You are here
Home > Business News > ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်မည့် လယ်ယာမြေစာရင်းကို ကောက်ယူ

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်မည့် လယ်ယာမြေစာရင်းကို ကောက်ယူ

ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာမီအကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပါဝင်မည့် လယ်ယာမြေစာရင်းကို ကောက်ယူလျက်ရှိသည်ဟု တွံတေးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်ရန်အတွက် လယ်ယာမြောရင်းကို ကောက်ယူလျက်ရှိရာတွင် လယ်မြေပိုင်ရှင်များအနေဖြင့် လယ်မြေပိုင်ဆိုင်ကြောင်း ပုံစံ ၇ သို့မဟုတ် ပြေစာစာရွက်ပြရန် လိုအပ်ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သော လယ်မြေများသည် အုပ်ချုပ်ပိုင်းမှ ပိုင်ဆိုင်သော လယ်ယာမြေများရှိသလို ဒေသခံလယ်သမားများပိုင်ဆိုင်သော လယ်ယာမြေများလည်းရှိကြောင်း၊ အချို့လယ်ယာမြေများသည် ဒေသခံများက အခြားသူများထံရောင်းချထားပြီးဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်းရန် ကြေညာထားကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မြို့ သစ်စီမံကိန်းကို ယခုနှစ် နွေရာသီမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံကိန်းအသုံးပြု မယ့် လယ်ယာမြေတွေအတွက် လယ်ယာမြေတွေကို မြို့မြေသတ်မှတ်ထားတဲ့ မြေယာ ၂၀ ရာခိုင်နှုန်း သတ်မှတ် ပေးမှာပါ” ဟု ၎င်းက ပြောသည်။ ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းတွင် ရန်ကုန်မြို့တစ်ဖက် ကမ်းရှိ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်အတွင်းရှိ လယ်ယာမြေ ၃၀၀၀၀ ခန့် ပါဝင်နေကြောင်း သိရသည်။

Leave a Reply

Top