You are here
Home > Business News > ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထား

ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်း တင်ပို့နိုင်ရန် မျှော်မှန်းထား

မြန်မာ့ရာဘာများကို ပြည်ပ၀ယ်လိုအား မြင့်တက်လာမှုနှင့်အတူ ဈေးကွက်သစ်များ ရရှိလာခြင်းတို့ ကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရာဘာတန်ချိန် ၁.၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ရာဘာကုန်ကြမ်း ၁. ၄ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရာဘာများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နှစ်တုန်းက ၁.၄ သန်း တင်ပို့နိုင်ခဲ့တဲ့ အတွက် ဒီနှစ်မှာ ၁.၅ သန်း ကျော်အထိ တင်ပို့နိုင်ဖို့ မျှော်မှန်း ထားတယ်။ ဈေးကွက်သစ်ဖြစ်တဲ့ ဂျပန် နိုင်ငံကလည်း စတင်ဝယ်ယူလာပါပြီ။ ဂျပန်နိုင်ငံက မြန်မာ့ရာဘာတွေကို ၀ယ်ယူဖို့အတွက် အရည်အသွေးမြင့်သင်တန်း ပို့ချပြီးမှ စတင်ဝယ်ယူတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top