You are here
Home > Business News > နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ ၀င်ငွေလျာထားချက်အောက် လျော့နည်းနေ

နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ ၀င်ငွေလျာထားချက်အောက် လျော့နည်းနေ

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏၀င်ငွေသည် ပြည်ထောင်စု၏ စုစုပေါင်းရငွေလျာထားချက်ထက် လျော့နည်းနေကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှ သိရသည်။
နိုင်ငံပိုင်အဖွဲ့အစည်းများ၏ ရငွေခန့်မှန်းချက်သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု စုစုပေါင်းရငွေ၏ ၄၉ ရာခိုင်နှုန်းပါဝင်ကြောင်း နိုင်ငံပိုင်အဖွဲ့အစည်းများသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၆၁၉၄.၆၈၃ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၅၉၁၂.၈၁၉ ဘီလီယံသာ ရရှိခဲ့ကြောင်း၊ သို့သော် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်သည် ၉၉၂.၆၉၆ ဘီလီယံအထိ လျော့နည်းသုံးစွဲထားခြင်းကြောင့် အစိုးရအတွက် ခုသာခံသာရှိကြောင်း အထက်ပါ အစီရင်ခံစာမှ သိရသည်။

Leave a Reply

Top