You are here
Home > 2017 > September (Page 2)

ဝါးတင်ပို့ရောင်းချရာတွင် အခွန် ၁၀ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်သာ ပေးဆောင်ရမည်

ဝါးများကို နိုင်ငံခြားသို့တင်ပို့ရောင်းချရာတွင် ပေးဆောင်ရမည့် သစ်တောခွန် ၁၀ ရာခိုင်နှုန်းကို ယခင်က ဒေါ်လာဖြင့် ပေးဆောင်ရသော်လည်း မြန်မာကျပ်ငွေဖြင့်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့၌ ရန်ကုန်မြို့ရှိ ကုန်သည်/စက်မှုအသင်းချုပ်တွင် နိုင်ငံတော်သမ္မတ ဦးမြင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးတွင် တင်ပြတောင်းခံခဲ့ရာ သက်ဆိုင်ရာဝန်ကြိးဌာန တာဝန်ရှိသူထံမှ နှုတ်ဖြင့် ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း တရားဝင်စာမထွက်သေးကြောင်း ၎င်းက ပြောသည်။ “ဒေါ်လာကို ဈေးကွက်မှာ ၀ယ်ရခက်လို့ တင်ပြခဲ့တာပါ။ နယ်စပ်မှာ လတ်တလော အခြေအနေဆိုးနေတော့ တရားဝင်သာကို မတောင်းရသေးပါဘူး။ နယ်မြေအေးချမ်းသွားရင် အားလုံးအဆင်ပြေသွားမှာပါ” ဟု ၎င်းက

တန်ဖိုးနည်းအိမ်ရာချေးငွေကို ၁၀ နှစ်မှ ၁၅ နှစ်အထိ တိုးမြှင့်မည်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တန်ဖိုးနည်းအိမ်ရာချေးငွေများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများအား ချေးငွေပြန်ဆပ်ရမည့် ကာလကို ၁၀ နှစ်အစား ၁၅ နှစ်အထိ တိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း ယင်းဘဏ်၏ ဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယအသုတ်ရောင်းချမည်ဖြစ်သော တန်ဖိုးနည်း အိမ်ရာများ၏ ချေးငွေသက်တမ်းကို တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် တွင် ၃၀ ရာခိုင်နှုန်းငွေ စုဆောင်းထားသူများအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချမည့် အိမ် ရာများကို ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တတ်နိုင်သမျှ ချေးငွေသက်တမ်းကို တိုးပေးဖို့ စီစဉ်နေပါတယ်။ ၁၀ နှစ်အစား ၁၅ နှစ်ကို တိုးပေးဖို့ ဒီနှစ်ထဲမှာ

၂၀၁၉ တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားဟုဆို

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ၂၀၁၉ ခုနှစ်အတွင်း ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားသည်ဟု စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် ဓာတ်သတ္တုပြပွဲသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းရှင်များအသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၄၀၀၀၀ ရရှိနိုင်ခြေရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၂၆၅၀ သာ ထုတ်လုပ်နိုင်သေးကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားအပြည့်အ၀ရရှိနိုင်ဖို့ ပလန်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ၂၀၁၉ အတွင်းမှာ ရာခိုင်နှုန်းအတော်များများ ဖြည့်ဆည်းပေးနိုင်မယ့် အစီအစဉ်တွေရှိတယ်။ အဲဒီအစီအစဉ်တွေမှာ LNG နဲ့ လုပ်မယ့် အစီအစဉ်တွေ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးနဲ့ လုပ်မယ့်

ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စီမံကိန်းနှင့် လုပ်ငန်းများ ရပ်တန့်ပေးရန် တောင်းဆို

ပုပ္ပါးတောင်ဒေသသဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စီမံကိန်းနှင့် လုပ်ငန်းများကို ရပ်တန့်ပေးရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု ပုပ္ပါးတောင်ချစ်သူများအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေက ပြောသည်။ ပုပ္ပါးတောင်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည်ဖြစ်သော မြေဧက ၂၀၀ ပေါ်တွင် ၂၀၀၅ ခုနှစ်မှ စတင်၍ဆောင်ရွက်နေသော အစိုးရပိုင် ပိုဇိုလန်ဘိလပ်မြေစက်ရုံစီမံကိန်းရပ်တန့်ပေးရန်၊ ပုပ္ပါးတောင်ပတ်လည် ရှိ တောင်ကုန်းတောင်တန်းများပေါ်တွင် ကျောက်တူးဖ်ာနေမှုများကို ရပ်တန့်ပေးရန် မန္တလေးတိုင်းအစိုးရထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။ “ပိုဇိုလန်စီမံကိန်းတည်နေရာက ဘူမိဗေဒပညုရှင်တွေရဲ့ အဆိုအရရေထိန်း ဧရိယာဖြစ်နေတယ်။ စီမံကိန်းဆက်လက်လုပ်ဆောင်မယ်ဆိုရင် ပုပ္ပါးတောင်ဒေသမှာ စိမ့်စမ်းရေတွေလျော့နည်းခမ်းခြောက်သွားမှာကို စိုးရိမ်ရတယ်။ စက်ရုံမလည်တာကလည်း နှစ်ကြာပါပြီ၊ တစ်နှစ်ကို လိုအပ်တဲ့အချိန်တစ်ခါနှစ်လောက်ပဲ စက်ရုံက လည်တာပါ။ တိုင်းပြည်ဘဏ္ဍာငွေလည်း ဆုံးရှုံးတယ်။ မလိုအပ်ဘဲ သိမ်းထားတဲ့ အသုံးမပြုတဲ့ မြေတွေကို ၀န်ကြီးဌာနကနေပြီး

