You are here
Home > 2017 > July (Page 2)

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၌ တိကျခိုင်မာသော ဥပဒေအချက်များ ပါဝင်ရန် မျှော်လင့်ဟုဆို

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းတွင် ကလေးသူငယ်အခွင့်အရေးဥပဒေအချက်အလက်များအား ကောင်းစွာ ပါဝင်ရန် မျှော်လင့်ထားကြောင်း ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။ ပြည်ထောင်စု လွှတ်တော်မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ကလေးသူငယ်ဆိုင်ရာ ဥပေးမူကြမ်းသည် ၁၉၉၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ကလေးသူငယ် ဥပဒေထက်ပိုမိုစုံလင်သောကဏ္ဍများ ပါဝင် သော်လည်း ကလေးသူငယ်ပါဝင်မှုအခွင့်အရေးနှင့် ပတ်သက်ပြီး တိတိကျကျဖော်ပြထားသော အချက်များမရှိ ကြောင်း၊ ကလေးသူငယ် အခွင့်အရေးအပေါ်လက်ခံမှုအားနည်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဥပဒေ တွေကိုကောင်းအောင် ကြိုးစားပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုမရှိရင် ဥပဒေ ဘယ်လောက် ကောင်းကောင်း အဆင်ပြေမှာမဟုတ်ပါဘူး။ ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ် မုဒိန်းမှုအတွက် ထောင်ဒဏ်အနှစ် ၂၀ မှ အများဆုံးထောင်ဒဏ်တစ်သက် အထိချမှတ်နိုင်ကြောင်း

နိုင်ငံအတွင်းရှိ ကျေးရွာပေါင်း ၃၂၀၀၀ ကျော် လျှပ်စစ်မီးရရှိရန်ကျန်ရှိနေ

နိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၃၂၀၀၀ ကျော် လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံးလျှပ်စစ်မီး ရရှိရေးအတွက် စီမံချက်ချမှတ် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယခု ၂၀၁၇ ခုနှစ် မေလအထိ စာရင်းများအရ မြို့တိုင်းအားလုံးလျှပ်စစ် မီးရရှိထား ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ ကျေးရွာပေါင်း ၆၃၈၅၉ ရွာရှိပြီး ၃၁၈၀၄ ရွာ လျှပ်စစ်မီး ရရှိထားကြောင်း၊ မြန်မာ တစ်နိုင်ငံလုံး၌ ရှိသော အိမ်ထောင်စုအရေအတွက်၏ ၃၈ ရာခိုင်နှုန်းဖြစ်သော ၄.၁ သန်းကျော် လျှပ်စစ်မီးရရှိ ထားပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်ကုန်တွင်

ခွင့်ပြုမိန့်မကျသေး၍ ဘတ်စ်ကားအသစ်များ မပြေးဆွဲနိုင်သေးဟု YUPT ပြော

ရန်ကုန်မြို့ပြအများပိုင်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) ကုမ္ပဏီပိုင်ယာဉ်လိုင်းများတွင် စီးတီးဘတ်စ်ကားသစ် ၅၀၀ ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲရန် လျာထားခဲ့သော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ခွင့်ပြုချက်မရရှိခြင်းကြောင့် မပြေးဆွဲနိုင်သေးကြောင်း YUPT မှ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ဝယ်ယူထားသော တရုတ်နိုင်ငံထုတ် ဘတ်စ်ကားသစ်အစီးရေ ၁၀၀၀ ကျော်ကို ရန်ကုန်မြို့ပြ (YUPT) နှင့် ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBS) တို့ကို အစီး ၅၀၀ စီ ရန်ကုန်တိုင်းအစိုးရမှ ထည့်သွင်းပေးထားကြောင်း သိရသည်။ “ဇူလိုင် ၂၀ ရက်နေ့မှာ စတင်ပြေးဆွဲဖို့ လျာထားပေမယ့် မပြေးဆွဲဖြစ်ပါဘူး။ ခွင့်ပြုမိန့် မထွက်လာသေးလို့ပါ။ အကယ်၍ ခွင့်ပြုချက်ရရင်တော့

