You are here
Home > Car News

၉၅ မော်ဒယ်အောက် ဘတ်စ်ကားများကို ကားသစ်များဖြင့် အစားထိုးလဲလှယ်မည်

၁၉၉၅ မော်ဒယ်အောက်ဘတ်စ်ကားများကို လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားမည်ဖြစ်ပြီး ယင်းကားများကို ၂၀၁၇ ခုနှစ်ထုတ် ကားသစ်များဖြင့် အစားထိုးလဲလှယ်ပေးရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင်က ပြောသည်။ ၁၉၉၅ မော်ဒယ်ကားဟောင်းများအစား ၂၀၁၇ ခုနှစ်ထုတ် Yutong နှင့် ANKAI ကားသစ်များဖြင့် အစားထိုးလဲလှယ်ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းကိုဆောင်ရွက်နိုင်ရန် အတွက် လက်ရှိတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဘတ်စ်ကားသစ် အစီး ၃၅၀ ရောက်ရှိနေပြီ ဟု ၎င်းက ပြောသည်။ “ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ၉၅ အောက်ဘတ်စ်ကားအားလုံး ဖယ်ရမှာပါ။ အဲဒီနေရာမှာ အစားထိုးနိုင်ဖို့ Yutong

ကားစလစ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

ပြည်တွင်းကားဈေးကွက်၌ စလစ်ဈေးနှုန်းများသည် ယခင်က ကျပ်သိန်း ၁၀၀ ကျော် ရှိသော်လည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့မှ စတင်၍ ကျပ် ၉၂ သိန်းကျော်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း ကားအရောင်းအ၀ယ် ပြုလုပ်သူများထံမှ သိရသည်။ ကားအရောင်းပြခန်းများတွင် အိမ်စီးစလစ်ဖြင့် ကားဝယ်ယူပါက ရန်ကုန်လိုင်စင်ရရှိမည် ဆိုသော သတ်မှတ်ချက်ကြောင့် ကားဈေးကွက်အတွင်း စလစ်ထုတ်ရောင်းသူ ပိုမိုများပြားလာ ကြောင်း၊ စလစ်ဈေးနှုန်းကျဆင်းနေသော်လည်း ကားဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး ရန်ကုန်ကားဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သူ နည်းပါးနေကြောင်း၊ လက်ရှိကားဈေးကွက်တွင် နယ်ဝယ်လက်များကို အားကိုးနေရပြီး ကာလရှည်ပိတ်ထားသော ရန်ကုန်လိုင်စင်ဈေးကွက်မှာ ဈေးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။ “၉၅ မော်ဒယ်ဘတ်စ်ကားအဟောင်းတွေကို ဇွန်လ ၂၀ ရက်နောက်ဆုံးထားအပ်နှံရမယ်ဆိုတော့ ဈေးကွက်မှာ ဘတ်စ်ကားစလစ်ပေါ်ထွက်လာတယ်။

သယ်ယူပို့ဆောင်မူ ကုန်ကျစရိတ်နည်းရန် လုပ်ဆောင်နေဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်းတိုင်းအတွင်းကုန်စီးဆင်းရာတွင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ အစိုးရသစ်တာဝန်ယူပြီးပြီးချိန်မှစ၍ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် လျော့ကျစေရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်သည် ကုန်စ္စည်းတန်ဖိုးစုစုပေါင်း၏ ၃၀ ရာခိုင်နှန်းခန့်ရှိနေကြောင်း ကုန်စီးဆင်းတွင် သယ်ယူပို့ဆောင်ရေးစရတ်များ လျောနည်းစေရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ တံတား ၉ စင်းဖြတ်သန်းခ ကောက်ခံနေမူကို ပြီးခဲ့သည့် ဧပြီလမှစတင်၍ ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က မေလ ၂၀ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ကုန်စည်စီးဆင်းမူအတွက်

၉၅ မော်ဒယ်အောက် ခရီးတင်ကားများကို ရန်ကုန်လိုင်စင်ထုတ်ပေးမည်

၁၉၉၅ မော်ဒယ်အောက် ခရီသည်တင်ကားများအပ်နှံပါက ပြန်လည်တင်သွင်းမည်ကားများကို ရန်ကုန်လိုင်စင်ထုတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။ ၁၉၉၅ မော်ဒယ်အောက် ခရီသည်တင်ကားများကို ဇွန်လ ၂၀ ရက်နေ့နောက်ဆုံးထားပြီး အပ်နှံရန် ညွန်ကြားထားကြောင်း လက်ရှိတွင် ရန်ကုန်လိုင်စင်ကို Brand New အရောင်းပြခန်းများတွင် စလစ်ကပ်ဝယ်ယူပါက ခွင့်ပြုလျက်ရှိပြီး အသစ်ထပ်မံရောက်ရှိလာမည့်တရုတ်နိင်ငံထုတ် ဘတ်စ်ကားများကို ရန်ကုန်လိုင်စင် ချထားပေးရန် ရည်ရွယ်ထားကြောင့် ဒေါက်တာမောင်အောင်ကပြောသည်။ ရန်ကုန်လိုင်စင်ကို ပြန်လည်ခွင့်ပြုမယ်ဆိုရင် ပြည်ပက ကားတင်သွင်းမူ ပြန်လည်မြင့်တက်လာမှာပါ။ ကားဈေးနှန်းအနည်းငယ် ကျဆင်းနေပေမယ် အရောင်းအ၀ယ်ပြန်ကောင်းလာနိုင်ပါတယ် ဟု ကားအရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးကပြောသည်။