iPhone 8 နှင့်အတူ စွမ်းဆောင်ရည်ပိုမြင့်မားသော iPhone X ကို Apple ကုမ္ပဏီ ပူးတွဲမိတ်ဆက်

Apple ကုမ္ပဏီအနေဖြင့် အသစ်ထပ်မံထုတ်လုပ်လိုက်သော iPhone 8 နှင့် အတူ စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး Function အသစ်များ ပါဝင်လာသော iPhone X ကို တပြိုင်နက်တည်း မိတ်ဆက်ကြေညာသွား ခဲ့ကြောင်း သိရသည်။ iPhone X မှာ iPhone စတင်ထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Apple က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Apple ၏ တန်ဖိုးအကြီးဆုံး စမတ်ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ 64 GB Capacity ရှိသော iPhone X တန်ဖိုးမှာ ၉၉၉ ဒေါ်လာရြှီ့း ၂၅၆ GB မော်ဒယ်မှာမူ ၁၁၄၅ ဒေါ်လာ အထိရှိကြောင်း

တောင်ကိုရီးယားသို့ ကမ်းနီးရေလုပ်သားစေလွှတ်မည်

ပြည်ပအလုပ်သမားပို့ဆောင်ရေး အေဂျင်စီများအနေဖြင့် တောင်ကိုရီးယားနိုင်ငံရှိ ကမ်းနီးရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ရေလုပ်သားများကို စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရေလုပ်သားစေလွှတ်နိုင်ရေး အတွက် ညှိနှိုင်းလျက်ရှိကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပုဂ္ဂလိကအေဂျင်စီများအနေဖြင့် ကိုရီးယားနိုင်ငံသို့ ကမ်းနီးရေလုပ်သားစေလွှတ်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ စေလွှတ်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ အစိုးရပိုင်းက ပေါင်းစပ်ညှိနှိုင်းပေးနေသလို အေဂျင်စီတွေကလည်း ပို့ဆောင်ခွင့်ရှိပါတယ်။ ဒါက အစိုးရချင်းသဘောတူညီမှုနဲ့ အလုပ်သမားပို့ဆောင်နေတာ ဖြစ်ပါတယ်။ EPS စနစ်နဲ့တော့ မဆိုင်ပါဘူး။ ကမ်းနီးရေလုပ်သားသီးသန့်ပို့ဆောင်မယ့် အစီအစဉ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထပ်မံအကောင်အထည်ဖော်မည့် စက်မှုဇုန်များတွင် မြေငှားစနစ်ကျင့်သုံးမည်

နိုင်ငံအတွင်း ထပ်မံအကောင်အထည်ဖော်မည့် စက်မှုဇုန်များတွင် လုပ်ငန်းရှင်များအား မြေအပြတ်ရောင်းချသည့် စနစ်အစား နှစ်အပိုင်းအခြားအလိုက် မြေငှားစနစ်ကိုသာကျင့်သုံးတော့မည်ဟု စက်မှု-၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးကိုကိုလွင်က ပြောသည်။ နိုင်ငံအတွင်း အကောင်အထည်ဖော်ခဲ့သော စက်မှုဇုန် ၃၀ တွင် လုပ်ငန်းရှင်အချို့က လုပ်ငန်းမလုပ်ဘဲ မြေဦးထားခြင်းကြောင့် ယင်းကဲ့သို့ မူဝါဒကို ပြောင်းလဲရခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်၍ လုပ်ငန်းစီမံကိန်းတင်ပြပြီး လုပ်ငန်းဖြစ်နိုင်ခြေရှိသည့် ကုမ္ပဏီများကို မြေငှားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “စက်မှုဇုန်မြေတွေကို အပြီးရောင်းထားတာဆိုတော့ ပြန်သိမ်းဖို့ ခက်ပါတယ်။ လုပ်ငန်းအကောင်အထည်ဖော်ဖို့ကိုပဲ တွန်းအားပေးနိုင်ပါတယ်။ ဒါကြောင့် စက်မှုဇုန်မြေတွေကို အပြတ်ရောင်းမယ့်အစား နှစ်အပိုင်းအခြားအလိုက်နဲ့ မြေငှားစနစ်ကျင့်သုံးဖို့ ဆောင်ရွက်နေတာပါ” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊

