You are here
Home > 2017 > August (Page 2)

ရန်ကုန်စတော့ အိတ်ချိန်း ကုမ္ပဏီများကို ၀င်ငွေခွန် ၅ ရာခိုင်နှုန်းလျှော့ချ

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအနေဖြင့် သက်သာခွင့်များ မနုတ်မီ အသားတင်အမြတ် ၏ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရခြင်းမှ ၂၀ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာထားသည်။ နိုင်ငံအတွင်း ငွေကြေးအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ ပေါ်ထွက်လာရေးအတွက် ယင်းသို့လျှော့ချပေးလိုက်ခြင်းဖြစ်ပြီး အခွန် ၅ ရာခိုင်နှုန်း လျှော့ချပေးပြီဖြစ်သည့်အပြင် ယခင်က အခွန်ဆောင်ထားခြင်းမရှိဘဲ ပြန်လည်ထမ်းဆောင်ပါက ပြစ်ဒဏ်များနှင့် တရားစွဲဆိုခံရမှုများမှာ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းအခွန်လျှော့ပေါ့မှုကို ယခု ဘဏ္ဍာရေးနှစ်မှ စတင် ၍ အသက်ဝင်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ “ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေအတွက် အခွန် ၅

သီလ၀ါစီးပွားရေးဇုန်ကို ဂျပန်လုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားလာဟု JETRO ပြော

သီလ၀ါအထူးစီးပွားရေးဇုန်၌ လျှပ်စစ်နှင့် ရေရရှိရန် လွယ်ကူနေခြင်းကြောင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာသည်ဟု JETRO မှ မန်နေဂျင်း ဒါရိုက်တာ မစ္စတာဟီရိုက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီးနှင့်ရေရရှိမှုကို ကိုယ်တိုင် လုပ်ဆောင်ရခြင်း၊ စက်မှုဇုန်မြေများကို မူလပိုင်ဆိုင်သူထံမှ ပြန်လည် ငှားရမ်းရခြင်းတို့ကြောင့် ဂျပန်လုပ်ငန်းရှင်များအနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန်၌သာ ရင်းနှီးမြှုပ်နှံလိုကြောင်း ၎င်းက ပြောသည်။ “သီလ၀ါ အထူးစီးပွားရေးဇုန်မှာက ရေ၊ လျှပ်စစ်နဲ့ အခြားလိုအပ်တဲ့ ၀န်ဆောင်မှုတွေက အဆင်သင့်ရှိနေတယ်။ လုပ်ငန်းရှင်အနေနဲ့ ထပ်ပြီးဆောင်ရွက်စရာ မလိုပါဘူး။ ဒါကြောင့် ဂျပန်လုပ်ငန်းရှင်တွေနဲ့ သီလ၀ါ စီးပွားရေး ဇုန်မှာ ရင်းနှီးမြှုပ်နှံလိုမှု

ရန်ကုန်အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ အနည်းငယ်သာရှိနေ

နေပြည်တော်၌ ကျင်းပပြုလုပ်သော ကျောက်မျက်ပြပွဲများ ပြုလုပ်ပြီးပါက ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပခဲ့သော ကျောက်မျက်ပြပွဲအပြီးတွင် ရန်ကုန် အိမ်ခြံ မြေဈေးကွက် အပြောင်းအလဲအနည်းငယ်သာ ရှိနေသည်ဟု ရန်ကုန်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်၌ ကျောက်မျက်ပြပွဲများ ကျင်းပပြီးစီးပါက ရန်ကုန် အိမ်ခြံမြေဈေးကွက် မြင့်တက်မှုများ ရှိခဲ့သော်လည်း ယခု ကျောက်မျက်ပြပွဲတွင် ယူရို သန်း ၅၀၀ ကျော်ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ခြင်းနှင့် ပြည်တွင်း စီးပွားရေး နှေးကွေးနေခြင်းတို့ကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ အနည်းငယ်သာ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ “ကျောက်မျက်ပြပွဲ တွေပြီးရင် အိမ်ခြံမြေအရောင်းအ၀ယ်ကောင်းခဲ့တာက ၂၀၁၂ ခုနှစ်ကတည်းက ကျန်ခဲ့ပါပြီ။ အခုအချိန်က အရောင်းအ၀ယ်

ဆန်၊ ပြောင်းတင်ပို့မှုမှ ၀င်ငွေတိုးမြင့်လာသော်လည်း အခြားလယ်ယာထွက်ကုန်များ ၀င်ငွေလျော့ကျနေ