ဘတ်စကားမှတ်တိုင်များတွင် မသန်စွမ်းသူများ အသုံးပြုနိုင်ရန် ဇီဒိုင်းရေးဆွဲမည်

ရန်ကုန်တိုင်းဒေသအတွင်း အသစ်ဆောက်လုပ်မည့် လမ်းပလက်ဖောင်းနှင့် မှတ်တိုင်းများတွင် မသန်စွမ်းသူများ အသုံးပြုနိင်ရန် ဒီဇိုင်းထည်သွင်းရေးဆွဲသွားမည်ဟု လျှပ်စစ် စက်မူ လက်မူနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။ ရန်ကုန်တိုင်းအတွင်းနိုင်ငံတကာ အဆင့်မှီ ဘတ်စကားမှတ်တိုင်များကို ပထမအဆင့်အနေဖြင့် ၂၅၀ ဒုတိယအဆင့်အနေဖြင့် ၂၅၀ ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူရွှေးချယ်ထားပြီး မကြာမီဆောက်လုပ်တော့မည်ဖြစ်ကြောင်း အသစ်ဆောက်လုပ်မည် မှတ်တိုင်း ၅၀၀ ကို အလှူရှင်များနှင့် အစိုးရ ပူပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းကပြောသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်နဲ့ လမ်းတွေ ပလက်ဖောင်းတွေကို အဆင်မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။မျက်နှာပြင်တွေအတွက်လျှေက်လမ်းတွေ မသန်စွမ်းသူတွေအတွက် အစဉ်ပြေစေမယ် အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက်သွားမှာပါဟု ၄င်းကပြောသည်။

YBS ကားများကို ကားအသစ်များဖြင့် လဲလှယ်မည်ဟုဆို

YBS ယာဉ်အစီးရေ ၂၀၀၀ ကျော်ကို မေလအကုန်ပိုင်း၌ ကားအသစ်များဖြင့် လဲလှယ် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။ လက်ရှိ ပြေးဆွဲနေသော ကားအဟောင်းများကို အစိုးရနှင့် ကုမ္ပဏီများမှ ၀ယ်ယူထား သော ကားအသစ်များဖြင့် လဲလှယ်သွားမည်ဖြစ်ကြောင်း၊ ယာဉ်လမ်းကြောင်းပြေးဆွဲမှုများကိုလည်း တစ်ဆင့်တည်းဖြင့် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိနိုင်မည့် လမ်းကြောင်းမျိုးဖြသ်အောင် လေ့လာဆန်းစစ်၍ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “မေလကုန်လောက်မှာဆိုရင် ကားအစ်အစီးရေး ၂၅၀၀ လောက်ရောက် မယ်။ အစိုးရ ၀ယ်ထားတာကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ ကုမ္ပဏီက ၀ယ်ထားတဲ့ အစီးရေ ၁၀၀၀ ကျော်လောက်ကလည်း မေလကုန်လောက်မှာ ရောက်မှာပါ။ အသစ်လဲဖို့က အစီးရေ

YBPC ရှယ်ယာ အမြတ်ခွဲဝေနိုင်ခြင်းမရှိသေးဟုဆို

ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီ(YBPC) အနေဖြင့် ပြေးဆွဲကာလတစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ရှယ်ယာရှင်များကို အမြတ်များခွဲဝေပေးနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီကို ၂၀ဩ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို အဆင့်မြှင့်တင်ရန် အပေါ့များ အမြန်ဘတ်စ်ကားစနစ် (BRT Lite)ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစုပေါင်းကျပ် ၂၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း၊ အများပြည်သူများသို့ ရှယ်ယာလက်မှတ် ၅ ဘီလီယံရောင်းချရန် မျှေ်မှန်းထားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရောင်းချခဲ့ကြောင်း၊ ရှယ်ယာတစ်ခုလျှင် ကျပ်တစ်သိန်း သတ်မှတ်ထားပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရိလကုန်အထိ ရှယ်ယာလက်မှတ် ၂.၄ ဘီလီယံရောင်းချခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရှယ်ယာနှစ်ကြိမ်ထုတ်ရောင်းရာမှာ

အပ်ကုန်စနစ်ဖြင့် တင်သွင်းသောကားများ မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်

