You are here
Home > Business News > ရေနစ်မြုပ်ခဲ့သော စိုက်ခင်းများကို ထောက်ပံ့ပေးမည်ဟုဆို

ရေနစ်မြုပ်ခဲ့သော စိုက်ခင်းများကို ထောက်ပံ့ပေးမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုများပြားခြင်းနှင့် မြစ်ရေကြီးခြင်းတို့ကြောင့် စိုက်ဧက ၁၆၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သော စိုက်ခင်းများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးမည်ဟု တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရေနှစ်မြုပ်ခဲ့သော စိုက်ခင်းများအားထောက်ပံ့ကူညီမှုများပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း၊ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက်မျိုးနှင့် ငွေကြေး ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ “မြစ်ရေကြီးလာတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတာတွေရှိတယ်။ ဒါတွေကို ထောက်ပံ့ဖို့ ပြည်ထောင်စု အစိုးရကို တင်ပြထားပါတယ်။ ဘယ်လောက်ရမယ်၊ ဘယ်လိုပေးရမယ်ဆိုတာကတော့ လောလောဆယ် အသေးစိတ် မသိရသေးပါဘူး။ ဒါပေမယ့် လိုအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကိုတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

Leave a Reply

Top