You are here
Home > Business News > မသန်စွမ်းဦးရေ ၂၃ သိန်းခန့် ရှိသော်လည်း ထောင်ဂဏန်းမျှသာ အလုပ်အကိုင်ရရှိဟုဆို

မသန်စွမ်းဦးရေ ၂၃ သိန်းခန့် ရှိသော်လည်း ထောင်ဂဏန်းမျှသာ အလုပ်အကိုင်ရရှိဟုဆို

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော် ရှိသော်လည်း ထောင်ဂဏန်းမျှသာ အလုပ်အကိုင် အခွင့်အလမ်းရှိသေးသည်ဟု မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။
မသန်စွမ်းသူများထဲတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများက အလုပ်အကိုင်အများဆုံးရရှိပြီး အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ အပြောအာရုံမသန်စွမ်းသူနှင့် ဥာဏ်ရည် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသေးကြောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်အတွက် အမျိုးသားကော်မတီကို ဖွဲ့စည်းနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် မသန်စွမ်းသူများကို အလုပ်ခန့် အပ်ထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မသန် စွမ်းသူဦးရေ ၂၃ သိန်းကျော်ရှိရာမှာ ထောင် ဂဏန်းလောက်ပဲ အလုပ်အကိုင်ရရှိဆိုတဲ့အရေအတွက်က အရမ်း ကို နည်းပါးနေပါတယ်။ မသန်စွမ်းသူတွေအနေနဲ့ အများနည်းတူ အလုပ်လုပ်ခွင့်ရှိမယ်ဆိုရင် မိမိကိုယ်ကိုယုံကြည်မှုတွေ၊ ကြိုးစားချင်စိတ်တွေ ရှိလာမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top