You are here
Home > Business News > ခရီးသွားနယ်မြေသစ် ၃ ခု ဖော်ထုတ်မည်ဟုဆို

ခရီးသွားနယ်မြေသစ် ၃ ခု ဖော်ထုတ်မည်ဟုဆို

၂၀၁၇ ခုနှစ်အတွင်း ခရီးသွားနယ်မြေသစ် ၃ ခုကို ဖော်ထုတ်၍ နိုင်ငံတကာ ခရီးသွားဦးရေ အမြောက်အမြားလာရောက်နိုင်ရန် ဆွဲဆောင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။
ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းနယ်မြေ ၃ ခုအပြင် မြိတ်ကျွန်းစု၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဒေသများသို့ ခရီးသွားအမြောက်အမြား လာရောက်လည်ပတ်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် ပိုမိုကောင်းမွန်လာရေးနှင့် ဟိုတယ်၊ တည်းခိုစရာနေရာများ ပိုမိုများပြားလာစေရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ “ဒီနှစ်ထဲမှာ မြိတ်ကျွန်းစု၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ကို ဒီထက်ပိုပြီး ဆွဲဆောင်မှုရှိလာအောင် ပစ်မှတ်ထားပြီး ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိုင်ငံခြား သားခရီးသွားဧည့်သည်ဝင်ရောက်မှု အနည်းဆုံးဖြစ်နေတဲ့အတွက် ဆွဲဆောင်မှုတွေကို ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ မေလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၁.၅ ဘီလီယံရှိခဲ့ခြင်းကြောင့် ယခင်နှစ်အလားတူကာနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးများ၏ ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။

Leave a Reply

Top