You are here
Home > Business News > အနည်းဆုံးအခကြေးငွေစစ်တမ်းတင်ပြရန် ညွှန်ကြားထား

အနည်းဆုံးအခကြေးငွေစစ်တမ်းတင်ပြရန် ညွှန်ကြားထား

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကောက်ယူနေသော အလုပ်သမားများ နေထိုင်စားသောက်မှု ကုန်ကျစရိတ် စစ်တမ်းနှင့် အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်ရေး စစ်တမ်းကို လာမည့် စက်တင်ဘာလ တွင် တင်ပြန်ရန် ညွှန်ကြားထားကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းရှိန်က ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အနည်း ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကော်မတီများဖွဲ့စည်း၍ ဒေသအလိုက် ကနဦး စစ်တမ်း ကောက်ယူစေခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒေသအလိုက်တင်ပြမှုတွေ ရောက်ရှိလာတဲ့အခါ ကျမှသာ အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ပြီး အနည်းဆုံးအခကြေးငွေကို ပြန်လည်သုံးသပ် စိစစ်တာတွေ ဆက်လက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top