You are here
Home > Business News > H1N1 ဖြစ်ပွားသူ ၃၁၇ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း သတင်းထုတ်ပြန်

H1N1 ဖြစ်ပွားသူ ၃၁၇ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း သတင်းထုတ်ပြန်

နိုင်ငံတစ်ဝန်းတွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလက္ခဏာပြသသူ ၈၄၈ ဦး၊ H1N1 ဖြစ်ပွားသူ ၃၁၇ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သြဂုတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
H1N1 ပိုး တွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် ယနေ့အထိသေဆုံးသူ ၂၁ ဦးရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် H1N1 ပိုးတွေ့လူနာအဖြစ် ဆေးရုံတက်ရောက် ကုသသူဦးရေ သိသာစွာကျဆင်းလာကြောင်း၊ ပြည်သူများအနေဖြင့် မိမိတွင် ရာသီတုပ်ကွေးရောဂါလက္ခဏာများ ခံစားရသည်ဟု သံသယရှိပါက နီးစပ်ရာပြည်သူ့ဆေးရုံများသို့ အချိန်မီသွားရောက်ဆေးကုသမှုခံယူရန်နှင့် မိမိထံမှ အခြားသူများသို့ ရောဂါ ကူးစက်မှုမရှိစေရန် မိမိကိုယ်တိုင်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ရာသီတုပ်ကွေးရောဂါဆိုင်ရာ နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ကြေညာချက်များအရ သိရသည်။

Leave a Reply

Top