You are here
Home > Business News > ပုလဲရောင်းချပွဲတွင် ယူရို ၂.၃ သန်းကျော် ရရှိ

ပုလဲရောင်းချပွဲတွင် ယူရို ၂.၃ သန်းကျော် ရရှိ

နေပြည်တော်တွင် သြဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲတွင် ပြသရောင်းချခဲ့သော ပုလဲအတွဲအားလုံးရောင်းချရပြီး ယူရို ၂.၃ သန်းကျော် ရရှိခဲ့ သည်ဟု ပုလဲပြပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပြည်တွင်း ပုလဲရောင်းချပွဲတွင် အိတ်ဖွင့်တင်ဒါ စနစ်တစ်မျိုးတည်းဖြင့် ရောင်းချခဲ့ခြင်းဖြစ် ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲများကို ၀ယ်ယူခဲ့သော မြန်မာကုန်သည်များအနေဖြင့် ယူရိုငွေဖြင့် ပေးချေရန်မလို အပ်ဘဲ သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာငွေဖြင့် ပေးချေနိုင်ကြောင်း ၎င်းက ပြောသည်။ “ဒီပြပွဲက ဒီနှစ်အ တွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြပွဲမှာ ပြည်တွင်းပြည်ပက ကုန်သည်တွေအားလုံး ပါဝင်ပါတယ်။ ပြပွဲမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၈၀ နဲ့ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယကုန်သည်တွေ လာရောက် ၀ယ်ယူခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top