ယခုဘဏ္ဍာရေးနှစ်၏ ၄ လကျော်ကာအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ပြောင်းတင်ပို့မှုမှ ၀င်ငွေတိုးမြင့်လာသော်လည်း အခြားလယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ၀င်ငွေလျော့ကျနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ ယခု ဘဏ္ဍာရေးနှစ်၏ ၄ လကျော် ကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံ ရရှိထားသော်လည်း ယခင်ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၀ ကျော် လျော့နည်းနေကြောင်း၊ လယ်ယာထွက်ကုန်ကဏ္ဍမှ ၀င်ငွေ လျော့နည်းနေခြင်းသည် ပဲမျိုးစုံဈေးနှုန်း ကျဆင်း နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပသို့ ဆန်တင်ပို့မှုကဏ္ဍတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀င်ငွေနှစ်ဆကျော် ရရှိနေပြီး ပြောင်းဖူးစေ့တင်ပို့မှုတွင်လည်း ဒေါ်လာ သန်း ၃၀

ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထား

မြန်မာ့ရာဘာများကို ပြည်ပ၀ယ်လိုအား မြင့်တက်လာမှုနှင့်အတူ ဈေးကွက်သစ်များ ရရှိလာခြင်းတို့ ကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ရာဘာကုန်ကြမ်း ၁. ၄ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရာဘာများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နှစ်တုန်းက ၁.၄ သန်း တင်ပို့နိုင်ခဲ့တဲ့ အတွက် ဒီနှစ်မှာ ၁.၅ သန်း ကျော်အထိ တင်ပို့နိုင်ဖို့ မျှော်မှန်း ထားတယ်။ ဈေးကွက်သစ်ဖြစ်တဲ့ ဂျပန် နိုင်ငံကလည်း စတင်ဝယ်ယူလာပါပြီ။

လှိုင်သာယာစက်မှုဇုန် (၁) အဆင့်မြှင့်တင်မှု ပြီးစီးနေပြီဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန် (၁) ကို အဆင့်မြှင့်တင်ဆောင်ရွက်မှု ပြီးစီးနေပြီဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၂၉ ခုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လက်ရှိတွင် လှိုင်သာယာ စက်မှုဇုန် (၁) ကို ရေမြောင်းများ၊ လမ်းများနှင့် ရေဆိုးစွန့်ပစ်မှုများအား ဖွံ့ဖြိုးတိုးတက်အောင်လုပ် ဆောင်ပြီးစီးပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “လှိုင်သာယာ စက်မှုဇုန် (၁)က မြေဧက ၂၀၀ ကျယ်ဝန်းပါတယ်။ လုံခြုံရေး ဂိတ် ၁၉ ခု ရှိပါတယ်။ ဂိတ်တွေမှာ CCTV ကင်မရာတပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဇုန်ထဲမှာ လမ်းမီး တိုင်တွေ၊ ဓာတ်တိုင်တွေလည်း တပ်ဆင်ထားပါတယ်။ လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ အခြားစက်မှုဇုန်တွေကို လည်း အဆင့်မြှင့်တင်မှုတွေ

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ ၃ ရုံ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနပိုင်စက်ရုံ ၃ ရုံကို ပြည်တွင်းပြည်ပပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟု စက်မှုဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးအောင်စိုးရ က ပြောသည်။ အဆိုပါစက်ရုံ ၃ ရုံမှာ တောင်ဒဂုံမြို့နယ်ရှိ ဆိုလာစက်ရုံ၊ မင်းဓမ္မလမ်းရှိ LED စက်ရုံနှင့် မှော်ဘီမြို့နယ်ရှိ မီးခံဘိလပ်မြေပြားစက်ရုံများဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ ၂ ခုနှင့် ကိုရီးယားကုမ္ပဏီ ၂ ခုတို့မှ လုပ်ကိုင်မည်ဖြစ်ကြောင်း လက်ထောက်အတွင်းဝန်က ပြောသည်။ “စက်မှုဝန်ကြီးဌာနအောက်မှာ ရှိတဲ့ စက်ရုံ ၂၁ ရုံကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံခွင့်ပြုမှာပါ။ အဲဒီအထဲက စီစဉ်ပြီးဖြစ်တဲ့ စက်ရုံ ၃ ရုံကို လုပ်ကိုင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဘိလပ်မြေပြားစက်ရုံက အခုနောက်ပိုင်းမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိတဲ့အတွက် မီးခံဘိလပ်မြေ ပြားထုတ်လုပ်မှုကို

