You are here
Home > Business News > ၂ နှစ်အတွင်း မြန်မာ့ကော်ဖီတစ်တန်လျှင် ဒေါ်လာ ၄၉၀၀ မှ ၇၀၀၀ အထိ ရရှိလာ

၂ နှစ်အတွင်း မြန်မာ့ကော်ဖီတစ်တန်လျှင် ဒေါ်လာ ၄၉၀၀ မှ ၇၀၀၀ အထိ ရရှိလာ

မြန်မာ့ကော်ဖီသည် နိုင်ငံတကာတွင် ဈေးကွက်ကျယ်ပြန့်လာခြင်းကြောင့် ၂ နှစ်အတွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀၀ မှ ၇၀၀၀ အထိ ရရှိလာခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအဖွဲ့မှ သိရသည်။
မြန်မာ့ကော်ဖီများကို အမေရိကန်၊ ဂျပန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အိုက်စလန်၊ သြစတြေးလျ၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ရုရှားနှင့် နယ်သာလန် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အရေအသွေးမြင့် မြန်မာ့ကော်ဖီ များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ကော်ဖီစိုက်ပျိုးသူများအနေဖြင့် GAP လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထား၍ လက်မှတ်ရယူနိုင်ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “GAP ကို အာဆီယံနဲ့ ကမ္ဘာလုံးဆိုင်ရာ GAP အချက်အလက်တွေပေါ်မူတည်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် သတ်မှတ်ချက်တွေကို ရေးဆွဲထားပါတယ်။ GAP အချက်အလက်တွေကို သတ်မှတ်နိုင်ဖို့ သက်ဆိုင်ရာတိုင်း ဒေသကြီးနဲ့ ပြည်နယ်အလိုက်ကော်ဖီစိုက်ပျိုးသူတွေ ကို လုပ်ငန်းစဉ်တွေ ချပြဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြင်ဆင်ဆွေးနွေးပြီး ဖြစ်ပါတယ်” ဟု ကော်ဖီ သုတေသန၊ သတင်းအချက်အလက်နှင့် နည်းပညာပြန့်ပွားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top