နိုင်ငံခြားချေးငွေဝန်ဆောင်မှု လုပ်ငန်းများကို ဗဟိုဘဏ်ခွင့်မပြုထားဟုဆို

နိုင်ငံတကာမှ ချေးငွေရယူရန်ဆောင်ရွက်ပေးမည်ဆိုသော လုပ်ငန်းနှင့်အဖွဲ့အစည်းများကို ဗဟိုဘဏ်မှ ယနေ့အချိန်အထိ ခွင့်ပြုထားမှု မရှိသေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် နိုင်ငံတကာမှ ချေးငွေရယူရန် ဆောင်ရွက်ပေးမည်ဆိုသော လုပ်ငန်းနှင့်အဖွဲ့အစည်းများ ပေါ်ပေါက်နေကြောင်း၊ နိုင်ငံခြားမှ ချေးငွေရယူရန် ၀န်ဆောင်မှုပေးမည် ကုမ္ပဏီများ ကို ဗဟိုဘဏ်မှ ယနေ့အထိ ခွင့်ပြုထားမှုမရှိသေးခြင်းကြောင့် ပြည်သူများအနေဖြင့် ယုံကြည်လက်ခံခြင်း မပြုရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ “နိုင်ငံခြားက ချေးငွေယူမယ်ဆိုရင် ဗဟိုဘဏ်ခွင့်ပြုမှ ယူလိုရမှာပါ။ ဗဟိုဘဏ်က ယနေ့အထိ ခွင့်ပြုထားတဲ့အဖွဲ့အစည်းမရှိပါဘူး။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက နိုင်ငံခြားက ချေးငွေရယူဖို့ ဆောင်ရွက်ပေးမယ်ဆိုရင် ဒါဟာ လိမ်တာပါ” ဟု ၎င်းက ပြောသည်။

ဆန်စပါးကုန်သွယ်မှု မူဝါဒ ပေါ်ထွက်လာရန် ဆောင်ရွက်မည်

၂၀၁၇-၁၈ ဘဏ္ဍရေးနှစ်အတွင်း ဆန်စပါးကုန်သွယ်မှု မူဝါဒပေါ်ထွက်လာရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်က ပြောသည်။ ဆန်စပါးကို ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုကို ချိန်ဆနိုင်ရန်အတွက် ဆန်စပါးကုန်သွယ်မှု မှုဝါဒ ပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆန်တန်ချိန် ၁၂ သန်းကျော် ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစားသုံးမှုသည် ၈၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ပြည်ပသို့ ၂၀ ရာခိုင် နှုန်းခန့်သာ ဆန်တင်ပို့နိုင်ခြင်း ကြောင့် ပြည်ပ၀ယ်လိုအားများ လာပါက ပြည်တွင်းဆန်ဈေးနှုန်းများစွာမြင့်တက်မှု မရှိစေရန် ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် မှုဝါဒရေးဆွဲရန် လိုအပ်နေကြောင်း ၎င်းက ပြောသည်။ “ဆန်စပါးကုန်သွယ်မှု မူဝါဒမှာ ပြည်တွင်းလက်လီလက်ကား ရောင်းဝယ်မှု၊ ကုန်စည်ဒိုင်များရဲ့

အငှားအိမ်ရာများကို ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းများကို အရေးယူမည်

မန္တလေးမြို့အနောက်ဘက်ကမ်းနားလမ်းရှိ အငှားအိမ်ရာများကို နေထိုင်ခွင့်ရရှိထားသူများအနေဖြင့် တစ်ဆင့်ပြန်လည်ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါက အရေးယူသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။ ကမ်းနားလမ်းရှိ အငှားအိမ်ရာများတွင် တိုက်ခန်းငှားရမ်းနေထိုင်သူများသည် စာချုပ်ပါစည်းကမ်းအတိုင်း လိုက်နာခြင်းမရှိသည်ကို တွေ့ရှိနေရကြောင်း အောင်မြေသာဇံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။ “အငှားအိမ်ရာငှားရမ်းခြင်းစာချုပ်မှာ လစဉ်ငှားရမ်းခတွေကို ပုံမှန်ပေးသွင်းဖို့နဲ့ တစ်ဆင့်ငှားရမ်းလွှဲပြောင်းခြင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အကြွေးကျန်နေတဲ့သူတွေကို အခန်းပြန်လည်သိမ်းယူထားပါတယ်။ တစ်ဆင့်ပြန်လည်ငှားရမ်းထားတဲ့သူတွေ၊ ရောင်းချထားတဲ့သူတွေကို အငှားချထားမှုရပ်ဆိုင်းထားပြီး သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းလုပ်ငန်းတွေကို စာချုပ်ပါစည်းကမ်း အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။ မန္တလေးမြို့၊ ကမ်းနားလမ်းရှိ အငှားအိမ်ရာတွင် တစ်ဆင့် အငှားချထားသည့် အခန်းပေါင်း ၁၂၀၊ ပြန်လည်ရောင်းချထားသည့် အခန်းပေါင်း ၅၉ ခန်း

ရန်ကုန်မြို့သစ်စီမံကိန်း ပြင်ဆင်ရေးဆွဲမည်ဟု ၀န်ကြီးပြော

ရန်ကုန်မြို့သစ်စီမံကိန်းကို လာမည့် ၁၀ နှစ်အတွင်း တိုးပွားလာမည့် လူဦးရေနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဟု လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ သည်။ ရန်ကုန်မြို့တော်သည်လာမည့် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်းအထက် ရှိလာမည် ဖြစ်ခြင်းကြောင့် တိုးပွားလာမည့် လူဦးရေနှင့် ကိုက်ညီမှုရှိသော မြို့ပြစီမံကိန်းတစ်ရပ်ကို ပြင်ဆင်ရေးဆွဲနိုင်ရန် ရန်ကုန်မြို့တော် ကို ချဲ့ထွင်ရာတွင် မြို့ပြင်ဒေသများကို ချဲ့ထွင်ခြင်းနှင့် မြို့တွင်းအထပ်မြင့်အဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်သည်ဟု ၀န်ကြီးက ပြောသည်။ “ရန်ကုန်မြို့တော်ရဲ့ တိုးပွားလာမယ့် လူဦးရေကို ကြည့်ရင် နေထိုင်သူ ၁၀ သန်းကျော်ရှိမယ့် မဂ္ဂါစီးတီးအဖြစ်

