You are here
Home > International News

မေလအတွင်း ဗြိတိန်မော်တော်ကားဈေးကွက်၏ ရောင်းအား ၈.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့

ပြီးခဲ့သော မေလအတွင်းဗြိတိန်ဈေးကွက်၏ မော်တော်ကားရောင်းချရမှုနှုန်းမှာ လွန်ခဲ့သော နှစ်ကထက် က ၈.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဗြိတိန်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများအသင်း (SMMT) မှ ထုတ်ပြန်ကြေညာလိုက်သည်။ SMMT ၏ မှတ်တမ်းအရ မေလအတွင်း ဗြိတိန်အစိုးရထံတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်သော မော်တော် ကားသစ်အစီးရေမှာ ၁၈၆.၂၆၅ စီးရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် လောင်စာမဟုတ်ဘဲ အခြားသော စွမ်းအင်ဖြင့် မောင်းနှင်နိုင်သော ကားများ၏ရောင်းအားမှာမူ မေလအတွင်း မြင့်တက်လာခဲ့ပြီး လက်ရှိဈေးကွက် ၏ ၄.၄ ရာခိုင်နှုန်းရှိနေကြောင်းသိရသည်။ တစ်နှစ်အတွင်းရောင်းအားအနေဖြင့်လည်း ၂၀၁၇ ခုနှစ်၊ လက်ရှိ အချိန်အထိ ဗြိတိန်ကားဈေးကွက်အတွင်း ၀ယ်ယူမှုနှုန်းမှာ အစီးရေ ၁.၁ သန်းကျော်ရှိထားပြီး ၂၀၁၆ ခုနှစ်၊ မေလကုန်ဆုံးချိန်ကထက် ၀.၆ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းသိရသည်။ သို့ရာတွင်

အာရပ်နိုင်ငံများ၏အဆက်အသွယ်ဖြတ်တောက်မှုကြောင့် ကာတစီးပွားရေးအခက်ကြုံတွေ့နိုင်

အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ကူညီနေသည်ဆိုသော စွပ်စွဲချက်ဖြင့် အိမ်နီးချင်း အာရပ်နိုင်ငံများဖြစ်သော ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်း၊ ယူအေအီး၊ လစ်ဗျား၊ ယီမင်နှင့် မော်လ်ဒိုက်နိုင်ငံတို့၏ အဆက်အသွယ်ဖြတ်တောက်မှုကို ခံယူထားရသော ကာတာနိုင်ငံအနေဖြင့် စီးပွားရေး ကဏ္ဍမျိုးစုံတွင် အကျပ်အတည်းများကြုံတွေ့လာရဖွယ်ရှိကြောင်း သိရသည်။ အထူးသဖြင့် လူဦးရေ ၂.၇ သန်းလာရှိသော ကာတာနိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်မှု၊ လေကြောင်းပျံသန်းမှု ခရီးစဉ်များနှင့် ဘောလုံးစီွး့ားရေးစသည်တို့တွင် အဓိက ထိုက်မှုများကြုံတွေ့ဖွယ်ရှိနေပြီးဖြစ်သည်။ ကာတာ၏အဓိက စီးပွားရေး အမှတ်တံဆိပ်များမှာ ကာတလေကြောင်းလိုင်း၊ အယ်ဂျာဇီးယားနိုင်ငံတကာသတင်းဌာနတို့ ဖြစ်ကြပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို လက်ခံကျင်းပရမည့် အိမ်ရှင်အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယခုကဲ့သို့ အာရပ်နိုင်ငံများ၏ အဆက်အသွယ်ဖြတ်တောက်မှုခံရခြင်းက အဆိုပါ အခွင့်အရေးများကိုပါ ထိခိုက်လာနိုင်ကြောင်း ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာရောင်းချမှုနှုန်း ကျဆင်း

