You are here
Home > Business News > ပူတာအိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ပူတာအိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်ရှိ ပူတာအိုဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသိပညာများ ဖလှယ်နိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပူတာအိုဒေသတွင် အရှေ့တောင်အာရှဒေသများ၌မရှိသော ဆီးနှင်း ဖုံးလွှမ်းနေပြီး မီတာ ၃၀၀၀ ကျော်မြင့်မားသည့် တောင်များနှင့် တိုင်းရင်းသားများ၏ ရိုးရာလူနေမှုပုံစံများ၊ ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသဘာဝအရင်းအမြစ်များ ပေါကြွယ် ၀ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ “သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ သဘာဝတွေကို ထိန်းသိမ်းကာကွယ်ရေးနဲ့ ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်လို့ရတယ်ဆိုတဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဘောတရားအပေါ် အခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို ဆောင်ရွက်ရာမှာ ဘာအခက်အခဲတွေရှိတယ်၊ ဘာတွေပြုပြင် ဆောင်ရွက်ရမယ်ဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ကချင်းပြည်နယ်တွင် သဘာဝအခြေခံခရီးစဉ်ဒေသ ၄ ခုရှိပြီး ယင်းခရီးစဉ်ဒေသ ၄ ခုရှိပြီး ယင်းခရီးစဉ်များရေ ရှည်တည်တံ့ရန်နှင့် ပူတာအိုဒေသဖွံ့ဖြိုးရန် အသိပညာဖလှယ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

Leave a Reply

Top