နယူးဒေလီမှာ အာရှတိုက်၏ တိုးတက်မှုအမြန်ဆုံးမြို့တော်ဖြစ်လာဖွယ်ရှိ

အာရှတိုက်နိုင်ငံများရှိမြို့ကြီး ၃၀ ၏ တိုးတက်မှုအလားအလာကို စစ်တမ်းကောက်ယူသုံးသပ်ခဲ့ရာတွင် အိန္ဒိယနိုင်ငံရှိမြို့ကြီးများမှာ ဒေသအတွင်း တိုးတက်မှုမြန်ဆန်လာခဲ့ကြောင်း Oxford Economics အဖွဲ့မှ ထုတ်ပြန်ကြေညာသွားခဲ့သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏မြို့တော်ဖြစ်သော နယူးဒေလီမှာ လာမည့်နှစ်အနည်းငယ်အတွင်း အာရှတိုက်၏တိုးတက်မှုအမြန်ဆုံးမြို့ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ အထူးသဖြင့် နယူးဒေလီမြို့၏ စီးပွား ရေးကဏ္ဍမှာ လာမည့် ၂၀၂၁ ခုနှစ်တွင် လက်ရှိအချိန်ထက် ၅၀ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး တရုတ်မြို့ကြီးများဖြစ်သည့် ဘေဂျင်း၊ ဂွမ်ဇူး၊ တီယန်ဂျင်းနှင့် ရှန်ဟိုင်းမြို့ကြီးများကို ကျော်ဖြတ်သွားနိုင်ဖွယ် ရှိနေကြောင်း Oxford Economics ၏ စစ်တမ်းတွင် ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်အရောက်တွင် နယူးဒေလီမြို့၏ GDP ထုတ်လုပ်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းမှ ၈

HBO ကုမ္ပဏီ၏ တရားဝင် Facebook နှင့် Twitter စာမျက်နှာများကို Hacker များခိုးယူခဲ့

သတင်းအချက်အလက်နှင့် ရုပ်ရှင်ဇာတ်ညွှန်းအသစ်များပေါက်ကြားမှုကို ရင်ဆိုင်ဖြေရှင်းရသည့် HBO ရုပ်သံကုမ္ပဏီအနေဖြင့် တရားဝင် Facebook နှင့် Twitter စာမျက်နှာများခိုးယူခံခဲ့ရသဖြင့် ၎င်းတို့အတွက် ထပ်မံထိုးနှက်ချက်ဖြစ်လာခဲ့ကြောင်း သိရသည်။ OurMine ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့သည် HBO ရုပ်သံလိုင်း၏ လူမှုရေးဝက်ဘ်ဆိုက် စာမျက်နှာများကို ၀င်ရောက်ထိန်းချုပ်ခဲ့ပြီး အောင်မြင်မှုရရှိနေသည့် Game of Thrones ဇာတ်လမ်းတွဲ၏ဇာတ်ညွှန်းအသစ်များကိုလည်း ၀င်ရောက်ခိုးယူခဲ့ကြောင်း သိရသည်။ HBO ၏ဒေတာများ ခိုးယူ ခံရခြင်းမှာ ယနေ့ ခေတ်ရုပ်သံကဏ္ဍ၏ အကြီးမားဆုံးဆိုက်ဘာတိုက်ခိုက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဒေါ်လာ ၄.၆ ဘီလီယံတန်ဖိုးရှိရှယ်ယာများကို ပရဟိသလုပ်ငန်းများအတွက် ဘီလ်ဂိတ်ထပ်မံလှူဒါန်း

ကမ္ဘာကျော်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Microsoft ကို တည်ထောင်သူ ဘီလ်ဂိတ်သည် ပရဟိတလုပ်ငန်းများအတွက် ဒေါ်လာ ၄.၆ ဘီလီယံ လှူဒါန်းပြီး ရှယ်ယာပိုင်ဆိုင်မှုကို လျှော့ချလိုက်ကြောင်း သိရသည်။ ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူမယ်လင်ဒါဂိတ်တို့သည် ၁၉၉၄ ခုနှစ်ကတည်းက ပရဟိတ လုပ်ငန်းများအတွက် ဒေါ်လာ ၃၅ ဘီလီယံအထိငွေသားအနေဖြင့် လည်းကောင်း၊ ကုမ္ပဏီရှယ်ယာများအဖြစ်လည်းကောင်း လှူဒါန်းခဲ့ပြီး ဖြစ်သည်။ အသက် ၆၁ နှစ်ရှိ ဘီလ်ဂိတ်အနေဖြင့် လက်ရှိအချိန်အထိ မိုက်ခရိုဆော့ဖ်၏ရှယ်ယာအစုပေါင်း ၆၄ သန်းကို ပေးလှူခဲ့ပြီးဖြစ်သော်လည်း ယင်းပမာဏ မှာ ၎င်း၏ကြွယ်ဝမှုစုစုပေါင်း၏ ၅ ရာခိုင်နှုန်းသာရှိသေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဘီလ်ဂိတ် ပိုင်ဆိုင်ထားသော မိုက်ခရိုဆော့ဖ်၏ ရှယ်ယာပမာဏမှာ ၁.၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။ သို့ရာတွင် ဘီလ်ဂိတ်သည်

Top