You are here
Home > Uncategorized > ၄ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့် ပမာဏ ကျပ် ၄၀ ဘီလီယံကျော်ရှိ

၎ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သည့် ပမာဏ ကျပ် ၄၀ ဘီလီယံကျော်ရှိ

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအားစိုက်ပျိုး စရိတ် ချေးသွေ ထုတ်ချေးလျက်ရှိရာတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောင်သူများထံမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သော ပမာဏသည် ကျပ် ၄၀ ဘီလီယံ ကျော်ရှိနေကြောင်း လယ်ယာ ဖွံ့ဖြိုါ်ရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကြွေးကျန်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရာ စာရင်းဖြစ်ပြီး ၂၀၁၁ အထိ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားလုံးအချိန်မီ ပြန်လည် ပေးဆပ်နိုင်သော်လည်း ၂၀၁၂ ခုနှစ်မှ စတင်၍ တောင်သူအချို့မှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်မပေးဆပ်နိုင်ကြတော့ကြောင်း၊ ဘဏ်လုပ်ထုံးလုပ် နည်းအရ အကြေးအကျေ ပြန်ဆပ်မှ ချေးငွေထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်ပြီး တောင်သူနှင့် ဘဏ်နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ချေးငွေကို အချိန်မှန်ပြန်ဆပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ “၂၀၁၁ အထိ တောင်သူတွေက အကြွေးတွေ အကုန်လုံးပြန်ပေးနိုင်ပါတယ်။ ၂၀၁၁ ကစပြီး အကြွေးတွေ ရှိလာ ပါတယ်။ အဲဒီအထဲက တင်လာတဲ့ အကြွေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်တောင်းခံတဲ့အတွက် ကျပ် ၄၀ ဘီလီယံကျော် အထိပဲကျန်ပါတော့တယ်။ ၂၀၁၂ က အကြွေးတွေကို အခုထိ အကုန်မရသေးပါဘူ” ဟု ၎င်း က ပြောသည်။
ချေးငွေအများဆုံးပြန်လည် ပေးဆပ်ရန်အတွက် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ အများဆုံးပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး ယင်းတိုင်းများတွင် ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် စိုက်ပျိုးစရိတ် ချေးငွေပြန် မဆပ်နိုင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

Leave a Reply

Top