You are here
Home > Business News > ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အိန္ဒိယနိုင်ငံလုပ် ရထားခေါင်းသစ်များဖြင့် စမ်းသပ်ပြေးဆွဲနေ

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အိန္ဒိယနိုင်ငံလုပ် ရထားခေါင်းသစ်များဖြင့် စမ်းသပ်ပြေးဆွဲနေ

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အသစ်ဝယ်ယူထားသော အိန္ဒိယနိုင်ငံ ထုတ်ရထားစက်ခေါင်း ၆ ခေါင်းဖြင့်ကုန်ရထားဖြင့် စမ်းသပ်မောင်းနှင်နေပြီဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
အိန္ဒိယနိုင်ငံမှ ၀ယ်ယူထားသော ရထားစက်ခေါင်း ၁၈ ခေါင်းကို ရန်ကုန်တွင် စက်ခေါင်း ၂ ခု၊ မန္တလေး တွင် စက်ခေါင်း ၄ ခုတို့ကို စမ်းသပ် မောင်းနှင်နေခြင်းဖြစ်ကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင် တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ ဂျပန်နိုင်ငံတို့မှ ထုတ်လုပ်သော စက်ခေါင်းများကို အသုံးပြုနေခြင်းဖြစ်ပြီး ယခုအသစ် ရောက်ရှိလာသည့် စက်ခေါင်းတန်ခေါင်းလျှင် ဒေါ်လာ ၁.၈ သန်းတန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။ “စက်ခေါင်း သစ်တွေကို ကုန်ရထားဖြင့် ဘယ်လောက်ဆွဲနိုင်သလဲဆိုတာကို စမ်းသပ်မောင်းနှင်နေပါတယ်။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် မြန်မာ့မီးရထားအနေနဲ့ နိုင်ငံတကာချေးငွေနဲ့ ဆောင်ရွက်ေနေတဲ့ စီမံကိန်း ၇ ခု ရှိပါတယ်။ ဒီစီမံကိန်းတွေထဲမှာ ရထားစက်ခေါင်းတွေနဲ့ လူစီးတွဲဝယ်ယူတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top