You are here
Home > Real Estate News (Page 2)

Property Guru ၏ အာရှအိမ်ခြံမြေ ဆုပေးပွဲစာရင်းတါင် သီရိလင်္ကာအိမ်ခြံမြေ ဈေးကွက်ကို အသိအမှတ်ပြု ထည့်သွင်း

ယခုနှစ်နောင်းပိုင်တွင် Property Guru မှ ကြီးမှူးကျင်းပမည့် အာရှအိမ်ခြံမြေ ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကိုလည်း အသိအမှတ်ပြုထည့်သွင်းပြီး ဆုများရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာအခြေစိုက် အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Lanka Business Online ၏ဖော်ပြချက်အရ သီရိလင်္ကာ အိမ်ခြံမြေဈေးကွက်အနေဖြင့် အခြားအာရှဈေးကွက်များ ကဲ့သို့ Property Guru ၏ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။ Property Guru မှ ကြီးမှူးကျင်းပသော ၁၂ ကြိမ်မြောက် အိမ်ခြံမြေ ထူးချွန်ဆုပေးပွဲကို ယခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သွားဖြစ်ကြောင်း သိရသည်။ ဆုပေးပွဲ၏ မန်းနေဂျင်း ဒါရိုက်တာနှင့် တည်ထောင်သူ Terry Black

အိမ်ခြံမြေရောင်းချမှုမှ အခွန်ရရှိမှု နည်းပါးနေဆဲဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းချရာတွင် အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ၎င်းမှ အခွန်ဝင်ငွေရရှိမှုသည် နည်းပါးနေဆဲဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။ မန္တလေးတိုင်းအတွင်း အိမ်ခြံမြေရောင်းချမှုအပေါ် အခွန်ဆောင်ရာတွင် မူလ တန်ဖိုး၏ အမြတ်အစွန်းငွေ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်ဝင်ငွေရရှိမှုသည် အရောင်းအ၀ယ်ဖြစ်မှု၏ ၁၀ ရာခိုင်နှုန်းခန့် သာရှိနေကြောင်း၊ မန္တလေးတိုင်း အခွန်အကောက် ဥပဒေသစ်အရ အိမ်ခြံမြေရောင်းဝယ်ရာတွင် ၀ယ်ယူသူများမှ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ နှင့်အထက်ကို ၃၀

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်လှုပ်ခတ်

ပြင်ဦးလွင်မြို့ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ပဒေသာမြို့သစ်အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲများ ရှိနေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ပဒေသမြို့သစ် အိမ်ခြံမြေဈေးကွက်အတွင်း ရောအနေအထား၊ မြေကွက်အကျယ်နှင့် အဆောက်အအုံပေါ် မူတည်၍ ပျှမ်းမျှကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ အများဆုံးခေါ်ဈေး ရှိခဲ့သော်လည်း လက်ရှိတွင် ထက်ဝက်ခန့် လျှော့၍ ရောင်းချမှုများ ရှိနေခြင်း ကြောင့် အိမ်ခြံမြေဈေးကွက် လှုပ်ခတ်လာခြင်းဖြစ်ကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောသည်။ “ဈေးနှုန်းကို ထိန်းထားတဲ့သူတွေ ရှိပေမယ့်လည်း အရင်က ခေါ်တဲ့ဈေးတွေထက် သိသိသာသာ ချရောင်းတာမျိုးတွေ ရှိပါတယ်။ ပဒေသမြို့သစ်ထဲမှာ အရောင်းအ၀ယ်က နှစ်နဲ့ချီပြီး ပါးသွားတဲ့အတွက် အရင်လိုဈေးခေါ်လို့မရတော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်တွေ လုပ်လာတော့

ပန်းဆိုးတန်း ဆိပ်ခံတံတားကို အဆင့်မြှင့်တင်မည်

ပန်းဆိုးတန်းဆိပ်ကမ်း၌ တံတားသစ်တစ်စင်းကို ထပ်တိုးဆောက်လုပ်မည်မဟုတ်ဘဲ လက်ရှိတံတားကို အဆင့်မြှင့်တင်ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းနှင့် ဒလသို့ ပြေးဆွဲနေသော ကူးတို့သင်္ဘောများ ဆိုက်ကပ်သည့် ပန်းဆိုးတန်းဆိပ်ခံတံတားကို မူလက အတက်တစ်စင်း၊ အဆင်းတစ်သင်း တည်ဆောက်ပေးခဲ့သော်လည်း သင်္ဘောလည်ပတ်သည့် ဧရိယာ၌ အန္တရာယ်ရှိနိုင်သည့် အနေအထားရှိနေခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းကြောင့် ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “လက်ရှိဆိပ်ခံတံတားကို အသုံးပြုသွားလာနေတဲ့ ခရီးသွားပြည်သူတွေ အများအပြားရှိတဲ့အတွက် တံတားတစ်စင်းတည်းကိုပဲ အတက်အဆင်းပြုလုပ်နေရတော့ တံတားက မနိုင်ဝန်ထမ်းနေရတယ်။ နောက်ပြီး ခရီးသည် နားနေဆောင်တွေ၊ ထိုင်ခုံနဲ့ သန့်စင်ခန်းတွေကို ပြန်လည် အဆင့်မြှင့်တင်ပေးဖို့ လိုပါတယ်” ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောသည်။