Coca-Cola ကုမ္ပဏီ၏ ကမ္ဘာကျော်ကမ်ပိန်း Share a Coke အစီအစဉ်ကျင်းပမည်

Coca-Cola ကုမ္ပဏီအနေဖြင့် စားသုံးသူများအား မိမိတို့နှစ်သက်ရာ နာမည်များကို Coke အချိုရည်ဗူးများပေါ်တွင် ရိုက်နှိပ်ပြီး မိမိတို့ ချစ်ခင်ရသူများအား သီးသန့်အချိုရည်ဘူးများပေးအပ်ကာ အံ့သြ၀မ်း သာစေမည့် ကမ္ဘာကျော်ကမ်ပိန်း Share a Coke အစီအစည်ကို မြန်မာ့ဓလေ့ထုံစံနှင့် အညီပထမဦးဆုံးအကြိမ် အဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာလူမျိုးတို့ မှည့်ခေါ်လေ့ရှိသော နာမည်များဖြစ်သော အောင်၊ ကျော်၊ ဖြူ စသည့် စာလုံးပေါင်း ၁၀၀ ကျော်ကို ရိုက်နှိပ်ထားသည် Coca-Cola နှင့် Max+ အချိုရည်ဘူးများကို နိုင်ငံတစ်ဝှမ်းမှအရောင်းဆိုင်များတွင် ၂၀၁၇ ဇူလိုင်မှ စတင်ကာ ပစ္စည်းမပြတ်လပ်မီအချိန်အထိ ၀ယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ဖြစ်သော “Coke ကို မျှဝေလိုက်ပါ” နာမည်ရိုက်စက်များဖြင့်

ကျောက်စိမ်းတူးဖော်ရေး အခွန်စနစ်ပြောင်းလဲသင့်ဟုဆို

မြန်မာ့ကျောက်စိမ်းတူးဖော်သည့်ကဏ္ဍတွင် ကုမ္ပဏီများထံမှ အခွန်ကောက်ခံနေသည့်စနစ်သစ်ကို ပြန်လည် ပြင်ဆင်သင့်ကြောင်း တွင်းထွက်သယံဇာတကို သုတေသနပြုနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Natural Resource Government Institute မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံက ပြောသည်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန်ကောက်ခံရာ၌ ကုမ္ပဏီနှင့် အခွန်ကောက်ခံသူတို့ အကြား မသမာသည့် နည်းလမ်းများရှိနေပြီး ရသင့်ရထိုက်သော အခွန်များရှိနေသဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်များ ဆုံးရှုံးမှုများရှိနေကြောင်း၊ ကျောက်စိမ်းတူးဖော်သည်မှ ထုတ်လုပ်ရောင်းချသည် အထိ အခွန်ကောက်ခံမှုအပိုင်းတွင် တန်ဖိုးသတ်မှတ်ပေးသည့် အခွန်ဝန်ထမ်းများ၊ ကုမ္ပဏီများကို စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများတွင် နိုင်ငံတကာ၌ ကျင့်သုံးနေသော စောင့်ကြည့်မည့်တာဝန်ရှိသူများကို ထားရှိသင့်ကြောင်း ၎င်းက ပြောသည်။

ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း တတ်သော်လည်း ဒေါ်လာတန်ဖိုးကျဆင်း

ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း ဆက်တိုက်မြင့်တက်နေသော်လည်း ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ ပုဂ္ဂလိကဘဏ်များကလေလံဈေးကွက်တွင် ဈေးဆွဲတင်မှုကြောင့် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃၆၂ ကျပ်မှ ဇူလိုင်လ ၁၂ ရက်နေ့တွင် ၁၃၆၆ ကျပ်သို့ မြင့်တက်လာသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၆၁ ကျပ်ခန့်သာဈေးဖွင့်ထားကြောင်း သိရ သည်။ “မိုးရာသီမှာ သွင်းကုန်အတွက် ပြည်ပကို ငွေလွှဲတဲ့ပမာဏလျော့ကျနေလို့ ဒေါ်လာဝယ်လိုအား လျော့နည်းနေတဲ့အတွက် ဒေါ်လာတန်ဖိုး မြင့်တက်နေပေမယ့် မြန်မာ့စီးပွားရေးကျဆင်းနေတဲ့အတွက် ဒေါ်လာ တန်ဖိုးမြင့်တက်နိုင်ဖို့ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

Top