You are here
Home > Business News > မော်ဒယ်နိမ့် YBS ယာဉ် ၁၈၀ ကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံ

မော်ဒယ်နိမ့် YBS ယာဉ် ၁၈၀ ကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံ

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော မော်ဒယ်နိမ့် YBS ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုထားရာတွင် စက်တင်ဘာလ ၆ ရက်နေ့အထိ ၁၉၉၆ မော်ဒယ်၊ ၁၉၉၇ မော်ဒယ်နှင့် ၁၉၉၈ မော်ဒယ် ကားအစီးရေး ၁၈၀ အထိ လာရောက် အပ်နှံထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော မော်ဒယ်နိမ့် YBS ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါက အထူးစီမံချက်အဖြစ် လူစီးစလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းခရီးသည်တင်ကားအဟောင်းများ အပ်နှံပြီးပါက တိုင်းအစိုးရ အဖွဲ့အနေဖြင့် အပ်နှံထားသော ကားများနေရာတွင် အသစ်ဝယ်ယူထားသော ကားများဖြင့် အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။ “အပ်နှံဖို့ ခွင့်ပြုထားတဲ့ ကားတွေက ၉၆၊ ၉၇၊ ၉၈ ကားတွေပါ။ ကားအပ်နှံဖို့အတွက် လာပြီး စာရင်းတင်ပြထားတဲ့အစီးရေက ၁၈၀ လောက်ရှိပါတယ်။ အပ်နှံတဲ့ ကားတွေနေရာမှာ အသစ်ဝယ်ယူထားတဲ့ ကားတွေနဲ့ အစားထိုးပြေးဆွဲမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top