You are here
Home > Uncategorized > အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ၏ ကမ္ဘာ့အိမ်ခြံမြေ၀ယ်ယူမှု စံချိန်တင်အများပြားဆုံးအနေအထားသို့ ရောက်ရှိ

အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ၏ ကမ္ဘာ့အိမ်ခြံမြေ၀ယ်ယူမှု စံချိန်တင်အများပြားဆုံးအနေအထားသို့ ရောက်ရှိ

၂၀၁၇ ခုနှစ်၏ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိမ်ခြံမြေ၀ယ်ယူမှုပမာဏမှာ စံချိန်တင်အများဆုံး အနေအထားသို့ရောက်ရှိခဲ့ကြောင်း အမေရိကန်အခြေစိုက် JLL အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ ထုတ်ပြန်သွားခဲ့ သည်။
လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိမ်ခြံမြေ၀ယ်ယူထားသည့်အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူ ၁၀ ဦး အနက် ၅ ဦးမှာ အာရှတိုက်မှဖြစ်ပြီး လွန်ခဲ့သော ၆ လအတွင်း ဒေါ်လာ ၁၉.၅ ဘီလီယံအသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါပမာဏမှာ လွန်ခဲ့သောနှစ်၏ ပထမ ၆ လအတွင်း အာရှအိမ်ခြံမြေလုပ်ငန်းရှင်များ အသုံးပြု ခဲ့သော ငွေကြေးပမာဏထက် ၇၁ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းလည်း ဖြစ်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်လည်း တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများမှာ နိုင်ငံရပ်ခြားတွင် အိမ်ဝယ်ယူမှု တတိယအများဆုံးမှတ်တမ်းကို ရရှိထားပြီး ၂၀၁၇ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၆.၂ ဘီလီယံအထိ အသုံးပြုထားကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံ၏နောက်တွင် ဟောင်ကောင်က ဒေါ်လာ ၄.၉ ဘီလီယံ၊ တောင်ကိုရီးယားက ဒေါ်လာ ၁.၉ ဘီလီယံအသုံးပြုထားကြောင်းလည်း သိရသည်။ အာရှရင်းနှီး မြှုပ်နှံသူများအနေဖြင့် အမေရိက၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ရှိ အိမ်ခြံမြေဈေးကွက် များတွင် အများဆုံးရင်းနှီးမြှုပ် နှံ ထားကြောင်းလည်း သိရသ်ည။

Leave a Reply

Top