You are here
Home > Business News > ၂၀၁၇ အိမ်ခြံမြေထူးချွန်ဆုအတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်ကြေညာ

၂၀၁၇ အိမ်ခြံမြေထူးချွန်ဆုအတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်ကြေညာ

ယခုနှစ်နိုင်ဝင်ဘာလ၌ ကျင်းပမည့် Property Guru ၏ အာရှအိမ်ခြံမြေထူးချွန်ဆုပေးပွဲအတွက် အကောင်းဆုံးအိမ်ခြံမြေတည်ထောင်သူဆု ဆန်ကာတင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
အာရှပစိဖိတ်ဒေသ၏အကောင်းဆုံးအိမ်ခြံမြေသတင်းအချက်အလက်များကို တင်ပြနေသော Property Guru ၀က်ဘ်ဆိုက်အနေဖြင့် အဓိကရုံးစိုက်ရာစင်ကာပူနိုင်ငံတွင် အိမ်ခြံမြေထူးချွန်ဆုပေးပွဲကို ၁၂ ကြိမ်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အာရှနိုင်ငံများရှိ အိမ်ခြံမြေတည်ထောင်မှု ကုမ္ပဏီများကိုလည်း ထူးချွန်ဆုများပေးအပ်နိုင်ခဲ့သည်။ ယခုနှစ်တွင် အကောင်းဆုံးအိမ်ခြံမြေတည်ထောင်သူဆုအတွက် သီရိလင်္ကာ နိုင်ငံမှ အိမ်ခြံမြေကုမ္ပဏီများကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။

Leave a Reply

Top