You are here
Home > Business News > မြန်မာနိုင်ငံအိမ်ခြံမြေ အရောင်းပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံအိမ်ခြံမြေ အရောင်းပြပွဲ ကျင်းပမည်

တစ်လလျှင် ငွေကျပ်နှစ်သိန်းပေးသွင်းရုံဖြင့် အိမ်ဝယ်ယူနိုင်မည့် အစီအစဉ်များ ပါဝင်သော မြန်မာနိုင်ငံအိမ်ခြံမြေအရောင်းပြပွဲကို ရန်ကုန်မြို့ရှိတပ်မတော်ခန်းမတွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ခြံမြေပြပွဲတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၅၀ ကျော်ပါဝင်ပြသမည်ဖြစ် ပြီး ပြပွဲတွင်း ကျပ်သိန်း ၁၀၀ ကျော်မှ စသော တိုက်ခန်းနှင့် မြေကွက်များ၊ ကျပ် သိန်း ၅၀၀ မှ ကျပ်သိန်း ၅၀၀ ကျော်အထိ ကွန်ဒိုများ၊ တစ်နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်သည့် အိမ်ခြံမြေ အရောင်းပြခန်းများ၊ အထူး လျှော့ဈေးနှုန်းများဖြင့် ၀ယ်ယူနိုင်မည့် အစီအစဉ်များ ပါဝင်သည့်အပြင် ပြပွဲအတွင်း အိမ်ရာချေးငွေ လျှောက်ထားနိုင်ရန် ရိုးမဘဏ်မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။ “တစ်လကျပ် နှစ်သိန်းပေးသွင်းရုံနဲ့ ကျပ်သိန်း ၂၀၀ ကျော် တိုက်ခန်းတွေကို ၀ယ်ယူနိုင်အောင် ဆောင်ရွက်ထားတယ်။ နိုင်ငံတကာအဆင့်မီကွန်ဒို တွေကိုလည်း ပြပွဲအတွင်းမှာ အထူးလျှော့ဈေးနှုန်းတွေ၊ ၁၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ရောင်းချဖို့ စီစဉ်းပေးထား ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top