You are here
Home > Business News > သီလ၀ါအများပိုင် ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်

သီလ၀ါအများပိုင် ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်

သီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ၏ အမြတ်ငွေများကို ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ၏ ၁၆.၃၆ ဘီလီယံကို ကျောက်ဖြူအထူးစီးပွားရေးဇုန်အပြင် ကုန်ပစ္စည်းသိုလှောင်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်း၊ အခြေခံအဆောက် အအုံ၊ လျှပ်စစ်ဓာတ်အားပေးရုံများတွင် တိုးချဲ့လုပ်ကိုင်ရန် ဆန်းစစ်လေ့လာမှုများကို ပြုလုပ်နေကြောင်းနှင့် ယင်းသို့ ဆန်းစစ်လေ့လာမှုပြုလုပ်ခြင်းသည် သီလ၀ါအထူးစီးပွားရေးဇုန်၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော ထောက်ပံ့မှုများဖြစ်လာမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။ “ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ အခြားလုပ်ငန်းသစ်တွေကို တိုးချဲ့ရင်းနှီးမြှုပ်နှံဖို့ အသေးစိတ်ကို ဒါရိုက်တာအဖွဲ့က မဆုံးဖြတ်ရသေးပါဘူး။ ကုမ္ပဏီနှစ်ပတ်လည်မှာ ဆုံးဖြတ်ပြီးမှ အသေးစိတ်ထုတ်ပြန်မှာပါ” ဟု သီလ၀ါအထူးစီးပွားရေးဇုန် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးသိန်းဟန်က ပြောသည်။

Leave a Reply

Top