You are here
Home > Business News

ခါကာဘိုရာဇီဒေသကို ကမ္ဘာ့စာရင်းဝင်နယ်မြေအဖြစ် အဆိုပြုမည်

ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် ယခုစက်တင်ဘာလကုန်တွင် အဆိုပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ခါကာဘိုရာဇီဒေသကို ကမ္ဘာ့စာရင်းဝင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်အတွက် စက်တင်ဘာလကုန်တွင် ပထမအကြိမ်အစီရင်ခံစာတင်သွင်းပြီး ၂၀၁၈ ဖေဖော်ဝါရီလတွင် နောက်ဆုံးအစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။ “ခါကာဘိုရာဇီဒေသက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာအောင် ကြွယ်ဝ တဲ့အချက်အလက်တွေ ရှိပါတယ်။ ဒါကို ပထမအကြိမ်တင်သွင်းမှာပါ။ ဒုတိယအကြိမ်မှာတော့ ဒီဒေသမှာရှိတဲ့ အပင်တွေ၊ အကောင်တွေကိုတင်သွင်းမှာပါ”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးနှုန်းထား ပြောင်းလဲကောက်ခံသွားရန် မရှိဟုဆို

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီမှ ၂၀၁၁ ခုနှစ်မှ စတင်၍ ၁၀ နှစ်စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၀င်ကြေးနှုန်းထားကောက်ခံရာတွင် ပြောင်းလဲကောက်ခံသွားရန် အစီအစဉ်မရှိသေး ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ လှော်ကားဥယျာသ်နှင့် တိရစ္ဆာန် ဥယျာဉ်တို့ကို စိစစ်လေ့လာသုံးသပ်ပြီး ၀င်ကြေးနှုန်းထားများကို ပြုပြင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောကြားခဲ့သည်။ “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ဖွင့်လှစ်ထားတဲ့ ရည်ရွယ်ချက်က လာရောက်တဲ့ပြည်သူတွေ အပန်းဖြေပျော်ရွှင်ဖို့၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ သတ္တဗေဒနဲ့ ရုက္ခဗေဒဘာသာရပ်တွေ လေ့လာရာမှာ အထောက်အကူရရှိ စေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်ဖို့၊ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင် ဖို့နဲ့ သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ အထောက်အကူပြုဖို့ရည်ရွယ်ပြီး

နိုင်ငံအတွင်း လေဆိပ် ၃ ခုကို အဆင့်မြှင့်တင်မည်

နိုင်ငံအတွင်းရှိ ဟဲဟိုးလေဆိပ်၊ မော်လမြိုင်လေဆိပ်နှင့် ကော့သောင်းလေဆိပ်တို့ကို နိုင်ငံတကာမှ လေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန် အတွက် အဆင့်မြှင့်တင်သွားမည်ဟု ပြည်တွင်းလေကြောင်းညွှန်ကြားမှု ဦးစီးဌာန၊ စီချိန်စံညွှန်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနခွဲမှ ညွှန်ကြားရေး မှူးဦးကျော်စိုးက ပြောသည်။ အဆိုပါလေဆိပ် ၃ ခုရှိ လေယာဉ်ပြေးလမ်းနှင့် လေယာဉ်အဆောက်အအုံများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လေကြောင်းအဖွဲ့ချုပ်မှ ပြဋ္ဌာန်းထားသည့် စံချိန်များနှင့်အညီ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဟဲဟိုး၊ မောင်လမြိုင်၊ ကော့သောင်းလေဆိပ်တွေကို နိုင်ငံတကာလေယာဉ်တွေ တိုက်ရိုက်ဆင်းသက်နိုင်ဖို့ အဆင့်မြှင့်တင်မှာပါ။ နိုင်ငံတကာအဆင့် မဟုတ်ပေမယ့် Semi International အဆင့် အထိ အဆင့်မြှင့်တင်သွားမှာပါ။ နိုင်ငံတကာလေဆိပ်အဆင့်ကိုတော့ နောက်တစ်ဆင့်မှ ဆက်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီလေဆိပ်တွေမှာ နိုင်ငံတကာလေယာဉ်တွေ ဆင်းသက်မှာဖြစ်လို့ အကောက်ခွန်နဲ့ လူဝင်မှုကြီး ကြပ်ရေးတို့ကိုလည်းထားပေးသွားမှာပါ။

ခရီးသွားလာရေးဥပဒေ အတည်ပြုပြီးပါက လိုင်စင်များကို တိုင်းနှင့်ပြည်နယ်များတွင် လျှောက်ထားနိုင်

မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေ အတည်ပြုပြီးပါက ခရီးသွားလုပ်ငန်းများလိုင်စင်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးခွဲများတွင် လျှောက်ထားရရှိနိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။ အဆိုပါ ဥပဒေအတည်ပြုပြီးပါက ခရီးသွားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းလိုင်စင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးခွဲများမှ လုပ်ကိုင်ပေးရမည်ဖြစ်ခြင်းကြောင့် ကြိုတင်ပြင်ဆင်းထားရန်လိုအပ် သည်ဟု ပြည်စုဝန်ကြီး ဦးအုန်းမောင်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ရုံးခွဲတာဝန်ခံများကို တိုက်တွန်းပြောကြားထားသည်။ “ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်နှင့် တည်းခိုခန်းလိုင်စင်၊ ဟိုတယ်ဆောက်လုပ်မှုနဲ့ ပြုပြင်မွမ်းမံမှု ခွင့်ပြု မိန့်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်နှင့် ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်တို့ကို စိစစ်ထုတ်ပေးနေပါတယ်။ လက်ရှိလုပ်ငန်းလိုင်စင်တွေကို နေပြည်တော်မှာ ရှိတဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့အတွက် အချိန်ကြန့်ကြာမှုတွေ

ပြည်တွင်းရွှေဈေးဆက်လက်မြင့်တက်နိုင်

ပြီးခဲ့သည့် ဇွန်လမှ စတင်၍ တဖြည်းဖြည်းမြင့်တက်လာခဲ့သော မြန်မာ့ရွှေဈေးသည်စက်တင်ဘာလ ၈ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၉၅၂.၅၀၀ အထိ မြင့်တက်လာပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေသည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။ ပြည်တွင်းရွှေဈေးကွက် မြင့်တက်ခြင်းသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိပေါက်ဈေးထက် ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ရန်ကုန်မြို့ခံရွှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “ရွှေဈေးစတင်မြင့်တက်ခဲ့တဲ့ ဇွန်လကစပြီး အခုထိ ရွှေအရောင်းအ၀ယ်တွေ ဆက်တိုက်ပါးနေတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း ပြည်တွင်းရွှေဈေးက စံချိန်တင်မြင့်တက်မှုနဲ့အတူ ကျပ်ကိုးသိန်းနီးပါးအထိ ရှိခဲ့ပါတယ်။ လက်ရှိရွှေဈေးမြင့်တက်မှုက ၉၅၀၀၀၀ ကျော်နေပါပြီ။ ထပ်ပြီး ရွှေဈေး မြင့်တက်နိုင်ပါတယ်။ ရွှေဈေးကွက် မတည်ငြိမ်တဲ့အတွက် ရွှေအရောင်းအ၀ယ်ပါးနေလို့ ဈေးကွက် တည်ငြိမ်စေလိုပါတယ်” ဟု ၎င်းက

မြန်မာပြည်သူများ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ရန် ဂျပန်ကူညီမည်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အစိုးရတို့၏ ညှိနှိုင်းမှုများအရ မြန်မာပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရန် ဂျပန်အစိုးရမှ အကူအညီပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရန်အတွက် အိမ်ရာချေးငွေ အစီအစဉ်ကို ဂျပန်အစိုးရမှ လာမည့်နှစ်တွင် စတင်ပေးအပ်မည်ဖြစ်ကြောင်း၊ ပေးအပ်မည့်ပမာဏကို နှစ်နိုင်ငံညှိနှိုင်းဆဲဖြစ်နေ၍ မသိရသေးကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုါ်ရေးဘဏ် ဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။ “နိုင်ငံတော်အတိုင်ပင်ခံက ပြီးခဲ့တဲ့နှစ်မှာ ဂျပန်နိုင်ငံ ကို ရောက်ရှိစဉ် အိမ်ရာကဏ္ဍနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရနဲ့ ဆွေးနွေးမှုတွေရှိခဲ့လို့ ဂျပန်အစိုးရက ကူညီပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဘယ်လောက် ချေးမယ်ဆိုတဲ့ ပမာဏကို မသိရသေးပါဘူး။ အစိုးရအချင်းချင်းချိတ်ပြီး ညှိနှိုင်းနေပါတယ်။ လာမယ့်နှစ်မှာ ချေးငွေရမယ့် သဘောရှိပါတယ်”

