You are here
Home > Business News > ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်

ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသော ကွန်ဒိုနည်းဥပဒေ ကို ယခုလကုန်တွင် ထုတ်ပြန်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ရန်အတွက် လိုအပ်နေသည့် ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ကွန်ဒိုနည်းဥပဒေသည် လက်ရှိတွင် ရှေ့နေချုပ်ရုံးကို ရောက်ရှိနေပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရရုံး သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယင်း ဥပဒေပါအချက်အလက်များအရ ၆ လွှာနှင့် အထက်မှ စတင်၍ နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်းဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မှာ ကွန်ဒိုဝယ်ဖို့ ကွန်ဒိုနည်းဥပဒေကို စောင့်မျှော်နေတဲ့ နိုင်ငံခြားသားပေါင်း သောင်းဂဏန်းလောက်ရှိပါတယ်။ မကြာမီမှာ နည်းဥပဒေထွက်လာမှာဆိုတော့ ကွန်ဒိုဈေးကွက်က အရောင်းအ၀ယ်ပြန်ပြီး ကောင်းလာနိုင်တယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Leave a Reply

Top