You are here
Home > Uncategorized > ကမ်းခြေမှ မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေဟုဆို

ကမ်းခြေမှ မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေဟုဆို

မြန်မာ့ကမ်းဝေးငါးဖမ်းလှေအများစုသည် ကမ်းခြေမှ ၁၀ မိုင်ဝန်းကျင်အထိသာ ငါးဖမ်းနေခြင်းကြောင့် မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဦးကျော်နိုင်က ပြောသည်။
မြန်မာ့ ကမ်းဝေးငါးဖမ်းလှေများ၏ အနေအထားသည် ကမ်းခြေမှ ၁၀ မိုင်ဝန်းကျင်ခန့်အထိသာ ဖမ်းဆီနိုင်ခြင်းကြောင့် နိုင်ငံတကာအဆင့်မီ ငါးဖမ်းလှေများဖြင့် မိုင် ၂၀၀ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ “လက်ရှိအသုံးပြုနေတဲ့ သစ်သားကိုယ်ထည်ငါးဖမ်းလှေတွေက ရေနက်ပိုင်းမှာ ငါးဖမ်းဖို့ အဆင်မပြေပါဘူး။ နိုင်ငံတကာအဆင့်မီ အအေးခန်းပါတဲ့ ငါးဖမ်းလှေအသစ်တွေ အသုံးပြုနိုင်ဖို့ လိုပါတယ်။ လက်ရှိအခက်အခဲက ငါးဖမ်းလှေတွေဆွေးသွားမှ လှေသစ်နဲ့လဲလို့ရမှာဆိုတော့ ဆွေးဖို့ကလည်း တော်တော်စောင့်ရမှာပါ။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြထားပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top