ကြက်သွန်နီလက်ကျန်နည်းနေ၍ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ

နိုင်ငံအတွင်း ကြက်သွန်နီလက်ကျန် နည်းပါးနေခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းသည် ၂ လအတွင်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မီးဖို့ချောင်းသုံးသီးနှံထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။ ပြီးခဲ့သည့်နှစ် ကြက်သွန်စိုက်ပျိုးသည့် ရာသီ၌ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးထားသော ကြက်သွန်နီ စုစုပေါင်း၏ ပမာဏ လေးပုံတစ်ပုံခန့် ပျက်စီးခဲ့ပြီး မိုးကြက်သွန်နီပေါ်ရန် နှစ်လခန့်လိုအပ်နေသော အချိန်၌ ပြည်တွင်းလက်ကျန် နည်းပါးနေ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ ဘုရင့်နောင်ကုန်စည်ဒိုင်၌ တစ်ပိဿလျှင် ၂၂၀၀ ကျပ်ခန့် အမြင့်ဆုံးဈေးရှိပြီး ပြီးခဲ့သည့် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက နှစ်လအတွင်း တစ်ပိဿလျှင် ၇၀၀ ခန့် ဈေးမြင့်တက်လာကြောင်း ၎င်းက ပြောသည်။ “က်ြသွန်နီလက်ကျန်နည်းနေတဲ့အချိန်ဖြစ်လို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၃ သိန်း ရောင်းချမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၃ သိန်းကို GtoG စနစ်ဖြင့် တင်ပို့ရောင်းချရန် နားလည်မှုစာချွန်လွှာ ကို စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ အစိုးရသစ်သက်တမ်းအတွင်း ပထမဆုံးလယ်ယာထွက်ကုန်နားလည်းမှု စာချွန်လွှာဖြစ်သော အဆိုပါဆန်အရောင်းအ၀ယ်စာချုပ်တွင် ဧည့်မထအုပ်စုဝင် ဆန်အမျိုးအစားများကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းကို သတ်မှတ်ထားမှုမရှိသေးဘဲ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ဈေးနှုန်း ညှိနှိုင်း၍ ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ဆန်တန်ချိန် ၁ သန်း လောက် ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ အခြားနိုင်ငံတွေကို ဆန်တန်ချိန် ၁ သန်း လောက် တင်ပို့ထားပြီးဖြစ်လို့ တန်ချိန် ၃ သိန်းလောက်ကိုပဲ MoU ရေးထိုးခဲ့တာပါ။ ၀ယ်မယ့်

၂၀၂၆ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဘီလီယံ ၀င်ရောက်ရန် မျှော်မှန်းထား

၂၀၂၆-၂၀၃၀ ဘဏ္ဍာရေးနှစ်များအတွင်း နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်လျှင် ၁၁ ဘီလီယံခန့် ၀င်ရောက်ရန် မျှော်မှန်းထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက နေပြည်တော်တွင် စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော Myanmar Global Investment ဖိုရမ်၌ ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲရာတွင် ရေရှည်စီမံကိန်းအနေဖြင့် ၂၀၂၁-၂၀၂၅ အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှစ်စဉ်ဒေါ်လာ ၈ ဘီလီယံဝင်ရောက်ရန်နှင့် ၂၀၁၆-၂၀၂၀ ပြည့်နှစ်များတွင် နှစ်စဉ် ၆ ဘီလီယံခန့် ၀င်ရောက်ရန် မျှော်မှန်းထားကြောင်း ၀န်ကြီးက ပြောသည်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက နိုင်ငံအတွက် အလုပ်အကိုင်၊ နည်းပညာ နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အရးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါကြောင့်

အာဆီယံနိုင်ငံများ ပူးပေါင်း၍ လေကြောင်းဈေးကွက် ထူထောင်မည်ဟုဆို

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ကြီးမားသော လေကြောင်းဈေးကွက်တစ်ခုထူထောင်ရန် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သောအာဆီယံလေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖော်ဆောင်ရေးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။ ၆ ကြိမ် မြောက်ကျင်းပပြုလုပ်ခဲ့သော အာဆီယံလေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖော်ဆောင်မှု အစည်းအဝေးကို လာအိုနိုင်ငံတွင် စက်တင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC ကို ဖော်ဆောင်ရာတွင် ပါဝင်သော အာဆီယံ၏ တစ်ခုတည်းသော လေကြောင်း ဈေးကွက်ဖော်ဆောင်ရေးကို ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။ “အာဆီယံလေကြောင်း ဈေးကွက်ကြီးကို ဖော်ဆောင်ပြီးရင်တော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဗီဇာ မလိုဘဲ သွားရောက်နိုင်ခြင်း၊

Top