You are here
Home > 2017 > August

ခရီးသွားဖွံ့ဖြိုးရေး ရန်ပုံငွေ ကောက်ခံမည့် အစီအစဉ် အတည်ပြုနိုင်ရန် ဆွေးနွေးနေဟုဆို

နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွား ဧည့်သည်များထံမှ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေကောက်ခံမည့် အစီအစဉ်ကို လာမည့် ၂၀၁၈ ဇန်န၀ါရီလတွင် စတင်နိုင်ရန် မျှော်မှန်းထားပြီး ယင်းအစီအစဉ်ကို အတည်ပြုနိုင်ရန် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှလာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များထံမှ ရန်ပုံငွေ ကောက်ခံမည့်အစီအစဉ်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်းဆွေးနွေးနေကြောင်း ၎င်းက ပြောသည်။ “ဆွေးနွေးမှုလုပ်နေသော မပြီးပြတ်သေးပါဘူး။ တစ်ချို့ကလည်း ၁၀ ဒေါ်လာ ကောက်မယ်။ တစ်ချို့ကလည်း ၁ ဒေါ်လာကောက်မယ်ဆို ပြီး ညှိနှိုင်းနေတယ်။ တစ်ချို့ကလည်းစားသောက်ဆိုင်တွေမှာ စာရင်းကောင်မယ်ဆိုပြီး ညှိနှိုင်းနေကြတယ်။ ဘယ်လိုပုံစံနဲ့ကောက်မယ်ဆိုတာ

ရန်ကုန်မြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိင်းကို လာမည့် အောက်တိုဘာလတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ရာတွင် အရှေ့ဘက်ခြမ်းအဆင့်မြှင့်တင်မှုကို အပိုင်းနှစ်ပိုင်းခွဲခြားပြီး အပိုင်း (၁) တွင် ဒညင်းကုန်းဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာအထိ ဒုတိယလေးလ အတွင်းလည်းကောင်း၊ အနောက်ဘက်ခြမ်းအဆင့်မြှင့်တင်မှုတွင် အပိုင်း (၁)အဖြစ် ဒညင်းကုန်းဘူတာမှ အင်းစိန်ဘူတာအထိ ၃.၅ မိုင်အထိလည်းကောင်း၊ အပိုင်း (၂)အဖြစ်အင်းစိတ်ဘူတာမှ ကြည့်မြင်တိုင်ဘူတာ အထိ ၅.၅ မိုင်ဖြင့်လည်းကောင်း၊ အပိုင်း (၃) အဖြစ် ကြည့်မြင်တိုင်ဘူတာမှ ဘုရားလမ်းဘူတာအထိ ၂.၇ မိုင်တို့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ မေလအထိ ၈ လအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရထားလမ်းပိုင်းပြင်ဆင်နေတဲ့ကာလမှာ အရင်ပြေးဆွဲနေတဲ့

မသန်စွမ်းဦးရေ ၂၃ သိန်းခန့် ရှိသော်လည်း ထောင်ဂဏန်းမျှသာ အလုပ်အကိုင်ရရှိဟုဆို

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော် ရှိသော်လည်း ထောင်ဂဏန်းမျှသာ အလုပ်အကိုင် အခွင့်အလမ်းရှိသေးသည်ဟု မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။ မသန်စွမ်းသူများထဲတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများက အလုပ်အကိုင်အများဆုံးရရှိပြီး အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ အပြောအာရုံမသန်စွမ်းသူနှင့် ဥာဏ်ရည် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသေးကြောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်အတွက် အမျိုးသားကော်မတီကို ဖွဲ့စည်းနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် မသန်စွမ်းသူများကို အလုပ်ခန့် အပ်ထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မသန် စွမ်းသူဦးရေ ၂၃ သိန်းကျော်ရှိရာမှာ ထောင် ဂဏန်းလောက်ပဲ အလုပ်အကိုင်ရရှိဆိုတဲ့အရေအတွက်က အရမ်း ကို နည်းပါးနေပါတယ်။ မသန်စွမ်းသူတွေအနေနဲ့ အများနည်းတူ အလုပ်လုပ်ခွင့်ရှိမယ်ဆိုရင် မိမိကိုယ်ကိုယုံကြည်မှုတွေ၊

