You are here
Home > Business News > ကျပ် ၁၀၀ ဘီလီယံဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ၀ယ်ယူမည်ဟုဆို

ကျပ် ၁၀၀ ဘီလီယံဖြင့် မတ်ပဲနှင့် ပဲစင်းငုံ ၀ယ်ယူမည်ဟုဆို

ကျပ် ၁၀၀ ဘီလီယံဖြင့် ရန်ပုံငွေထူထောင်ပြီး အခြေခံ ဈေးနှုန်းသတ်မှတ်၍ မတ်ပဲနှင့် ပဲစင်းငုံဝယ်ယူမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ငွေကြေးစုဆောင်းမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။
အဆိုပါကျပ် ၁၀၀ ဘီလီယံကို အစိုးရမှ ၅၀ ဘီလီယံနှင့် ပုဂ္ဂလိကမှ ကျပ် ၅၀ ဘီလီယံစုပေါင်းပြီး အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူမည်ဖြစ်ပြီး ရန်ကုန်တိုင်းရှိပဲလုပ်ငန်းရှင်များသာမက အခြားတိုင်းနှင့် ပြည်နယ်များရှိ လုပ်ငန်းရှင်များကို ငွေကြေးထည့်ဝင်နိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်၍ ထည့်ဝင်စေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ငွေကြေးစုဆောင်းမှု က စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ထည့်ဝင်စေမှာပါ။ ရန်ကုန်တိုင်းက ပဲလုပ်ငန်းရှင်တွေနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ပဲလုပ်ငန်းရှင်တွေအပါအ၀င် ကုန်စည်ဒိုင်တွေလည်းပါမှာဆိုတော့ ကျပ်ဘီလီယံ ၅၀ ကျော်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top