You are here
Home > Business News > SMEs အစုအဖွဲ့များအပေါ် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုမရှိဟုဆို

SMEs အစုအဖွဲ့များအပေါ် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုမရှိဟုဆို

မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) အစုအဖွဲ့အစည်းထားပြီးဖြစ်သော်လည်း လုပ်ငန်းမျိုးတူလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုမရှိသလောက် နည်းပါးနေကြာင်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွဋ် ဆွေက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်းအမျိုးတူ အစုအဖွဲ့များကို ၂၀၁၄ ခုနှစ်မှ စတင်၍ ဖွဲ့စည်းဖြစ်ခဲ့ရာတွင် အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “လုပ်ငန်းအမျိုး တူစုတွေ ဖွဲ့စည်းထားတာ ၁၀၀ ကျော်ရှိပါပြီ။ ဒါပေမယ့် လုပ်ငန်းရှင်တွေက စိတ်မ၀င်စားဘူး။ နိုင်ငံတကာရဲ့ သဘောတရားမှာတော့ အမျိုးတူစုတွေ စုဖွဲ့ပြီး အရင်းအနှီးစုမယ်၊ ကုန်ကြမ်းဝယ်မယ်၊ စက်ပစ္စည်းဝယ်တာတွေ က အစ စုပြီးဝယ်တာဆိုတော့ သက်သာပါတယ်။ လုပ်ငန်းရှင်တွေဆိုရင်တော့ တစ်ဦးချင်းပဲ လုပ်ကြတာပါ။ လုပ်ငန်းအမျိုးတူတွေကို စုထားတဲ့အတွက် အားသာချက်တွေကို ၀ိုင်းဝန်းဆောင်ရွက်ပြီး အားနည်းချက်တွေကို ၀ိုင်းဝန်းအဖြေရှာမယ်ဆိုရင်လုပ်ငန်း အောင်မြင်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top