မကြာသေးခင်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာသောက်သုံးမှုလျော့နည်းလာပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်မှ စ၍ အရက်ပါဝင်သော အဖော်ယမကာရောင်း ချရမှုနှုန်း ကျဆင်းလာခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း အရက်ပါဝင်သော အဖျော်ယမကာဈေးကွက်မှာ ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဘီယာရောင်းအားမှာလည်း ၁.၈ ရာခိုင်းနှုန်းကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာဝိုင်နှင့် ယမကာဈေးကွက် မှတ်တမ်းအဖွဲ့မှ ဖော်ပြသွားခဲ့သည်။ ထို့အပြင် ပန်းသီးဝိုင်းနှင့် အခြားဝိုင်းများရောင်းအားမှာလည်း ယခင်နှစ် များက ဆက်တိုက်မြင့်တက်ခဲ့ပြီး ယခုအခါ ၁.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။ တစ်နည်းအားဖြင့် အရက်ပါဝင်သော အဖော်ယမကာအားလုံး၏ ရောင်းအားမှာ ပျမ်းမျှအားဖြင့် ပြီးခဲ့သော ၅ နှစ်အတွင်း ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကမူ

မြန်မာ့ အာမခံလုပ်ငန်းတွင် ကနေဒါ အခြေစိုက်ကုမ္ပဏီမှ ၀င်ရောက်ရင်းနှီးမြှုပ်နှံမည်

မြန်မာ့အာမခံလုပ်ငန်းတွင် နိုင်ငံတကာအမခံလုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက်နေ သော ကနေဒါအခြေစိုက် Manu Life ကုမ္ပဏီအနေဖြင့် ၀င်ရောက်ရင်းနှီးလုပ်ကိုင်သွားမည် ဖြစ်ကြောင်း Manu Life Asia ၏ အကြီးအကဲ Mr.Naidoo က ပြောသည်။ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် လက်ရှိတွင် စောင့်ဆိုင်းနေပြီး နိုင်ငံခြား ကုမ္ပဏီများကို လုပ်ငန်းလိုင်စင်များ ထပ်မံခွင့်ပြုပါက ၀င်ရောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာ အစိုးရနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်နေပါတယ်။ မြန်မာ့အာမခံလုပ်ငန်းရဲ့ ဖြေလျှော့ပေးမှုနဲ့ သက်ဆိုင်တဲ့ လမ်းပြမြေပုံ Road Map ထုတ်ပြန်ဖို့ကိုလည်း စောင့်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့က ၂၀၁၄ ခုနှစ်ကတည်းကစပြီး မြန်မာပြည်ထဲကို ၀င်ရောက်လာတာပါ။ ၀င်ရောက်ပြီး ရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းက

Uber အငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်ဖ်ဂျုံးစ် လာမည့်

နည်းပညာအခြေပြုအငှားယာဉ် ၀န်ဆောင်မှု ကုမ္ပဏီ Uber ၏ ဥက္ကဋ္ဌ ဂျက်ဖ်ဂျုံးစ်အနေ ဖြင့် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုကြေညာသွားခဲ့သည်။ ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ မစ္စတာဂျုံးစ်သည် Uber မှ ခန့်အပ်မည့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အရာရှိချုပ် (COO) နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီးနောက် နုတ်ထွက်စာတင်ထားခြင်းဖြစ်ကြောင်း သိရသည်။ အခြားတစ်ဘက်တွင် Uber ကုမ္ပဏီမှာလည်း ဒရိုင်ဘာများ၏ လိင်ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်ဆိုင်ရာ စော်ကားမှုများကို ဖြေရှင်းပေးနေရကြောင်း သိရသည်။ Uber ၏ ကြေညာချက်တွင် “လာမယ့် ၆ လအတွင်းမှာ ကုမ္ပဏီအတွက်ပေးဆပ်သွားမယ့် ဂျက်ဖ်ဂျုံးစ်ကို ကျေးဇူးတင်ပါတယ်။ သူ့အတွက်လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု ဖော်ပြထားသည်။

Forbes မဂ္ဂဇင်း၏အချမ်းသာဆုံးစာရင်း၏ နံပါတ် ၁ နေရာတွင် Micorsoft တည်ထောင်သူ ဘီလ်ဂိတ် ပြန်လည်ရပ်တည်

ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်လိုက်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် Microsoft တည်ထောင်သူဘီလ် ဂိတ်က ထိပ်ဆုံးနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ Forbes ၏ တစ်နှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ်များကို စာရင်း ကောက်ယူရာတွင် ဘီလ်ဂိတ်က ကြွယ်ဝမှုတန်ဖိုးဒေါ်လာ ၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သလို ဒုတိယနေရာတွင် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီး ၀ါရင်ဘတ်ဖတ်က ဒေါ်လာ ၇၅.၆ ဘီလီယံ ဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ယခင်နှစ် ဒေါ်လာ ၇၅ ဘီလီယံသာရှိခဲ့ရာမှ ယခု ၂၀၁၇ ခုနှစ်တွင် ၈၆ ဘီလီယံအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိအမေရိကန် သမ္မတအဖြစ် ထမ်းဆောင်နေသူ အိမ်ခြံမြေလုပ်ငန်းရှင် ဒေါ်နယ်ထရမ့်၏ကြွယ်ဝမှုတန်ဖိုးမှာမူ

ဗီယက်ဗီယက်နမ်မှ ဘီကီနီလေကြောင်းလိုင်း၏တန်ဖိုးက နိုင်ငံပိုင်လေကြောင်းထက်သာလွန်

ဗီယက်နမ်နိုင်ငံမှ စရိတ်သက်သာလေကြောင်းလိုင်းတစ်ခုဖြစ်သော VietJet ၏ ဈေးကွက် တန်ဖိုးမှာ ဟိုချီမင်းစတော့ အိတ်ချိန်းဈေးကွက်သို့ စာရင်းတင်ပြီး တစ်ပတ်အကြာ တွင် လျင်မြန်စွာမြင့်တက်လာခဲ့ပြီး ဗီယက်နမ်အစိုးရပိုင်လေကြောင်းလိုင်း Vietnam Airlines ၏ ဈေးကွက်တန်ဖိုးကို ကျော်လွန်သွားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြသွားခဲ့သည်။ VietJet သည် ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ဗီယက်နမ်လေကြောင်းလိုင်း ဖြစ်ပြီး ၎င်းတို့၏လေယာဉ်မယ်များမှာ ဘီကီနီများဝတ်ဆင်ကာ လေယာဉ်ပေါ်တွင် ၀န်ဆောင်မှု ပေးသဖြင့် ဗီယက်နမ်၏ဘီကီနီလေကြောင်းလိုင်းဟုလည်း လူသိများသည်။ ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သော ဈေးကွက်တန်ဖိုးများအရ VietJet ၏ တန်ဖိုးမှာ ဒေါ်လာ ၁.၈ ဘီလီယံရှိခဲ့ပြီး ဒေါ်လာ ၁.၇ ဘီလီယံတန်ဖိုးရှိသော ပြိုင်ဘက် Vietnam Airlines ထက်

အာရှ၏ ဆောက်လုပ်ရေး ကုန်ကျစရိတ် အမြင့်မားဆုံးမြို့များ စာရင်းတွင် စင်္ကာပူ အဆင့် ၃ ၌ ရပ်တည်နေ

အိမ်ခြံမြေဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး အာရှ၏တန်ဖိုးအကြီးဆုံးမြို့တော်များ စာရင်းတွင် စင်္ကာပူနိုင်ငံမက တတိယနေရာ၌ရပ်တည်နေဆဲဖြစ်ကြောင်း နိုင်ငံတကာဗိသုကာဒီဇိုင်းနှင့် အတိုင်ပင်ခံအဖွဲ့ Arcadis မှ ထုတ်ပြန်သော စစ်တမ်းတစ်စောင် တွင် ဖော်ပြသွားခဲ့သည်။ Arcadis သည်ပြီးခဲ့သောအပတ်က နိုင်ငံတကာမြို့ကြီးများ၏ ဆောက်လုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်အညွှန်းကိန်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အာရှတွင် ဟောင်ကောင်၊ မကာအိုနှင့် စင်္ကာပူတို့က ထိပ်ဆုံး ၃ နေရာတွင် ရပ်တည်ခဲ့ကြသည်။ သိုရရာတွင် ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းတွင်တော့ စင်္ကာပူသည် ဆောက်လုပ်ရေးကုန်ကျစရိတ်အဆင့် ၁၅ တွင်သာရပ် တည်ခဲ့ပြီး လွန်ခဲ့သော နှစ်ကထက် ၂ ဆင့်ကျဆင်းသွားခဲ့ကြောင်းသိရသည်။ Arcaids ၏ ဖော်ပြချက်အရ စင်္ကာပူသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း စီးပွားရေးပြန်လည်ဦးမော့လာခဲ့သဖြင့် ဆောက်လုပ်ရေး ဆိုင်ရာကုန်ကြမ်းထောက်ပံ့တင်သွင်းမှုများရရှိလာကာ တန်ဖိုးအကြီးဆုံး စာရင်းမှ

အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဆင့်၌ ရှန်ဟိုင်းမြို့ ထိပ်ဆုံးမှ ရပ်တည်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း အာရှပစိဖိတ်ဒေသအိမ်ခြံမြေ ဆိုင်ရာရင်းနှီးမြှုပ်နှံမှု အဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံ၏ရှန်ဟိုင်းမြို့က ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှန်ဟိုင်းမြို့သည် ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအဆင့်သတ်မှတ် ချက်တွင်လည်း နယူးယော့ခ်၊ လန်ဒန်၊ လော့အိန်ဂျလိစ်နှင့် ပဲရစ်မြို့တို့၏နောက် အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း China Money Network ၀က်ဘ်ဆိုက်မှဖော်ပြသွားခဲ့သည်။ China Money Network သည် အိမ်ခြံမြေဆိုင်ရာအတိုင်ပင်ကုမ္ပဏီ Jones Lang Lasalle မှ စာရင်းဇယားနှင့် အချက်အလက်များ ရယူ၍ ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ ရှန်ဟိုင်းမြို့၏ အင်အားကောင်းမွန်သော အိမ်ခြံမြေ ဈေးကွက်လှုပ်ရှားမှုများနောက်ကွယ်တွင် အမေရိကန်ဒေါ်လာ ၂.၉၁ ဘီလီယံတန်ဖိုးရှိသော Century Link အိမ်ခြံမြေ၀ယ်ယူမှုတစ်ခုလည်း ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း

Yahoo ၏ အင်တာနက်ဝန်ဆောင်မှု အစိတ်အပိုင်းကို ဒေါ်လာသန်း ၃၅၀ လျှော့ပြီး Verizon ကုမ္ပဏီ ၀ယ်ယူတော့မည့်

အမေရိကန် အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ Verizon အနေဖြင့် မူလသဘောတူညီထားသည့် တန်ဖိုးထက် ဒေါ်လာသန်း ၃၅၀ လျော့နည်းပြီး Yahoo ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မှုအပိုင်းကို ၀ယ်ယူတော့မည်ဖြစ်ကြောင်းသိရသည်။ Yahoo အနေဖြင့် ပြီးခဲ့သော နှစ်အတွင်းက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ကြုံတွေ့ခဲ့ရပြီး နောက် အင်တာနက်ဝန်ဆောင်မှုအစိတ်အပိုင်းကို ရောင်းချမည့် အစီအစဉ်ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ စုစုပေါင်းတန်ဖိုးဒေါ်လာ ၄.၄၈ ဘီလီယံဖြင့် အပြီးသတ်ရောင်းချနိုင်တော့မည်ဖြစ် သည်။ Verizon ကုမ္ပဏီသည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းက မီဒီယာ ကုမ္ပဏီတစ်ခုဖြစ် သော AOL ကို ဒေါ်လာ ၄.၄ သန်းဖြင့် ၀ယ်ယူလိုက်ပြီး Yahoo ကုမ္ပဏီ၏ အင်တာနက်ရှာဖွေ ရေး၊ အီးမေးလ်၊ မက်ဆင်ဂျာနှင့် အခြားကြော်ငြာဝန်ဆောင်မှုနည်းပညာများကို

Top