You are here
Home > Business News > မန္တလေးမြို့တိုက်ခန်းရောင်းဝယ်နှုန်းထား သတ်မှတ်

မန္တလေးမြို့တိုက်ခန်းရောင်းဝယ်နှုန်းထား သတ်မှတ်

မန္တလေးမြို့တွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ အတွင်းရှိ တိုက်ခန်းများရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ စံနှုန်းသတ်မှတ်ချက်များကို သြဂုတ်လ ပထမပတ်တွင် အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့မှ တိုက်ခန်းစံနှုန်း (ရာဖြတ်တန်ဖိုး)များကို သတ်မှတ်ထုတ်ပြန်ရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုက်ခန်းများအတွက် လမ်းကျယ်၊ လမ်းမ၊ အခန်းနှင့် အခန်းအကျယ်အ၀န်းများအလိုက် ဈေးနှုန်းသတ်မှတ်ခြင်းမှာ အများဆုံးကျပ် ၅၁၈ သိန်းမှ အနည်းဆုံးကျပ် ၆၅ သိန်းအတွင်း ရှိနေကြောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် (၁) ဧရိယာအတွင်း၌ ၇၃ လမ်းမျက်နှာမူထားသော ၄ ထပ်အဆောက်အအုံသည် ကျပ် ၇၄၀၀ သန်းကျော်မှ ကျပ် ၈၄၂၄ သန်း အထိ သတ်မှတ်ထားပြီး အတွင်းပိုင်းကို ကျပ် ၃၅၅၇ သန်းမှ ကျပ် ၃၅၉၄ သန်းအထိ လည်းကောင်း၊ အနောက်ဘက် ကို မျက်နှာမူထားလျှင် ကျပ် ၅၆၁၆ သန်းမှ ကျပ် ၅၉၉၀ သန်းအထိ သတ်မှတ်ထားကြောင်း၊ ပြည်ကြီး တံခွန် မြို့နယ်အတွင်းရှိ ပွဲရုံတိုက်ခန်းများကို ကျပ် ၂၈၈ သိန်းမှ ကျပ် ၅၀၄ သိန်းအထိလည်းကောင်း၊ ရွှေပြည်မန္တလာ တိုက်ခန်းများကို ကျပ် သိန်း ၂၄၀ မှ ကျပ်သိန်း ၁၆၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။ “မန္တလေးမှာ တိုက်ခန်းနဲ့နေထိုင်မှုက သိပ်ပြီးတွင်ကျယ်မှုမရှိသေးပါဘူး။ တန်ဖိုးမြင့်တိုက်ခန်းတွေကို နေထိုင်ဖို့အတွက် များပါတယ်။ တိုင်းအစိုးရက ယခုထုတ်ပြန်လိုက်တဲ့ တိုက်ခန်းဈေးနှုန်းတွေကလတ်တလောကလာပေါက်ဈေး နဲ့ နီးစပ်မှုရှိပါတယ်” ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

Leave a Reply

Top