You are here
Home > Travel

နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အခန်းခများ ထက်ဝက်ခန့်လျှော့ချမည်

မိုးရာသီကာလ၌ နိုင်ငံတစ်ဝန်းရှိဟိုတယ်များတွင် ခရီးသည်ဝင်ရောက်မှု မြင့်တက်လာ စေရန်အတွက် ဇွန်လမှစတင်၍ နိုင်ငံအတွင်းရှိ ဟိုတယ်အားလုံးနီးပါးတွင် ၅၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းအနေဖြင့် Green Season ကာလတွင် နိုင်ငံ တစ်ဝန်းရှိ ဟိုတယ်များ၏ တည်းခိုခလျှော့ချမည့်နှုန်းထားကို တောင်းခံထားပြီး အချက်အလက်များ အားလုံးကို စုစည်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ သိရှိစေရန် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာနိုင်ငံမှာ ဒီလိုရာသီဆိုရင် ပုံမှန်ဈေးလျှော့ပေးနေကြပါပဲ။ အထူးအစီအစဉ် အနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေက ၅၀ ရာခိုင်နှုန်းလောက် လျှော့ချပေးဖို့ စီစဉ်ထားတယ်။ ဟိုတယ်ဇုန်အားလုံးကို လျှော့ချပေးမယ့် ဈေးနှုန်းတွေ

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းကပ်လှူမည်

ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုနှစ်ပွင့်လင်းရာသီတွင် ရွှေသင်္ကန်းတော်အသစ် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်အောက်၌ ကပ်လှူထားသော ရွှေသင်္ကန်းတော်၏ ရွှေပြားများသည် နှစ်ပေါင်း ၅၀ ကျော်ရှိနေပြီဖြစ်ရာ ပင်လယ်ပြင်မှတိုက်ခတ်လာသော ဆားငန်ဓာတ်ပါသည့်လေများ၊ သဘာဝဘေးအန္တရာယ်များ နှင့် ငှက်များ၏ ထိုးဆိတ်မှုကို ခံနေရကြောင်း၊ ပွင့်လင်းရာသီတွင် ရွှေတိဂုံဘုရားတွင် အသစ်ကပ်လှူမည့် ရွှေသင်္ကန်းတော်အတွက် ရွှေပိဿာချိန် ၁၀၀ ၀ယ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “အခုအသစ်ကပ်လှူမယ့် ရွှေသင်္ကန်းတော်ကို ဘေးအန္တရာယ်ခံနိုင်ဖို့အတွက် သိပ္ပံနဲ့ နည်းပညာက တာဝန်ရှိသူတွေ၊ သတ္တုတွင်းဝန်ကြီးဌာန က ပညာရှင်တွေ၊ အင်ဂျင်နီယာအသင်းက ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂံယဉ်ကျေးမှုဇုန်ရှိ သဗ္ဗညုဘုရားပြင်ဆင်ရန် တရုတ်နိုင်ငံမှ အဆိုပြုထားဟုဆို

၂၀၁၆ ခုနှစ်၌ သြဂုတ်လ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ဘုရားများအနက် သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ရ ရန် တရုတ်နိုင်ငံမှ အဆိုပြုထားသည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန၊ ပုဂံဌာနခွဲမှာ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။ တရုတ်နိုင်ငံမှ သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုမှုကို မြန်မာအစိုးရမှ လက်ခံပါက နှစ်နိုင်ငံယဉ်ကျေးမှုဌာနအချင်းချင်း ပြင်ဆင်ခွင့် သဘောတူမှု စာချွန်လွှာကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါယင်းဘုရားကို UNESCO မှ ပညာရှင် များ၏ အကူအညီဖြင့် အရေးပေါ်ထိန်းသိမ်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ “တရုတ်နိုင်ငံဘက်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ သဗ္ဗညုဘုရားကို ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

