You are here
Home > Business News > သီလ၀ါဆိပ်ကမ်းတွင် တည်ဆောက်နေသော ကောက်ပဲသီးနှံတံတား တည်ဆောက်မှု နိုဝင်ဘာလတွင် ပြီးစီးမည်

သီလ၀ါဆိပ်ကမ်းတွင် တည်ဆောက်နေသော ကောက်ပဲသီးနှံတံတား တည်ဆောက်မှု နိုဝင်ဘာလတွင် ပြီးစီးမည်

သီလ၀ါဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော မြေကွက်အမှတ် ၂၁ နှင့် ၂၂ တွင် တည်ဆောက်နေသော အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား တည်ဆောက်မှုသည် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောက်ပဲသီးနှံတံတားတည်ဆောက်မှုကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ နှစ်ရှည်မြေဂရန်ငှားရမ်းခြင်းနှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဆိပ်ခံ တံတားနှင့် အဆောက်အအုံများတည်ဆောက်နေပြီဖြစ်ကြောင်း၊ အထက်ပါ ကောက်ပဲသီးနှံတံတား တည်ဆောက်မှုလုပ်ငန်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နိုဝင်ဘာလတွင် ပြီးစီးမည်ဟု ဆိပ်ခံတံတားတည်ဆောက်မှုလုပ်ငန်းကို ဆောင်ရွက်နေသော Wilmar Myanmar Post Terminals (သီလ၀ါ) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆိပ်ခံတံတားတည်ဆောက်မှုက လက်ရှိမှာ ၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ စက်ရုံနဲ့ ဆီသိုလှောင်ကန်တွေ တည်ဆောက်မှုက ၂၀၁၈ လောက်မှာ ပြီးစီးနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top