ကားအရောင်စင်တာများမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းခဲ့သော ကားအစီးရေ ၇၀၀၀ ကျော်ခန့် ရှိပြီး ယင်းကားများကို လာမည့်ဇွန်လကုန်အထိ မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရးမှူးချုပ် ဦးမင်းမင်းက ပြောသည်။ အပ်ကုန်စနစ်ဖြင့် ပါမစ်ကားများကို နောက်ဆုံးသက်တမ်းတိုးပေးထားသော ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ မရောင်းချနိုင်ပါက ဆင်လက်ခွင့်ြုပုတော့မည် မဟုတ်ကြောင်း၊ အပ်ကုန်စနစ်ကားများကို ပြီးခဲ့သည့် ဖောဖော်ဝါရီလ၌ နှစ်ကြိမ်ထက်မနည်း သက်တမ်းတိုးခွင့် ပြုခဲ့ပြီးဖြစ်ခြင်းကြောင့် ယခုဇွန်လ ပြီးဆုံးပါက သက်တမ်းတိုးခွင့်ပြုတော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ “အပ်ကုန်စနစ်နဲ့ ရောင်းချဖို့ တင်သွင်းလာတဲ့ကားတွေကို လုပ်ငန်းရှင်အချို့ ကတော့ အစိုးရအဖွဲ့ကို လှူဒါန်းတာတွေ၊ လျှော့ဈေးနဲ့ ရောင်းချတာတွေ ပြုလုပ်နေပါပြီ။ စလစ် ဈေးကလည်း ထင်သလောက်မကျတော့

အစိုးရမှ သင့်တင့်သည့်ဈေးဖြင့် ၀ယ်ယူပါက ဘတ်စ်ကားများ ရောင်းချမည်ဟုဆို

ရန်ကုန်တိုင်းအစိုးရအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ၀ယ်ယူမည်ဆိုပါက ရန်ကုန်တိုင်းအစိုးရအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ၀ယ်ယူမည်ဆိုပါက မိမိတို့ပိုင်ယာဉ်များကို ရောင်းချသွားမည်ဟု ဘတ်စ်ကားပိုင်ရှင်အချို့က ပြောသည်။ ရန်ကုန် ဘတ်စ်ကားအများပိုင်စနစ်၌ ပါဝင်ပြေးဆွဲရန် အခက်အခဲရှိနေသော ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိပိုင်ကားများကို အစိုးရမှ သင့်တင့်သည့် ဈေးဖြင့် ၀ယ်ယူမည်ဆိုလျှင် ရောင်းချမည်ဟု ဘတ်စ်ကားပိုင်ရှင်တစ်ဦးက ပြောသည်။ “၁၉၉၅ ခုနှစ် မော်ဒယ်အောက်ဘတ်စ်ကားတွေ အားလုံးကို အရည်ကျိုအပ်နှံစေဖို့အပါအ၀င် အများပိုင် ကုမ္ပဏီလက်ခံအောက်မဟုတ်ဘဲ ကိုယ့်ကားကိုယ်ကြီးကြပ်ခွင့်ရစေဖို့တောင်းဆိုထားပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေထဲမှာ ၁၉၉၅ အောက်ကားစီးရေ ၁၇၀၀ ကျော်ဝန်းကျင်ရှိပါတယ်။ ရန်ကုန်ဘတ်စ်ကားအများပိုင်စနစ်မှာ ပါဝင်ပြေးဆွဲဖို့အခက်အခဲရှိနေ တဲ့ယာဉ်ပိုင်ရှင်တွေကလည်း သူတို့ရဲ့ ကားတွေကို အစိုးရက သင့်တင့်တဲ့ ဈေးနဲ့ ၀ယ်မယ်ဆိုရင် ရောင်းချလိုကြတယ်” ဟု ၎င်းက ပြောသည်။ မိမိတို့ပိုင်ယာဉ်များကို ရောင်းချသွားမည်ဟု

ယာဉ်အိုဟောင်းစလစ် တင်သွင်းမှုကို ကြိုတင်ခွန်ကောက်ခံမည်

ယာဉ်အိုဟောင်း အပ်နှံမှုစလစ်ဖြင့် ကြိုတင် ၀င်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှဥည့် ပြေစာဖြင့် တင်သွင်းခွင့်ပြုသည့် ကားများ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်မြင့်တက်လာခြင်း၊ တန်ဖိုးကြီး မော်ဒယ်မြင့်ကားများသာ တင်သွင်းနိုင်ခြင်း၊ ယာဉ်အိုဟောင်းစလစ်ျြဖင့် တင်သွင်းမည့်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းကားဈေးနှုန်း မြင့်တက်လာနိုင်သည်ဟု ကားဝယ် ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ဧပြီလမတိုင်ခင်မှာ 1800 CC အင်ဂျင်ကားတွေ ဈေးထိုးတက်နိုင်တယ်။ အရင်တုန်းက အဲဒီကားတွေအခွန်လွတ်တယ်။ အခုတော့ အခွန်မလွတ်တော့ဘူးဆိုတော့ ဧပြီလမတိုင်ခင်မှာ သိန်း ၅၀ ကနေ ၇၀ လောက်အထိ ဈေးနှုန်းမြင့်တက်လာနိုင်တယ်။ စလစ်ဈေးလည်း ကျပ် ၁၁၅ သိန်းလောက် ဖြစ်လာနိုင်တယ်” ဟု

Top