You are here
Home > Real Estate News

အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ကျင်းပမည်

လူအများစိတ်ဝင်စားနေသော တန်ဖိုးနည်းတိုက်ခန်းများ အပါအ၀င် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများ အထိ ပါဝင်ပြသမည်ဖြစ်သော အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းများပြပွဲ (House and Lifestyle Expo 2017) ကို ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန်လ ၉ ရက်နေ့တွင် ကျင်းပခွဲသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ပြည်သူများ နှစ်ရှည်အရစ်ကျငွေချေးစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ကြောင်း ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြပွဲတွင် House.com.mm နှင့်အတူ မိတ်ဖက်များအဖြစ် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ Bath & Kitchen၊ ကံဘဲ့တာဝါ၊ ဗိုလ်ပုဂံဆောက်လုပ်ရေး၊ ထွန်းဆောက်လုပ်ရေး၊

တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံအတွင်း တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကို အာရှအိမ်ခြံ မြေဆောက်လုပ်ရေးဆိုင်ရာ ဆုပေးပွဲများ ကျင်းပလျက်ရှိသော Property Guru မှ ကြီးမှူး၍ လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲတွင် အိမ်ခြံမြေဆိုင်ရာဆုပေါင်း ၁၈ မျိုးပေးသွားမည်ဖြစ်ပြီး ဆန်ကာတင်စာရင်းတွင် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၂ ခုပါရှိကြောင်း Property Guru မှ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တယ်ရီဘလက်ဘန်းက ပြောသည်။ “ဒီနှစ်မြန်မာ့ အိမ်ခြံမြေဆုပေးပွဲမှာ ကုမ္ပဏီပေါင်း ၂၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ပါ တယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေထဲက ဆန်ကာတင်ကုမ္ပဏီကို ရွေးချယ်ထားပါ တယ်။ နောက်ဆုံးအဆင့် ဆုရတဲ့ကုမ္ပဏီတွေကိုတော့ စင်္ကာပူမှာ ကျင်းပတဲ့ အာရှအိမ်ခြံမြေ

နိုင်ငံအတွင်း ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်ဟုဆို

အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများတွင် ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများကို ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောက်လုပ်သွားမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်းများအသင်း တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။ ပြည်သူ့အိမ်ရာနှင့် အငှားအိမ်ရာများ ဆောက်လုပ်ရန်အတွက် အစိုးရ၀န်ထမ်းများအရေ အတွက်နှင့် ၀ယ်ယူလိုသည့် မြို့နယ်များကို စာရင်းကောက်ယူလျက်ရှိရာတွင် လက်ရှိအချိန်၌ စာရင်း ကောက်ယူမှုထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပြည်သူ့အိမ်ရာ လို့ အမည်ပေးထားတဲ့ တန်ဖိုးသင့် အိမ်ရာကို အစိုးရနဲ့ ကျွန်တော်တို့အသင်းက ပူးပေါင်းပြီး ယခုနှစ်အတွင်း စတင်ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ပြည်သူ့အိမ်ရာ တည်ဆောက်ဖို့အတွက် ပထမအဆင့်အနေနဲ့ ပင်စင်ယူတော့မယ့်ဝန်ထမ်းတွေကို စာရင်းကောက်ယူနေပါတယ်။ ၀န်ထမ်းတွေအနေနဲ့ ဘယ်နေရာမှာ အိမ်ဝယ်ချင်သလဲဆိုတာကို အဓိက ထားစရာင်းကောက်ယူနေပါတယ်။ ရလာတဲ့ရလဒ်ကို ပြည်ထောင်စု အစိုးရက တိုင်းဒေသကြီးအစိုးရနဲ့