စတော့ဈေးကွက်မှ ပထမပုဂ္ဂလိကဘဏ် နုတ်ထွက်ရန် စဉ်းစားနေဟုဆို

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းကြောင့် စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအဖြစ်မှ နုတ်ထွက်ရန် ပထမပုဂ္ဂလိက ဘဏ်ဒါရိုက်တာအဖွဲ့မှ စဉ်းစားနေသည်ဟု ယင်းဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ပြောသည်။ ရှယ်ယာရှင်များ၏အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်ပါက စာရင်းဝင်ကုမ္ပဏီနုတ်ထွက်ရေးလုပ်ကိုင်ခွင့်ကို ဒါရိုက်တာအဖွဲ့အား ပေးအပ်ရန် ပထမပုဂ္ဂလိကဘဏ်၏ ၂၇ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် သဘောတူခဲ့ကြောင်းနှင့် လက်ရှိတွင် ဆုံးဖြတ်ချက်မချရသေးကြောင်း ၎င်းက ပြောသည်။ “စတော့စာရင်းဝင် ကုမ္ပဏီအဖြစ် နုတ်ထွက်ပါက ကုမ္ပဏီ အတွက်ရော၊ စတော့ အိတ်ချိန်းအတွက်ရော၊ ရှယ်ယာရှင်တွေအတွက်ရော ကြီးမားတဲ့ဂယက်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဘက်က စဉ်းစားတဲ့အဆင့်ပဲ ရှိသေးတာပါ။ စတော့ အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီအဖြစ် နုတ်ထွက်ခြင်းနဲ့ ပတ်သက်ပြီး စတော့အိတ်ချိန်းက ထုတ်ပယ်ခြင်းနဲ့ ကုမ္ပဏီက ကိုယ်တိုင်နုတ်ထွက်ခြင်းဆိုပြီး

ရန်ကုန်မြို့ရှိ မင်္ဂလာဈေးသစ်စီမံကိန်းတည်ဆောက်မှု နောက်ကျဖွယ်ရှိဟုဆို

ရန်ကုန်မြို့ရှိ မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီကို တင်ဒါခေါ်ယူရန် ကြန့်ကြာနေခြင်းကြောင့် ဈေးသစ်တည်ဆောက်ရေး စီမံကိန်း နောက်ကျနိုင်ဖွယ်ရှိနေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်္ဂလာဈေးသစ်တည်ဆောက်ရေးတင်ဒါခေါ်ယူရန် ကြန့်ကြာနေခြင်းသည် မင်္ဂလာဈေးအတွင်းရှိ မြို့တော်ဘဏ်ကို ဖျက်သိမ်းပြီးမှသာ တင်ဒါခေါ်မည့် အစီအစဉ်စတင်နိုင်မည်ဖြစ်ခြင်းကြောင့် စီမံကိန်းဒီဇိုင်း အပြောင်းအလဲရှိနိုင်ပြီး ကျပ် ၆၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားသော မင်္ဂလာဈေးသစ် စီမံကိန်း သတ်မှတ်ချိန်ထက် နောက်ကျနိုင်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “တည်ဆောက်မည့် ကုမ္ပဏီရဲ့ တင်ဒါရွေးချယ်မှုကို စက်တင်ဘာလ နောက်ဆုံးပတ်မှ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် လက်ရှိအချိန်အထိ တင်ဒါမခေါ်နိုင်သေးပါဘူး။ မင်္ဂလာဈေးအတွင်းမှာရှိတဲ့ မြို့တော်ဘဏ်ကို ဖျက်သိမ်းပြီးမှ တင်ဒါခေါ်နိုင်မှာပါ။ နောက်ပြီး စီမံကိန်းဒီဇိုင်းကလည်း အပြောင်းအလဲရှိနိုင်တဲ့အတွက် စီမံကိန်းက သတ်မှတ်ချိန်ထက် နောက်ကျ နိုင်ဖို့

တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဈေးကွက်အတွင်းရှိ ဆေးဝါးစစ်ဆေးခြင်းများကို ပြုလုပ်နေဟုဆို

ဈေးကွက်အတွင်း ရောင်းချနေသော တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်၍ ဆေးဝါးစစ်ဆေးခြင်း လုပ်ငန်းများကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဈေးကွက်အတွင်း ရောင်းချနေပြီး ပြည်သူများ သုံးစွဲရန် မသင့်သော ဆေးဝါး ၆၃ မျိုးကို နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းဆေးများကို ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းရင်းဆေးဝါးမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး ယင်းသို့ လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ တိုင်းရင်းဆေးဝါး၏ တံဆိပ်၊ ဘူးပတ်၊ ဘူးချိုးတို့တွင်ရှိသော ဆေး၏ အမှတ်တံဆိပ်၊ ဆေး၏အမည်ဆေးတစ်ဖို့တွင် ပါဝင်သော ဆေးပစ္စည်းများ၊ ပျောက်ကင်းနိုင်သောရောဂါများ၊ သုံးစွဲရန် ပမာဏ၊ သက်တမ်းကုန်ဆုံးရက် စသည်တို့ကို စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

Top