You are here
Home > Business News > ရန်ကုန်မြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိင်းကို လာမည့် အောက်တိုဘာလတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ရာတွင် အရှေ့ဘက်ခြမ်းအဆင့်မြှင့်တင်မှုကို အပိုင်းနှစ်ပိုင်းခွဲခြားပြီး အပိုင်း (၁) တွင် ဒညင်းကုန်းဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာအထိ ဒုတိယလေးလ အတွင်းလည်းကောင်း၊ အနောက်ဘက်ခြမ်းအဆင့်မြှင့်တင်မှုတွင် အပိုင်း (၁)အဖြစ် ဒညင်းကုန်းဘူတာမှ အင်းစိန်ဘူတာအထိ ၃.၅ မိုင်အထိလည်းကောင်း၊ အပိုင်း (၂)အဖြစ်အင်းစိတ်ဘူတာမှ ကြည့်မြင်တိုင်ဘူတာ အထိ ၅.၅ မိုင်ဖြင့်လည်းကောင်း၊ အပိုင်း (၃) အဖြစ် ကြည့်မြင်တိုင်ဘူတာမှ ဘုရားလမ်းဘူတာအထိ ၂.၇ မိုင်တို့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ မေလအထိ ၈ လအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရထားလမ်းပိုင်းပြင်ဆင်နေတဲ့ကာလမှာ အရင်ပြေးဆွဲနေတဲ့ မီးရထားစီးရေထက် နည်းနည်း လျော့သွားမှာ ဖြစ်ပါတယ်။ ပြင်ဆင်နေတဲ့အချိန်မှာ အဆင်မပြေမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေ အဆင်ပြေစေရေးအတွက် မြန်မာ့ မီးရထားက အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top