ဍများ ပါဝင် သော်လည်း ကလေးသူငယ်ပါဝင်မှုအခွင့်အရေးနှင့် ပတ်သက်ပြီး တိတိကျကျဖော်ပြထားသော အချက်များမရှိ ကြောင်း၊ ကလေးသူငယ် အခွင့်အရေးအပေါ်လက်ခံမှုအားနည်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဥပဒေ တွေကိုကောင်းအောင် ကြိုးစားပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုမရှိရင် ဥပဒေ ဘယ်လောက် ကောင်းကောင်း အဆင်ပြေမှာမဟုတ်ပါဘူး။ ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ် မုဒိန်းမှုအတွက် ထောင်ဒဏ်အနှစ် ၂၀ မှ အများဆုံးထောင်ဒဏ်တစ်သက် အထိချမှတ်နိုင်ကြောင်း

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး မြန်မာ့ရွှေလုပ်ငန်းရှင်များနှင့် သီးသန့်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။ မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဟောင်ကောင်၌ ဇွန်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထပ်မံဆွေးနွေးမည်ဖြစ်ပြီးရရှိလာသည့် ဆွေးနွေးပွဲရလဒ်များကို နိုင်ငံတော်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း၊ မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဒူဘိုင်းနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၃၀ ခန့်မှ စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။ “ဒူဘိုင်းက မြန်မာနိုင်ငံမှာ ရွှေနဲ့ ပတ်သက်တဲ့ ဘဏ်တစ်ခု ထူထောင်မယ်။ ဘဏ်မှာ ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောတယ်။ ပြီးရင် ရွှေဈေးကွက်ကိုထောက်ပံ့မယ်။

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

မြန်မာ့ရွှေကဏ္ဍတွင် ဒူဘိုင်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး မြန်မာ့ရွှေလုပ်ငန်းရှင်များနှင့် သီးသန့်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။ မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ဒူဘိုင်းမှ ရင်းနှီးမြှုပ်နှံမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဟောင်ကောင်၌ ဇွန်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထပ်မံဆွေးနွေးမည်ဖြစ်ပြီးရရှိလာသည့် ဆွေးနွေးပွဲရလဒ်များကို နိုင်ငံတော်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း၊ မြန်မာ့ရွှေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဒူဘိုင်းနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၃၀ ခန့်မှ စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။ “ဒူဘိုင်းက မြန်မာနိုင်ငံမှာ ရွှေနဲ့ ပတ်သက်တဲ့ ဘဏ်တစ်ခု ထူထောင်မယ်။ ဘဏ်မှာ ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောတယ်။ ပြီးရင် ရွှေဈေးကွက်ကိုထောက်ပံ့မယ်။

အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာဖော်ဆောင်နိုင်မှု မပြည့်မီဟုဆို

နိုင်ငံအတွင်း လိုအပ်နေသော အိမ်ရာကဏ္ဍကို ဖြည့်ဆည်းနိုင်ရန်အတွက် အစိုးရအ နေဖြင့် အိမ်ရာဖော်ဆောင်နိုင်မှုသည် မပြည့်မီသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်၌ ၂၀၃၀ ပြည့်နှစ်အတွင်း အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနေဖြင့် အိမ်ခန်းပေါင်း ၁ သန်းထုတ်လုပ်နိုင်ရန်လျာထားခဲ့သော်လည်း ယင်းအစိုးရ ၏ ၅ နှစ်စာသက်တမ်းကာလအတွင်း လျာထားချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိ ကြောင်း၊ စီမံကိန်းအရ ၅ နှစ်အတွင်း ထုတ်လုပ်နိုင်မှုသည် အနည်းဆုံးအိမ်ခန်း ပေါင်း ၂ သိန်းမှ ၃ သိန်း အထိ ထုတ်လုပ်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးသာဋ္ဌေးက ပြောသည်။ “ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အရ ၂၀၃၀ မှာ

လယ်ယာလုပ်ငန်းသုံးစက်ငှားရမ်းခ ကုန်သွယ်လုပ်ငန်းခွန်ပယ်ဖျက်

ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်များ ငှားရမ်းသုံးစွဲရာတွင် တောင်သူ လယ်သမားများမှ ပေးရသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်စဖြစ်သော ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း သိရသည်။ စက်မှုလယ်ယာအငှားလိုက် ၀န်ဆောင်မှုလုပ်ငန်းများ အသုံးပြုနေသော လယ်သမားများ ပေးရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်ထောင်စုအခွန် ဥပဒေမှ ပယ်ဖျက်ပေးခြင်းသည် စက်မှုလယ်ယာ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်း တစ်ရပ်ဖြစ် သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ “ ယခုလိုကုန်သွယ်လုပ်ငန်းခွန်ကို ပယ်ဖျက်လိုက်တဲ့အတွက် စက်မှုလယ်ယာအငှားလိုက်ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်လာမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ စက်မှု လယ်ယာဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေလည်း ဖြစ်ပါတယ်။ လယ်ယာ အလုပ်သမားရှားပါးမှုကြောင့် စက်မှု လယ်ယာစနစ်ကို

အာဆီယံ ၁၀ နိုင်ငံအတွက် SMEs မူဝါဒစာအုပ် ထုတ်ဝေမည်

အာဆီယံ ၁၀ နိုင်ငံအတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဒုတိယအကြိမ်မြောက် SMEs မူဝါဒဆိုင်ရာ အညွှန်းကိန်းစာအုပ်ကို လာ မည့် ၂၀၁၈ ခုနှစ်၌ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ အာဆီယံ ၁၀ နိုင်ငံ၏ မူဝါဒဆိုင်ရာ အညွှန်းကိန်းစာအုပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ အပြီးသတ်ရေးဆွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စာအုပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။ “မြန်မာနိုင်ငံရဲ့ SMEs မူဝါဒရေးဆွဲသူတွေးရဲ့ မူဝါဒတွေ၊ နည်းဗျူဟာ တွေအောင်မြင့်မှုရှိလားဆိုတာကို ရရှိတဲ့အချက်အလက်အပေါ် မူတည်ပြီး ရမှတ်တွေနဲ့ အတူ ထည့်သွင်းရေဆွဲသွားမှာပါ။ ဒီစာအုပ်မှာ အာဆီယံ ၁၀ နိုင်ငံလုံးရဲ့ SMEs ကဏ္ဍနဲ့ ပတ်သက်ပြီး ထည့်သွင်းရေးဆွဲသွားမှာပါ”

Top