You are here
Home > Business News > သီရိလင်္ကာနိုင်ငံမှ ဆန်တန်ချိန် ၅၀၀၀၀၀ ၀ယ်ယူရန် ကမ်းလှမ်းထား

သီရိလင်္ကာနိုင်ငံမှ ဆန်တန်ချိန် ၅၀၀၀၀၀ ၀ယ်ယူရန် ကမ်းလှမ်းထား

သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံမရှိ ထွက်ရှိသော ပေါင်းဆန် ၂၀၀၀၀၀ နှင့် ဆန်ဖြူ ၃၀၀၀၀၀ စုစုပေါင်း တန်းမြင့်ဆန်တန်ချိန် ၅၀၀၀၀၀ ၀ယ်ယူရန် ကမ်းလှမ်းထားသည်ဟု မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။
သီရိလင်္ကာနိုင်ငံမှ မြန်မာ့ဆန်များကို ၀ယ်ယူရန် အစိုးရချင်းလက်မှတ်ရေးထိုးထားပြီး ဆန်တင်ပို့ရောင်းချနိုင်ရန်အတွက် သီရိလင်္ကာသံအမတ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့် တွေ့ဆုံမှုများကို ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဆန်တန်ချိန် ၅၀၀၀၀၀ လောက်လို့ ပြောထားပါတယ်။ ဈေးနှုန်းအနေနဲ့က လွန်ခဲ့တဲ့ ၂ လလောက်တုန်းက တစ်တန်ကို ဒေါ်လာ ၂၈၅ လို့ တင်ပြထားတယ်။ အဲဒီတုန်းက သူတို့အကြောင်းမပြန်ဘူး။ အခုပေါက်ဈေးကတစ်တန်ကို ဒေါ်လာ ၃၀၀ ကျော်နေပြီဖြစ်လို့ အရင်ဈေးနဲ့ ယူမယ်ဆိုရင်တော့ မရောင်းနိုင်ပါဘူး။ အခုလက်ရှိမှာတော့ ညှိနှိုင်းနေဆဲပဲ ရှိပါသေးတယ်” ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Leave a Reply

Top