မန္တလေးဆန်စက် လုပ်ငန်းတစ်ချို့ရပ်ဆိုင်းထား

မန္တလေးတိုင်းဒေသကြီးအတါင်း ထွက်ရှိသောစပါးများကို တရုတ်ကုန်သည်များက ဒေသပေါက်ဈေးထက် ပိုပေး၍လိုက်လံဝယ်ယူနေခြင်းကြောင့် ဆန်စက်လုပ်ငန်းတစ်ချို့ ရပ်ဆိုင်းထားရသည်ဟု မန္တလေးတိုင်း ဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေ အောင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အနှံ့အပြား၌ စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှတစ်ဆသ့် စပါးများကို တရုတ်ကုန်သည်များမှ ကိုယ် တိုင်လာရောက်ဝယ်ယူသလို ပွဲစားများမှစတ်ဆင့် စပါးများကို ဈေးကောင်းပေး၍ ၀ယ်ယူနေ ကြောင်း၊ စပါးတင်း ၁၀၀ လျှင် ၅၅၀၀၀၀ ပေါက်ဈေးရှိသော စပါးအမျိုးအစားကို တရုတ်ကုန်သည်များက ၆၅၀၀၀၀ အထိ ဈေးပိုပေး၍ ၀ယ်ယူနေကြောင်း ၎င်းက ပြောသည်။ “တရုတ်ကုန်သည်တွေက ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အချောကို ၀ယ်ယူတာမဟုတ်ဘဲ မြန်မာ ကုန်သည်တွေ မူဆယ်နယ်စပ်ကတစ်ဆင့်

မန်းအိမ်ခြံမြေဈေးကွက် အေးသော်လည်းရင်းနှီးမြှုပ်နှံသင့်ဟုဆို

မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေသော်လည်း အိမ်ခြံမြေရင်းနှီး မြှုပ်နှံသင့်သည့်အချိန်ဖြစ်သည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေသော်လည်း အခြေခံအဆောက် အအုံလိုအပ်ချက်များ အရင်ကထက် ပိုမိုပြည်စုံလာခြင်းကြောင်း ရင်းနှီးမြှုပ်နှံရန် သင့်တော်သည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။ “အရောင်းအ၀ယ်ဈေး ကွက် အေးပေမယ့် လမ်း၊ မီး စတဲ့အရေးပါတဲ့ အချက်အလက်တွေက အရင်ကထက်ပိုပြီး ပြည့်စုံလာတယ်။ အထူးသဖြင့် မြို့သစ်ဧရိယာအရှေ့ပိုင်းက မြေကွက်တွေဆိုရင် ၀ယ်ရောင်းအတွက်တင်မဟုတ်ဘဲ နေထိုင်ဖို့အတွက်လည်း ၀ယ်ယူလို့ကောင်းပါတယ်။ မြို့သစ်အရှေ့ပိုင်းမှာ မြေကွက်လွတ်တွေ အများကြီးရှိနေသေးတယ်ဆိုပေမယ့် လူနေထိုင်မှုက အချိန်တိုအတွင်း ကျစ်လစ်သိပ်သည်းလာတယ်။ မြို့ပြဧရိယာတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ပိုမိုမြန်ဆန်လာတာကိုလည်း တွေ့ရတယ်။ အဲဒီအနေအထားတွေကြောင့် ဈေးနှုန်းအလယ်အလတ်တန်းနဲ့ လမ်းမတန်းမေးတင်တဲ့ မြေကွက်တွေက ၀ယ်သူအားသာတဲ့ ဈေးကွက်ဖြစ်နေလို့ ရင်းနှီးမြှုပ်နှံဖို့ သင့်ပါတယ်” ဟု

မြန်မာ-တရုတ်ကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းလာ

တရုတ်နိုင်ငံ၊ ယူနန်အစိုးရမှ မတ်လ ၄ ရက်နေ့မှ စတင်၍ တရားမ၀င်ကုန်သွယ်မှုတား ဆီးရေးအစီအစဉ်ဖြင့် နယ်စပ်မှ တင်သွင်းလာသောကုန်ပစ္စည်းများကို ဖမ်းဆီနေခြင်းကြောင့် မြန်မာ-တရုတ်ကုန်သွယ်ရေး ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းလာကြောင်း မူဆယ်မြို့ခံကုန်သည်များ က ပြောသည်။ တရုတ်နိုင်ငံ၊ ယူနန်အစိုးရ၏ ဖမ်းဆီးမှုများကြောင့် မြန်မာ-တရုတ်ကုန်သယ်ရေးကျဆင်း နေသော်လည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိက ပို့ကုန်များဖြစ်သော သကြား၊ ဆန်၊ ပြောင်း စသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲခြင်းမရှိသေးကြောင်း မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။ “မြန်မာ-တရုတ်ကုန်သွယ်မှုလျော့ကျနေပေမယ့် ပြန်တွင်းကနေ မူဆယ်မြို့ကို ကုန်ပစ္စည်းတင်ပို့မှုက လျော့ကျမှုမရှိပါဘူး။ မူဆယ်နယ်စပ်ကုန်သွယ်မှုမှာ မြန်မာကျပ်ငွေတန်ဖိုးကလည်း မြင့်တက်လာတဲ့အတွက် ကုန်သွယ်မှုက တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု၎င်းက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်ပနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟုဆို

