You are here
Home > Business News > ခရီးသွားအချက်အလက်ဆိုင်ရာ ၀က်ဘ်ဆိုက်သစ်လွှင့်တင်

ခရီးသွားအချက်အလက်ဆိုင်ရာ ၀က်ဘ်ဆိုက်သစ်လွှင့်တင်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားဆိင်ရာသတင်းအချက်အလက်များကို ဘာသာစကား ၇ မျိုးဖြင့် ကြည့်ရှုနိုင်မည့် www.tourism.gov.mm ၀က်ဘ်ဆိုက်ကို ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ လွှင့်တင်ထားကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။
အဆိုပါ ၀က်ဘ်ဆိုက်ကိုနိုင်ငံတကာမှ ကြည့်ရှုနိုင်ရန်အတွက် ဘာသာစကားသစ်များ ထည့်သွင်းထားသည့်အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားဆိုင်ရာသတင်းအချက်အလက်များကို အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အရင်ဝက်ဘ်ဆိုက်က မြန်မာတစ်မျိုးတည်းဖြစ်တဲ့အတွက် ပြည်တွင်းလောက်ပဲဖတ်လို့ရပါတယ်။ အခုဝက်ဘ်ဆိုက်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လွှင့်တင်ပေးထားတဲ့အပြင် လာမယ့် စက်တင်ဘာလမှာဘာသာစကား ၇ မျိုးနဲ့ ကြည့်နိုင်အောင် တိုးချဲ့သွားမှာပါ။ အရင်ဝက်ဘ်ဆိုက်ကို org အနေနဲ့ လုပ်တာ ဖြစ်ပါတယ်။ အခုဝက်ဘ်ဆိုက်ကတော့ gov ဆိုပြီး ၀န်ကြီးဌာနရဲ့ ဂုဏ်ဒြပ်နဲ့ အညီ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top