You are here
Home > Uncategorized > ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၌ တိကျခိုင်မာသော ဥပဒေအချက်များ ပါဝင်ရန် မျှော်လင့်ဟုဆို

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်း၌ တိကျခိုင်မာသော ဥပဒေအချက်များ ပါဝင်ရန် မျှော်လင့်ဟုဆို

ကလေးသူငယ်ဆိုင်ရာ ဥပဒေမူကြမ်းတွင် ကလေးသူငယ်အခွင့်အရေးဥပဒေအချက်အလက်များအား ကောင်းစွာ ပါဝင်ရန် မျှော်လင့်ထားကြောင်း ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
ပြည်ထောင်စု လွှတ်တော်မှ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ကလေးသူငယ်ဆိုင်ရာ ဥပေးမူကြမ်းသည် ၁၉၉၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သော ကလေးသူငယ် ဥပဒေထက်ပိုမိုစုံလင်သောကဏ္ဍများ ပါဝင် သော်လည်း ကလေးသူငယ်ပါဝင်မှုအခွင့်အရေးနှင့် ပတ်သက်ပြီး တိတိကျကျဖော်ပြထားသော အချက်များမရှိ ကြောင်း၊ ကလေးသူငယ် အခွင့်အရေးအပေါ်လက်ခံမှုအားနည်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဥပဒေ တွေကိုကောင်းအောင် ကြိုးစားပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုမရှိရင် ဥပဒေ ဘယ်လောက် ကောင်းကောင်း အဆင်ပြေမှာမဟုတ်ပါဘူး။ ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ် မုဒိန်းမှုအတွက် ထောင်ဒဏ်အနှစ် ၂၀ မှ အများဆုံးထောင်ဒဏ်တစ်သက် အထိချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒီကိစ္စက အတော်ကိုဆိုးဝါးတဲ့ကိစ္စဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ချမှတ်ပေးဖို့ တင်ပြတောင်းဆိုထားပြီးသားပါ။ ဒါကိုထောက်ခံပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top