You are here
Home > Business News > ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရောင်းချမည့် အခန်းလျှောက်ထားရက်တိုးမြှင့်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရောင်းချမည့် အခန်းလျှောက်ထားရက်တိုးမြှင့်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုါ်ရေးဦးစီးဌာနမှ ဒုတိယအသုတ်ရောင်းမည်ဖြစ်သော တန်ဖိုးနည်းတိုက်ခန်း ရောင်းချမှုလျှောက်ထားရက်ကို ယခင်က ဇူလိုင် ၂၁ ရက်နေ့အထိ ခွင့်ပြုထားရာမှ ယခုလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယအသုတ်ရောင်းချမည့် တိုက်ခန်းများမှာ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းစက်မှုဇုန် အိမ်ရာစီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်းနှင့် နေပြည်တော်ရှိ ရွှေနံ့သာ အိမ်ရာစီမံကိန်းတို့မှ အခန်းအရေအတွက် ၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီသူများ အနေဖြင့် အခန်းဝယ်ယူရန် လျှောက်ထားနိုင် ကြောင်း သိရသည်။ “ပထမအသုတ်ရောင်းချမှုမှာ တန်ဖိုးနည်းတိုက်ခန်း ၀ယ်ယူသူ ၆၀၀ ကျော်ကို ရောင်းချခဲ့ ပါတယ်။ ဒုတိယ အသုတ်မှာတော့ တိုက်ခန်း ၁၀၀၀ ကျော်ကို ရောင်းချပေးသွားမှာပါ။ ဒုတိယအသုတ်လျှောက် ထားသူတွေထဲက အိမ်ရာဝယ်ယူခွင့်ရရှိတဲ့ စာရင်းကို ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲတွေမှာ ကြေညာပေးမှာပါ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Top