မြိတ်ကျွန်းစုသို့ ရွက်လှေဖြင့် လာရောက်လည်ပတ်သော ပြည်ပဧည့်သည်များပြားလာ

မြိတ်ကျွန်းစုဒေသသို့ ပြီးခဲ့သည့် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလအတွင်း စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည်သည် ၁၄၀၀ ခန့်ရှိခဲ့ပြီး ယမန်နှစ်ကထက် ပိုမိုမြင့်တက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ ပြီးခဲ့သည့်နှစ်၌ မြိတ်ကျွန်းစုဒေသသို့ စက်တပ်ရွက်လှေဖြင့် လာရောက်လည်ပတ်သော ခရီးသည် ၄၇၀ ရှိခဲ့ပြီး ခရီးသည် ၃၉၆၀ ဦး ၀င်ရောက်ခဲ့ကြောင်း၊ ယခုနှစ်၏ နှစ်လအတွင်း စက်တင်ရွက်လှေခရီးစဉ် ၁၆၆ ခုဖြင့် ခရီးသည် ၁၃၉၇ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း၊ မြိတ်ကျွန်းစု၌ ခွင့်ပြုထားသော ကျွန်းများတွင် နိုင်ငံခြားခရီးသည်များအနေဖြင့် အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက်ရှုခင်းများ ကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘ၀ကို လေ့လာခြင်း စသည်တို့ကို

ပုဂံဒေသလမ်းပြမြေပုံ ထုတ်ဝေမည်

ပုဂံရှေးစောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ အဆင်ပြေစေရန်အတွက် ပုဂံ ဒေသဇုန် တစ်ခုလုံးကို လွှမ်းခြံနိုင်မည့် လမ်းပြမြေပုံထုတ်ဝေရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ ပုဂံဒေသလမ်းပြမြေပုံထုတ်ရန်အတွက် လက်ရှိတွင် ကွင်းဆင်းလေ့လာနေပြီး ယင်းလမ်းပြမြေပုံ၌ ရှုခင်းကြည့်နိုင်မည့်နေရာများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် များကို လက်ကမ်းစာစောင်များ ထုတ်ဝေသွားမည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး လက်ထောက်စီမံ ချက်တာဝန်ခံ ဒေါ်ယုယုလင်းက ပြောသည်။ “လမ်းပြမြေပုံထုတ်ဖို့အတွက် အခု ကွင်းဆင်းပြီး တော့ လေ့လာဆောင်ရွက်နေပါတယ်။ လမ်းပြမြေပုံမှာ မြစ်ကမ်းဘေးက ရှုခင်းအလှတွေကို ထိုင်ကြည့်လို့ရမယ့် နေရာတွေလည်း ပါ ပါတယ်။ ရိုးရာလက်မှုလုပ်ငန်းတွေကို တွေ့နိုင်တဲ့ ကျေးရွာတွေကိုလည်း ညွှန်ပြထားပါတယ်။ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာလည်း ဘုရားပေါ် တက်စရာမလိုဘဲ ရှုခင်းတွေကိုကြည့်လို့ရမယ့်နေရာတွေကို ထည့်သွင်းမှာပါ”

မြန်မာ့ခရီးသွားကဏ္ဍ၌ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် မျှော်လင့်နေဟု တရုတ်သံ အမတ်ပြော

မြန်မာ့ခရီးသွားကဏ္ဍ၌တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေများ ပြုပြင်ပေးရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြော သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပြည် သူများအနေဖြင့် ကုန်းလမ်းမှ တစ်ဆင့် ၀င်ရောက်နိုင်ရေး၊ စောလျင်စွာ အကောင်အထည်ဖော် ရန်နှင့် နှစ်နိုင်င့်ရေလမ်း၊ ကုန်းလမ်း၊ေကြောင်းလမ်းများ ပိုမိုချောမွေစွာ ဆက်သွယ်နိုင်ရေးအတွက် အပြန်အလှန် အကောင်အထည်ဖော်ရန်မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ “မြန်မာနိုင်င်ဟာ သမိုင်းရှည်လျားပြီး ယဉ်ကျေးမှု မျိုးစုံရှိတဲ့အပြင် သယံဇာတပစ္စည်းများ ကြွယ်ဝမှုကလည်း ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းမွန် ပါတယ်။ မြန်မာ့ခရီးသွားကဏ္ဍမှာ တရုတ်ကုမ္ပဏီတွေ ပိုမိုဝင်ရောက်လုပ်ကိုင်နိုင်အောင် သက် ဆိုင်ရာ ဥပဒေစနစ်တွေကို ပြုပြင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ငွေဆောင်ကမ်းခြေ၌ ရေငုတ်အပန်းဖြေမှု ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ

ငွေကမ်းခြေ၏ ပင်လယ်ရေအောက် ရှုခင်းများ ကြည့်ရှုနိုင်မည့် ရေငုတ်အပန်းဖြေ၀န်ဆောင်မှုတွင် ပြည်တွင်း ပြည်ပခရီးသည် ၇၅ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု Myanmar Drive Center ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Myanmar Dive Center ကုမ္ပဏီအနေဖြင့် ပင်လယ်ရေအောက်ရှုခင်းများကို ကြည့်ရှု နိုင်မည့် Scuba Diving ၀န်ဆောင်မှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ငွေဆောင်ကမ်းခြေတွင် ၀န်ဆောင်မှုပေးခဲ့ရာတွင် ယခင်က ပင်လယ်ရေအောက်ရှုခင်းကြည့် ရှုမှုသည် တစ်လလျှင် ၄ ကြိမ်ခန့်သာရှိသော်လည်း ၂၀၁၇ နှစ်ဆန်းမှ စ၍ တစ်ပတ်လျှင် ၄ ကြိမ်ခန့်အထိ မြင့်တက်လာကြောင်း ၎င်းက ပြောသည်။ “ပင်လယ်ရေအောက်ရှုခင်းကြည့်ရှုမှုအပေါ် စိတ်ဝင်စားမှု များလာတဲ့အတွက် မြိတ်ကျွန်းစုများ အနီးမှာလည်း

စစ်တွေလေဆိပ်ကို မတ်လအကုန်၌ ဖွင့်လှစ်မည်

လေယာဉ် ၆ စီးအထိ တစ်ပြိုင်နက်တည်း ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သော ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အဆောက်အအုံသစ်ကို လာမည့် မတ်လအကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းဦးစီးဌာနစံချိန်စံညွှန်းနှင့် ဘေးအန္တရာယ်ကင်း ရှင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။ စစ်တွေလေဆိပ်၌ အထွက်ခရီးသည် ၁၀၀ နှင့် အ၀င်ခရီးသည် ၅၀ ကျော်သာ တစ်ပြိုင်တည်း ၀န်ဆောင်မှုပေးနိုင်ခဲ့သော်လည်း အဆင့်မြှင့်တင်ထားသည့် လေဆိပ် အဆောက်အအုံသစ် ဖွင့်လှစ်ပြီးပါက အထွက်ခရီးသည် ၂၀၀ နှင့် အ၀င်ခရီးသည် ၂၀၀ တို့ကို တစ်ပြိုင်တည်း စီမံခန့်ခွဲ၍ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “စစ်တွေ လေဆိပ်မှာ လေယာဉ် ၂ စီးကိုပဲ စီမံခန့်ခွဲမှုလုပ်နိုင်ပါသေးတယ်။ အဆင့်မြှင့်တင်ထားတဲ့ အဆောက်အအုံသစ်ဖွင့်လှစ်ပြီးရင်တော့ လေယာဉ် ၆ စီးလောက်အထိကို

ရန်ကုန်မြို့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီခံချက် ရေးဆွဲနေဟုဆို

မြန်မာနိုင်ငံတစ်ငံလုံး ခရီးသွားလုပ်ငန်း တိုးတက်ရေး Master Plan ရေးဆွဲထားပြီး ဖြစ်သော်လည်း ရန်ကုန်မြို့အတွက် သီးသန့် Master Plan မရှိသေးခြင်းကြောင့် ရန်ကုန်မြို့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Yangon Tourisn Master Plan တစ်ရပ်ရေးဆွဲနေသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအင်း (UMTA) ဥက္ကဌ ဦးသက်လွင်တိုးက ပြောသည်။ ရန်ကုန်မြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြင်သစ်သံရုံးပူးပေါင်းဆောင်ရွက်ခဲ့ သော ၀ါးရုပ်သေးနှစ်ရုပ်ဖြင့် လှည့်လည်ဖျော်ခြေခဲ့သည့် မင်္ဂလာအစီအစဉ်နှင့် ဗြိတိသျှသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော My Yangon, My Home, Night Life ညဈေးတန်း အစီအစဉ်များကိုလည်း ရန်ကုန်မြို့ခရီးသွား မြှင့်တင်ရေးအစီအစဉ်များအဖြစ် တိုင်းဒေသကြီး အစိုးရမှ

Top