ကော်ဖီစိုက်ပျိုးရန် မြေနေရာယူထားသူအများစုစိုက်ပျိုးမှုမရှိဟုဆို

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်အတွင်းကော်ဖီနှင့်နှစ်ရှည်ပင်များစိုက်ပျိုးရန် မြေနေရာယူထားသော်လည်း အမှန်တကယ်စိုက်ပျိုးမူ ရှိမရှိကိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အများစိုက်ပျိုးမူမရှိကြောင်း စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကော်ဖီနှင့် နှစ်ရှည်သီးနှံမြေနေရာယူထားပြီး စိုက်ပျိုးမူမရှိကို လွှတ်တော်ကိုယ်စလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာတွင် မေလ ၂၁ ရက်နေ့တွင်လုပ်ငန်းပြီးဆုံးခဲ့ကြောင်းနှင့် စစ်ဆေးတွေ့ရှိမူရလဒ်များအရ မြေနေရာယူထားသူ အများစုစိုက်ပျိုးမူ မရှိကြောင်း အစီရင်ခံစာမှာရေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ၎င်းကပြောသည်။ လက်ရှိမြေပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့အတိုင်း မချွင်းမချန်ရေးပြီး တိုင်းဒေသကြီးအစိုးရ

ဘုရင်နောင်ကုန်စည်ဒို်င် ပြောင်းရွှေ့မူ တိကျသေချစွာ မရှိသေးဟုဆို

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဘုရင်နောင်ကုန်စည်ဒိုင်ကို ၀ါးတစ်ရာစက်မူဇုန်အနီးသို့ပြောင်းရွှေ့မည်ဟု မေလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့သော်လည်း ဘုရင်နောင်ကုန်စည်ဒိုင်ပြောင်းရွှေမှု့နှင့် ပက်သက်၍ တိကျသည့် အချက်အလက်များကို မရရှိသေးကြောင်းကုန်စည်အသင်းဖွဲ့ဝင်များက ပြောသည်။ ဘုရင်နောင်ကုန်စည်ဒိုင်ကို တပ်မတော်ပိုင်မြေပေါ်တွင် အသုံးပြုထားချင်းဖြစ်ပြီး မြေငှားရမ်းမူသက်တမ်း ကုန်ဆုံးနေခြင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းတို့ကြောင့် ပြောင်းရွှေရနိုင်ဖွယ်ရှိကြောင်း ဘုရင်နောင်ကုန်စည်အသင်းအဖွဲ့အချိုက ပြောသည်။ ကျွန်တော်တို့အနေနဲ့ အထူးတလည်တော့သေသေချာချာမသိသေးပါဘူး။ အစိုးနေနဲ့ ရွှေ့ပေးရမယ်ဆိုပြီးလာပြောတာလည်းမရှိသေးပါဘူး။အကယ်၍ရွှေမယ်ဆိုရင်ဘုရင်နောင်ဝင်းက အကျယ်ကြီးဆိုတော့ ဘယ်လိုပုံစံတွေရွှေပြောင်းမယ်ဆိုတာ သေချာမသိရသေးပါဘူး ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်ရန် စဉ်းစားနေဟု ၀န်ကြီးပြော

မြန်မာ့ အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေခြင်းကြောင့် အခွန်နှုန်းထားစည်းကြပ်မှုအပေါ် ပြန်လည်ပြင်ဆင်ရန် စဉ်းစားနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ လက်ရှိအခွန်နှုန်းထားသည် ၀င်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိပါက ၁ ကျပ်မှ ကျပ် သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံနေခြင်းသည် အခွန်ပမာဏများပြားနေသည်ဖြစ်၍ အိမ်ခြံမြေ အရောင်းအ၀ယ် အေးစက်နေခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြော သည်။ “လက်ရှိအစိုးရအနေနဲ့ အများပြည်သူထံက အခွန်ကောက်ခံရာမှာ အခွန်နှုန်းထားတိုးမြှင့်ရမယ်ဆိုတဲ့ သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းသူများ ပါဝင်လာ နိုင်တဲ့ အခွန်စနစ်ကိုသာ

မန္တလေးတိုင်း၌ အိမ်ခန်းပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း ဖော်ထုတ်မည်

