You are here
Home > Business News > SMEs လုပ်ငန်းများကို စမတ်ကတ်ထုတ်ပေးမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

SMEs လုပ်ငန်းများကို စမတ်ကတ်ထုတ်ပေးမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SMEs လုပ်ငန်းများကို စာရင်းပြုစုလျက်ရှိပြီး စမတ်ကတ်ထုတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက သြဂုတ်လ ၂၈ ရက်နေ့တွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၄၅ မြို့နယ်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ အိမ်တွင်းလုပ်ငန်းများကို စာရင်းပြုစုလျက်ရှိပြီး အလားအလာကောင်းသည့် SMEs လုပ်ငန်းများကို စိစစ်၍ စမတ်ကတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စမတ်ကတ်ရရှိသော အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်းအတွက် ချေးငွေရယူရာ၌ ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းပေါင်း ၄၇၀၀၀ ၀န်းကျင်ခန့်ရှိပြီး SMEs လုပ်ငန်းများ ပါဝင်လျှင် ၆၀၃၀၀ကျော်ရှိကြောင်း သိရသည်။ “မြန်မာ့ SMEs လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာမှုနှင့် ပတ်သက် ပြီး အစိုးရအနေနဲ့ အဘက်ဘက်က ကူညီအားပေးနေပါတယ်။ SMEs လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြည်ပက ၀ယ်ယူရာမှာ အခွန်အခ သက်သာစေဖို့ ဆောင်ရွက်ပေးသွားမှာပါ” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အထက်ပါ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

Leave a Reply

Top