အနည်းဆုံးအခကြေးငွေစစ်တမ်းတင်ပြရန် ညွှန်ကြားထား

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကောက်ယူနေသော အလုပ်သမားများ နေထိုင်စားသောက်မှု ကုန်ကျစရိတ် စစ်တမ်းနှင့် အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်ရေး စစ်တမ်းကို လာမည့် စက်တင်ဘာလ တွင် တင်ပြန်ရန် ညွှန်ကြားထားကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းရှိန်က ပြောသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အနည်း ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကော်မတီများဖွဲ့စည်း၍ ဒေသအလိုက် ကနဦး စစ်တမ်း ကောက်ယူစေခဲ့ကြောင်း ၎င်းက ပြောသည်။ “ဒေသအလိုက်တင်ပြမှုတွေ ရောက်ရှိလာတဲ့အခါ ကျမှသာ အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ပြီး အနည်းဆုံးအခကြေးငွေကို ပြန်လည်သုံးသပ် စိစစ်တာတွေ ဆက်လက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ပုလဲရောင်းချပွဲတွင် ယူရို ၂.၃ သန်းကျော် ရရှိ

နေပြည်တော်တွင် သြဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ၃၅ ကြိမ်မြောက် ပြည်တွင်းပုလဲရောင်းချပွဲတွင် ပြသရောင်းချခဲ့သော ပုလဲအတွဲအားလုံးရောင်းချရပြီး ယူရို ၂.၃ သန်းကျော် ရရှိခဲ့ သည်ဟု ပုလဲပြပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပြည်တွင်း ပုလဲရောင်းချပွဲတွင် အိတ်ဖွင့်တင်ဒါ စနစ်တစ်မျိုးတည်းဖြင့် ရောင်းချခဲ့ခြင်းဖြစ် ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲများကို ၀ယ်ယူခဲ့သော မြန်မာကုန်သည်များအနေဖြင့် ယူရိုငွေဖြင့် ပေးချေရန်မလို အပ်ဘဲ သတ်မှတ်ငွေလဲနှုန်းအတိုင်း မြန်မာငွေဖြင့် ပေးချေနိုင်ကြောင်း ၎င်းက ပြောသည်။ “ဒီပြပွဲက ဒီနှစ်အ တွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြပွဲမှာ ပြည်တွင်းပြည်ပက ကုန်သည်တွေအားလုံး ပါဝင်ပါတယ်။ ပြပွဲမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း

မြန်မာ့လူဦးရေအတွက် အိမ်/တိုက်ခန်း ၅ သန်းနီးပါး လိုအပ်မည်ဟုဆို

လာမည့် ၂၀၄၀ ပြည့်နှစ်၌ တိုးပွားလာမည့် မြန်မာ့လူဦးရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ်နှင့် တိုက်ခန်း ၄.၈ သန်း လိုအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိမ်ရာဖွံ့ဖြိုးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလွင်ဦးက ပြောသည်။ ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း တိုးပွားခဲ့သော လူဦးရေ တိုးနှုန်းကို အခြေခံ၍ ၂၀၄၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်မည့် အိမ်နှင့် တိုက်ခန်းအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားကြောင်း၊ ၁၉၈၃ ခုနှစ်၌ မြန်မာ့ လူဦးရေသည် ၃၅ သန်းကျော်သာရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၅၁ သန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း၊ ယင်းနှုန်းထားအတိုင်း တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ သန်း

ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသော ကွန်ဒိုနည်းဥပဒေ ကို ယခုလကုန်တွင် ထုတ်ပြန်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။ ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ရန်အတွက် လိုအပ်နေသည့် ကွန်ဒိုနည်းဥပဒေကို ယခုလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ကွန်ဒိုနည်းဥပဒေသည် လက်ရှိတွင် ရှေ့နေချုပ်ရုံးကို ရောက်ရှိနေပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရရုံး သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယင်း ဥပဒေပါအချက်အလက်များအရ ၆ လွှာနှင့် အထက်မှ စတင်၍ နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်းဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရန်ကုန်မှာ ကွန်ဒိုဝယ်ဖို့ ကွန်ဒိုနည်းဥပဒေကို စောင့်မျှော်နေတဲ့ နိုင်ငံခြားသားပေါင်း သောင်းဂဏန်းလောက်ရှိပါတယ်။ မကြာမီမှာ နည်းဥပဒေထွက်လာမှာဆိုတော့ ကွန်ဒိုဈေးကွက်က

မန္တလေးအိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ဦးပိုင်မြေကွက်များကို ဂရန်ခွဲစိတ် လျှောက်ထားခြင်းအား ပယ်ဖျက်ထားပြီး စတုရန်းပေ ၁၂၀၀ အောက်မြေကွက် မြေများကို ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာသည်ဟု မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဧရိယာစတုရန်းပေ ၁၂၀၀ အောက်ရှိပြီး မြေကွက်ပေါ် တွင် အဆောက်အအုံဖြင့်နေထိုင်ခြင်း ၀င်လမ်းထွက်လမ်းကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ် ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက မြေတည်ရှိရာမြို့နယ်၊ မြေအမျိုးအစားအလိုက် မြေဂရန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း နှင့် မန္တလေး စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲ မှုဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ “မြေကွက်ငယ်တွေကို အမည်ပေါက်လုပ်ခွင့်ပြုတဲ့အတွက် မြေယာနဲ့ ဆိုင်တဲ့

မန္တလေးမြို့တိုက်ခန်းရောင်းဝယ်နှုန်းထား သတ်မှတ်

မန္တလေးမြို့တွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ အတွင်းရှိ တိုက်ခန်းများရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ စံနှုန်းသတ်မှတ်ချက်များကို သြဂုတ်လ ပထမပတ်တွင် အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းအစိုးရအဖွဲ့မှ တိုက်ခန်းစံနှုန်း (ရာဖြတ်တန်ဖိုး)များကို သတ်မှတ်ထုတ်ပြန်ရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုက်ခန်းများအတွက် လမ်းကျယ်၊ လမ်းမ၊ အခန်းနှင့် အခန်းအကျယ်အ၀န်းများအလိုက် ဈေးနှုန်းသတ်မှတ်ခြင်းမှာ အများဆုံးကျပ် ၅၁၈ သိန်းမှ အနည်းဆုံးကျပ် ၆၅ သိန်းအတွင်း ရှိနေကြောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် (၁) ဧရိယာအတွင်း၌ ၇၃ လမ်းမျက်နှာမူထားသော ၄ ထပ်အဆောက်အအုံသည် ကျပ် ၇၄၀၀ သန်းကျော်မှ ကျပ် ၈၄၂၄ သန်း အထိ သတ်မှတ်ထားပြီး အတွင်းပိုင်းကို ကျပ် ၃၅၅၇

နိုင်ငံပိုင် စီးပွားရေးအဖွဲ့များ ၀င်ငွေလျာထားချက်အောက် လျော့နည်းနေ

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏၀င်ငွေသည် ပြည်ထောင်စု၏ စုစုပေါင်းရငွေလျာထားချက်ထက် လျော့နည်းနေကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှ သိရသည်။ နိုင်ငံပိုင်အဖွဲ့အစည်းများ၏ ရငွေခန့်မှန်းချက်သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု စုစုပေါင်းရငွေ၏ ၄၉ ရာခိုင်နှုန်းပါဝင်ကြောင်း နိုင်ငံပိုင်အဖွဲ့အစည်းများသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၆၁၉၄.၆၈၃ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၅၉၁၂.၈၁၉ ဘီလီယံသာ ရရှိခဲ့ကြောင်း၊ သို့သော် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်သည် ၉၉၂.၆၉၆ ဘီလီယံအထိ လျော့နည်းသုံးစွဲထားခြင်းကြောင့် အစိုးရအတွက် ခုသာခံသာရှိကြောင်း အထက်ပါ အစီရင်ခံစာမှ သိရသည်။

Top