မန္တလေးတိုင်း ဒေသကြီးအတွင်း အိမ်ခန်းပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည့် မြို့ပြ အိမ်ရာ စီမံကိန်းတစ်ခုကို ယခု ဘဏ္ဍာရေးနှစ်အတွင်း ဖော်ဆောင်သွားမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုါ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။ အဆိုပါ စီမံကိန်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သလို လွှတ်တော် မှ ဘတ်ဂျက်ငွေခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းဆောင်ရွက်ရန် မြေနေရာ သတ်မှတ်ထားခြင်းမရှိသလို ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွအနီး ဖော်ဆောင်ရန် လျာထားကြောင်း ၎င်းက ပြောသည်။ “လက်ရှိမှာတော့ မြေနေရာအခက်အခဲ ရှိနေပါသေးတယ်။ ဘယ်နေရာဆောက်လုပ်မယ်ဆိုတာကို အသေးစိတ်ပြောလို့ မရသေးပါဘူး။ မြေနေရာသတ်မှတ်ပြီးမှ တင်ဒါခေါ်ပြီး လုပ်ငန်းစတင်လို့ ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်သူများ နေအိမ်ခန်းများ ပိုင်ဆိုင်ရန် နှစ် ၃၀ အရစ်ကျ ချေးငွေ စနစ်ဖြင့် လုပ်ဆောင်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အိမ်ခန်းများကို ၀ယ်ယူပိုင်ဆိုင်နိုင်ရန်အတွက် နှစ် ၃၀ အရစ်ကျငွေပေးချေစနစ်ဖြင့် လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စက်မှုလုက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိဝင်ငွေ နည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တည်ထောင်၍ အိမ်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကနေဦးလက်ငင်းပေးသွင်း၍ ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျပေးချေစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူများအတွက်အခက်အခဲများ ရှိနေကြောင်း ၀န်ကြီးက ပြောသည်။ “အိမ်ခန်းတန် ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးချေပြီးကျန်ငွေကို ၁၀ နှစ်ဝန်းကျင်အထိ အရစ်ကျငွေ ပေးချေစနစ်နဲ့ ရောင်းချခဲ့ပေမယ့် ပြည်သူတွေအတွက် အခက်အခဲရှိနေလို့ ၃၀ ရာခိုင်နှုန်း

ဒလမြို့နယ်၌ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ပင်လယ်ပြင်ကို မျက်နှာမူပြီး ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၀ ရက်နေ့တွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် အတွက် အထူးစီးပွားရေးဇုန်များတည်ဆောက်သွားမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များ တည်ဆောက်ရာတွင် ပင်လယ်ပြင်သို့ မျက်နှာမူထားသောဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်ကို တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ “အထူးစီးပွား ရေးဇုန်ကို တည်ဆောက်ရာမှာ ပြည်ထောင်စု ဥပဒေနဲ့အညီ ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအနီးမှာ တည်ရှိနေတဲ့အတွက် ဒီအချက်ကို အသုံးပြုပြီး ယူနန်-ရန်ကုန်စင်္ကြန်လမ်းမကြီးပေါ်ကနေ ကုန်စည်တွေကို

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိဟုဆို

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို တည်ဆောက်အကောက်အထည်ဖော်ရန် အတွက် မြေနေရာအခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးတင်မြင့်အောင်က မေလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ညီလာခံ၌ ပြောကြားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပြည်သူ့အိမ်ရာစီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် အထူးစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။ “တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ တည်ဆောက်ဖို့အတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ မြေနေရာရရှိထားတယ်ဆိုပေမယ့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြေနေရာရရှိဖို့ အခက်အခဲရှိပါတယ်။ အစိုးရတွေနဲ့ မြေနေရာတွေကို ထပ်မံချထားပေးဖို့ လိုအပ်တဲ့အပြင် စီမံကိန်းဒေသမှာ နေထိုင်မယ့် အရေအတွက်ကိုလည်း စာရင်း ကောက်ယူဖို့လိုပါတယ်။ မြေနေရာရှိတာ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းအနေနဲ့ စတင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက

Top