You are here
Home > Business News > ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂ ဘီလီယံခန့်မြင့်တက်

ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂ ဘီလီယံခန့်မြင့်တက်

ယခု ဘဏ္ဍာရေးနှစ်၏ ပထမလေးလပတ်ကလာကုန်သွယ်မှုသည် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိနေခြင်းကြောင့် ယမန်နှစ်အလားတူကာလကထက် ၂ ဘီလီယံခန့် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယခု ဘဏ္ဍာရေးနှစ်၏ ပထမလေးလပတ်အတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂ ဘီလီယံခန့် မြင့်တက်နေပြီး ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၂ ဘီလီယံခန့် ရှိကြောင်း သိရသည်။ “ဧပြီနဲ့ ဇူလိုင်လအတွင်းမှာ ပို့ကုန်တန်ဖိုးက ၄.၃ ဘီလီယံကျော် ရှိပါတယ်။ သွင်းကုန်တန်ဖိုးက ၆ ဘီလီယံကျော်ရှိနေ တော့ ကုန်သွယ်မှုလိုငွေက ၂ ဘီလီယံအထိ ရှိလာတာပါ။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကုန်သွယ်မှုလိုငွေ ပြတတ်ပါ တယ်။ ဒါကို ရေရှည်လိုငွေမပြဖို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

Leave a Reply

Top