You are here
Home > Business News > မိုးရာသီမြန်မာ့ ရိုးရာ အစားအသောက် ဈေးရောင်းပွဲတော် ကျင်းပမည်

မိုးရာသီမြန်မာ့ ရိုးရာ အစားအသောက် ဈေးရောင်းပွဲတော် ကျင်းပမည်

နိုင်ငံအတွင်း နိုင်ငံခြားစားသောက်ဆိုင်များ ဖွင့်လှစ်မှုနှင့် စားသောက်မှု များပြားလာခြင်းကြောင့် မြန်မာ့မုန့်များကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိစေရန်အတွက် မိုးရာသီမြန်မာ့ရိုးရာအစားအသောက်ဈေးရောင်း ပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပဒုမ္မာမြန်မာ စားသောက် ဆိုင်မှ ဒေါ်မီးမီးလေးက ပြောသည်။
တိုင်းရင်းရိုးရာအဆိုပါ ဈေးရောင်းပွဲတော်တွင် တိုင်းရင်းရိုးရာအစားအသောက်များ၊ မြန်မာမုန့်နှင့် လက်ဖက်အမျိုးမျိုးကို ရောင်းချသော ရိုးရာစားသောက်ဆိုင် ၁၂ ဆိုင်ပူးပေါင်း၍ ပဒုမ္မာ စားသောက်ဆိုင်တွင် နံနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိ ရောင်းချမည်ဖြစ်ပြီး ယင်းဈေးရောင်းပွဲတော်တွင် အနည်းဆုံးကျပ် ၃၀၀ မှ အများဆုံးကျပ် ၃၀၀၀ ကျော် တန်ဖိုးရှိသည့် အစားအသောက်များကို ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အစားအသောက်ဈေးကွက်ထဲမှာ နိုင်ငံခြားစားသောက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် တိုးလာတယ်။ ရိုးရာစားသောက်ဆိုင်တွေ ရှိပေမယ့် ရှားပါးလာတယ်။ နိုင်ငံခြားစားသောက်ဆိုင်တွေနဲ့ ယှဉ်ရင် ရိုးရာ အစားအသောက်တွေကို ပိုပြီး ဂရုပြုမိဖို့အတွက် ဒီပြပွဲကို ကျင်းပခြင်းဖြစ်ပါတယ်” ဟု အဆိုပါပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top