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော် တည်ဆောက်မည် ဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း၌ ဆောက်လုပ်ရေး အိမ်ရာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ခြင်းနှင့် ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ် ရေး အိမ်ရာအဟောင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လက်ရှိ တွင် ဂျပန်နိုင်ငံမှ အဆိုပြုကမ်းလှမ်းထားကြောင်း၊ ရန်ကုန်မြို့ ပတ်ချာလည်၌ အကောင်အထည်ဖော်ရန် လျာထားသည့် အိမ်ရာစီမံကိန်းအဟောင်းများကိုလည်း လာမည့် မတ်လအတွင်း စတင်ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ်က ပြောသည်။ “ရန်ကုန်မြို့ထဲမှာ ရှိနေတဲ့ အိမ်ရာစီမံကိန်းအဟောင်းတွေကို အဆင့်မြှင့်တင်ဖို့လက်ရှိမှာ စီစဉ်ဆောင်ရွက်နေပါ တယ်။ အိမ်ရာအဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်ဖို့အတွက် ဂျပန်နိုင်ငံနဲ့ အခြား နိုင်ငံတွေက အဆိုပြုကမ်းလှမ်းထားတောတွေရှိပါတယ်။ ရန်ကုန်မြို့ပတ်ချာလည်မှာ အိမ်ရာ စီမံကိန်းအဖြစ်

နိုင်ငံသားမဟုတ်သူများပိုင်မြေကို သိမ်းဆည်းပြီး နိုင်ငံသားများအား လယ်လုပ်ခွင့်ပေးရေး အဆိုတင်သွင်းမည်

နိုင်ငံသား မဟုတ်သူများ ပိုင်မြေများ၊ ဥပဒေပြဌာန်းချက်များနှင့် ဆန့်ကျင်သောမြေ၊ သိမ်းဆည်းခံမြေယာများကို နိုင်ငံတော်မှ ပြန်လည်သိန်းဆည်းပြီး လယ်ယာမဲ့ နိုင်ငံသားများအား လယ်လုပ်ခွင့်ပေးရေးအဆိုကို ကျင်းပပြုလုပ်လျှက်ရှိသော ရခိုင် ပြည်နယ်လွှတ်တော်သို့ တင်သွင်းမည်ဟု ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။ အထက်ပါအဆိုကို တင်သွင်းရန် စီစဉ်ရခြင်းသည် နိုင်ငံသား မဟုတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာများကို ပြန်လည်သိမ်းဆည်း၍ နိုင်ငံသားလယ်သမားများ၏ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “ဥပဒေမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်ရတဲ့သူတွေက နိုင်ငံသားပဲဖြစ်ပါတယ်။ နိုင်ငံသား မဟုတ် သူတွေပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ စိစစ်ပြီးပြန်လည်သိန်းဆည်း သင့်တဲ့ မြေယာတွေကို ပြန်လည်သိမ်းဆည်းပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ တောသူတောင်းသားတွေကို

အိမ်ရာဈေးနှုန်းများ ကြီးမြင့်နေမှုကို ထိန်းချုပ်မည်ဟုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ခြံ၊မြေ ဈေးနှုန်းများကြီးမြင့်နေမှုကို အစိုးရအနေဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ အိမ်၊ခြံ၊မြေ လုပ်ငန်းများသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အိမ်၊ခြံ၊မြေ ဈေးနှုန်းများအမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည့်အပြင် ရန်ကုန်တိုင်းအတွင်း အစိုးရ၏စီမံကိန်းများ စတင်နေဟု သတင်းထွက်ပေါ်နေသည့် ကာလ၌လည်း ယင်းနေရာဝန်းကျင်ရှိနေရာ တန်ဖိုးများသည် ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိခဲ့သည်။ “အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကြီးမြင့်နေမှုအပေါ် ပွင့်ပွင့်လင်းလင်းအသိပေးချင်ပါတယ်။ အိမ်၊ ခြံ၊ မြေအပေါ်မှာ မျှော်လင့်ချက်ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာ မြေဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာအောင် အစိုးရအနေနဲ့ ကြိုးပမ်းသွားမှာပါ”ဟု ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

Top