You are here
Home > Business News > ပြည်တွင်းပဲစားသုံးမှု မြင့်တက်လာရန် ပဲစားပွဲတော်ကျင်းပမည်

ပြည်တွင်းပဲစားသုံးမှု မြင့်တက်လာရန် ပဲစားပွဲတော်ကျင်းပမည်

မြန်မာ့ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့လျက်ရှိနပြီး ပြည်ပဈေးကွက်သာမက ပြည်တွင်းဈေးကွက်မြင့်တက်လာရန်အတွက် ပဲစားပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်က ပြောသည်။
မြန်မာ့ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိရာတွင် အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ပြည်ပပို့ကုန်ပဲမျိုးစုံ ဈေးကွက်ထိခိုက်လာသည်ဖြစ်၍ ယင်း ပြဿနာအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ရေတိုရေရှည်နည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပဲစားသုံးမှုမြင့်တက်လာရန်အတွက် ပဲစားပွဲတော်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ပဲက ပရိုတင်းဓာတ်အများဆုံးပါတဲ့ သီးနှံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဘာသာရေးအရ သက်သက်လွတ်စားတော့ ပဲကို အဓိက ထားပြီး စားကြတယ်။ သူတို့ရဲ့ထွားကြိုင်းမှုတွေကို ပြန်ကြည့်ရင် ကျွန်တော်တို့ ထက်သာပါတယ်။ ပဲစားသုံးမှုရဲ့ ထိရောက်မှုတွေကို သတိထားမိလာအောင် ပညာပေးလုပ်ငန်း တွေ၊ ဇာတ်လမ်းတိုတွေ စသည်ဖြင့် အသိပညာပေးဆောင်ရွက်သွားမှာပါ။ ပဲကို ချက်ပြပြီးတော့ ကြက်သားစားပွဲတော်လုပ်သလို ပဲစားတဲ့ပွဲတော်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top