You are here
Home > Car News (Page 2)

မန္တလေး၌ ကုန်တင်ယာဉ် ရပ်နားစခန်းအသစ် တည်ဆောက်မည်

မန္တလေးမြို့၌ ကုန်တင်ယာဉ် ရပ်နားစခန်း အသစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းအစီ အစဉ်ကို မြို့တော်ဝန်ထံ တင်ပြထားသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောသည်။ မန္တလေးမြို့ စက်မှုဇုန်အနီး လမ်းမများတွင် ကုန်တင်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားရခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် ကုန်တင်ယာဉ် ရပ်နားစခန်းအသစ် တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းကုန်တင်ယာဉ်ရပ်နားစခန်းကို လာမည့်ဘတ်ဂျက်အတွင်း တည်ဆောက်ရန် ရည်မှန်း ထားကြောင်း ၎င်းက ပြောသည်။ “ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ဖို့ မြို့တော် ၀န်ထံ တင်ပြထားပါတယ်။ ကုန်တင်ကားတွေလမ်းပေါ်မှာ အချိန်ကြာမြင့်စွာ ရပ်နားထားရတဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်ပေါ်လာတာကို ဒေသခံတွေကတိုင်ကြားလာတယ်။ ဒါကြောင့် ကုန်တင်ယာဉ်ရပ်နားစခန်းအသစ် တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့

သစ်၊ ကား၊ ရွှေ အခွန်နှုန်းများ ပြန်လည်ပြင်ဆင်

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကြမ်း၌ ကားတင်သွင်းရာတွင် ကောက်ခံမည့် အထူးကုန်စည်ခွန်၊ သစ်ထုတ်လုပ်ရာတွင် ကောက်ခံမည့် အခွန်၊ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်တို့ အပေါ် ကောက်ခံမည့် အခွန်နှုန်းထား များကို တိုးမြှင့်ထားပြီး ရွှေထည်လက် ၀တ်ရတနာများကို ကောက်ခံမည့် အခွနှ်ုန်းထားကို ပြန်လည်ပြင်ဆင်လျှော့ချထားကြောင်း သိရသည်။ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီး တို့အပေါ်တွင် ကောက်ခံသည့်အခွန်နှုန်းထားကို တိုးမြှင့်ထားသော်လည်း ရွှေထည်လက်ဝတ်ရတနာများအပေါ် အခွန်နှုန်းထား လျှော့ထားကြောင်း ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံး သပ်ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။ “ရွှေက တကယ်တမ်းကျတော့ လက်လုပ်လက်စားပြည်သူလူထု ဆင်းရဲသားတွေ ၀တ်တာများပါ တယ်။ ဒါကြောင့် ရွှေနဲ့ ပတ်သက်ပြီး အခွန်ကို လျှော့စေချင်တယ်။ ပြည်သူကိုလည်း

ဆိပ်ကမ်း၌ ထုတ်ယူခြင်းမရှိသော ကားများကို လေလံတင်မည်

ပြည်ပနိုင်ငံများမှ တင်သွင်းလာပြီး ဆိပ်ကမ်း၌ ရက်ပေါင်း ၆၀ အတွင်း လာရောက် ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ခြင်းကြောင့် ယင်းကားများကို လေလံတင်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောသည်။ ဆိပ်ကမ်း၌ လာရောက်ထုတ်ယူခြင်းမရှိသည့် ကားအများစုသည် မော်ဒယ်နှစ်ကွဲလွဲပြီး တင်သွင်းလာခြင်း၊ အရောင်းစင်တာများကို ပိတ်သိမ်းခြင်းတို့ကြောင့် တာဝန်ခံပြီး လာရောက် ထုတ်ယူမည့်သူမရှိခြင်းတို့ကြောင့် ယင်းကားများကို လေလံတင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “တင်သွင်းလာတဲ့ကားအများစုက ၂၀၁၅-၂၀၁၆ မော်ဒယ်နှင့် မှားယွင်းတင် သွင်းလာတဲ့ ကားအများစု ဖြစ်ပါတယ်။ ဆိပ်ကမ်းမှာ နေရာအခက်အခဲ ဖြစ်ပေါ်နေတဲ့အတွက် ယခုကဲ့သို့ လေလံတင်စီစဉ်ရခြင်းဖြစ်ပါတယ်။ လာရောက်မထုတ်ယူတဲ့ကားတွေကို နှစ်စဉ် လေလံတင်လေ့ရှိရာမှာ ဒီနှစ်အတွက် ပထမဆုံးအကြိမ်ကား အစီးရေ ၂၀၀၀

Top