You are here
Home > Business News > ငါးလအတွင်း ကုန်သွယ်မှု ယမန်နှစ်ကထက် ပိုမိုကုန်သွယ်နိုင်ခဲ့

ငါးလအတွင်း ကုန်သွယ်မှု ယမန်နှစ်ကထက် ပိုမိုကုန်သွယ်နိုင်ခဲ့

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ပထမငါးလအတွင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏ အလားတူကာလကထက် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ သြဂုတ်လကုန်အထိ ၅ လအတွင်း ပြည်ပသို့ ပို့ကုန်ဒေါ်လာ ၅၀ ဘီလီယံကျော် တင်ပို့ခဲ့ပြီး သွင်းကုန်ဒေါ်လာ ၇၃.၅ ဘီလီယံ တင်သွင်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂.၃ ဘီလီယံကျော်ခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။ “ဒီနှစ်မှာတော့ လျာထားချက်ထက် ပိုပြီး ကုန်သွယ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုလည်း ကုန်သွယ်မှုက မြင့်တက်နေတယ်။ နောက်လည်း မြင့်တက်လာဦးမယ်လို့ မျှော်လင့်ထားပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၂၉ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ ပမာဏထက် ပိုမိုမြင့်တက်လာဖို့အလားအလာလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top