You are here
Home > Business News > ကမ္ဘာတစ်ဝန်းရှိလည်ပတ်ရန် အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသနှင့် မိုးပျံပူပေါင်းဝန်ဆောင်မှုကို အဆင့် ၅ နေရာ၌ ထည့်သွင်းထား

ကမ္ဘာတစ်ဝန်းရှိလည်ပတ်ရန် အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသနှင့် မိုးပျံပူပေါင်းဝန်ဆောင်မှုကို အဆင့် ၅ နေရာ၌ ထည့်သွင်းထား

ကမ္ဘာ့တစ်ဝန်းရှိ သွားရောက်လည်ပတ်ရန်အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသနှင့် မိုးပျံပူပေါင်း ၀န်ဆောင်မှုကို ကမ္ဘာကျော်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော JETSETTER မှ အဆင့် ၅ နေရာတွင် ထည့်သွင်းဖော် ပြထားကြောင်း သိရသည်။
ပုဂံဒေသရှိ ဘုရားစေတီပုထိုးများနှင့် နေ၀င်ချိန်အလှကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် မိုးပျံပူပေါင်းဝန်ဆောင်မှုကို နှစ်စဉ်အောက်တိုဘာလ ၂ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၀န်ဆောင်မှုပေးနေ ပြီး တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၂၂၀၀၀ ခန့် စီးနင်းလေ့ရှိကြောင်း မိုးပျံပူပေါင်းဝန်ဆောင်မှု ပေးနေသော Bolloon Over Bagan ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Jean က ပြောသည်။ “ကမ္ဘာကျော်ဝက်ဘ်ဆိုက်က အခုလိုမျိုးနံပါတ် ၅ အဆင့်အထိ သတ်မှတ်ထားတာက ကုမ္ပဏီတစ်ခုတည်းအတွက်တင် မကပါဘူး။ မြန်မာနိုင်ငံအတွက်ပါ ဂုဏ်ယူမိပါတယ်။ ခရီးသွားမယ်ဆိုရင် ဘယ်ကုမ္ပဏီနဲ့ သွားမယ်ဆိုတာထက် ဘယ်နိုင်ငံ ကိုသွားမယ်ဆိုတာကို အရင်စဉ်းစားလေ့ရှိတဲ့အတွက် ပုဂံနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပိုမိုသိရှိအောင် ဆောင်ရွက် ပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top